နိုင်ဝင်းဆွေ - မသိန်းရှင်ဆီပို့ပေးပါ (၁၉၇၁ ၊ ဧပြီလ ၊ ၂၈ )( စ-ဆုံး)

  Рет қаралды 30,982

May Thitsar Hsu Audiobooks

May Thitsar Hsu Audiobooks

Күн бұрын

" သူတို့နဲ့ စလိုက် စရောလဲနေရမှာပေါ့ကွယ်၊ ဘယ်လောက်အထိ နေရမယ်ဆိုတဲ့ အတိုင်းအတာတော့ ရှိရမှာပေါ့၊ သူ့စည်း ကိုယ့်စည်းရှိရမယ်၊ ဆက်ဆံရေးမှာ လိုအပ်တာလောက်တော့ လုပ်ပေါ့၊ ခုကိုယ်ပြောတာ သဝန်တိုလို့ ပြောနေတယ်များ မင်းတွေးနေသလား၊ အင်း.... သဝန်တိုတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ကွယ်၊ မင်းကို ကိုယ်ချစ်တာကိုး၊တနေ့ ကိုယ်အတည်ယူမဲ့ မိန်းကလေးကိုး၊ ကဲ ဒီအကြောင်းတွေပြောရတာ မောပါတယ်၊ ဒီပြင်အကြောင်းတွေပြောကြစို့ကွယ်၊နေ့တိုင်း ဒါချည့်ပြောနေရတာ မောပြီ "
--------------------------------------------------------------------------
ဆရာနိုင်ဝင်းဆွေကို အဘ ဦးဖိုးမြိုင် အမိ ဒေါ်ဖွားဆိုင်တို့မှ တောင်ငူအပိုင်၊ ကျွန်းကုန်းတိုက်နယ်၊ချင်းကုန်းကျေးရွာတွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးမောင်ကျော်ဖြစ်သည်။
၁၀ တန်းအောင်မြင်ပြီးနောက် မြန်မာ့မီးရထားဌာန၊ ညောင်လေးပင်ဘူတာ၌ ဝင်ရောက်အမှုထမ်းခဲ့သည်။
ထင်ရှားသောစာအုပ်များမှာ မဟူရာမေတ္တာ၊ မသိန်းရှင်ဆီပို့ပေးပါ၊ နွေတစ်ည၊ ရေဆန်လမ်း စသည့်စာအုပ်များ ဖြစ်လေသည်။
သူ့၏စာပေလက်ရာများမှာ ၁၉၇၅ခုနှစ်နှောင်းပိုင်းတွင် အဆက်ပြတ်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ရပ်ဝေးတနေရာ၌ ကွယ်လွန်ခဲ့သည်ကို သတင်းရရှိခဲ့ပါသည် ။
#နိုင်ဝင်းဆွေ
#မသိန်းရှင်ဆီပို့ပေးပါ

Пікірлер: 115
Nastya and balloon challenge
00:23
Nastya
Рет қаралды 15 МЛН