Рет қаралды 168,577
ဒီနေ့တော့ ဒေါ်ပယင်းအကြိုက် ပန်းကန်ဆေးစရာမလိုတဲ့ ဖက်ထမင်းလေးချက်ကျွေးဖြစ်တယ်ရှင် ပယင်းလေးက မြိုင်တို့ငယ်ငယ်ကအတိုင်းပဲ တခုခုစုစားပြီဆို “နောက်ဆုံးကျန်တဲ့သူ ပန်းကန်ဆေး”လို့လဲပြောရော လက်ထဲအစားအစာတွေဆုပ်ပြီး တခြားနေရာသွားစားတော့တာပဲ ပြီးတော့ရှိသေးတယ် “စားနေရင်းနဲ့ မစားချင်တော့ဘူးတို့ ဘာတို့” ပန်းကန်ဆေးရမှာ အလွန်ပျင်း တခါတလေ ဆူပုတ်ပြီး “မီးမီးမှ ဘေစင်မမှီတာ”လို့ပြောသေးတာနော် ဒီနေ့ကဧည့်သည်တွေလည်းရှိတော့ ပုစွန်တုတ်အကြီးကြီးတွေမှာ ဆီပြန်လေးချက်ပြီး ချဉ်ပေါင်ကြော်လေးရယ် ငရုတ်သီးကြော်လေးနဲ့ ဖက်ထမင်းချက်ဖြစ်တယ်။ ပုစွန်ကလည်း စျေးကြီးလိုက်တာ။ တခါတလေမှချက်စားဖြစ်တာဆိုတော့ စိတ်ဒုန်းဒုန်းချ ချက်လိုက်တာ စားလို့ကောင်းချက်။ လောက်တောင်မလောက်ဘူးဖက်နံ့သင်းသင်းလေးနဲ့ စားလို့ကောင်းတယ်။