Рет қаралды 253
ပါးစပ်ဟနေတဲ့ ဖိနပ်တရံ
နေဝင်တော့မယ်
ရင်ထဲမှာ ဟာ လို့
လက်ကျန် နေရောင်အောက် မှာ
ခါတိုင်းလို လျှောက်လာရင်း
ရောင်းပစ်ခဲ့တဲ့ စာအုပ်တွေ
ပလပ်ဖောင်းပေါ်မှာတွေ့လို့ ပြန်လှန်ကြည့်
ငါ့လက်မှတ်က အမာရွတ်တစ်ခုလိုရှိဆဲပဲ။
စဉ်းစားမိတယ်
ကမ္ဘာကကျဉ်းကျဉ်း
မျဉ်းတွေက မာမာ
အရောင်တွေက ဖျော့ဖျော့
ကိုယ်ဖော့နေခဲ့တာ ဘယ်လောက်ကြာပီလည်း
သက်တမ်းရဲ့တစ်ဝက်လား
ရာစုရဲ့သုံးပုံတစ်ပုံလား
မထင်တာတွေအကုန်ဖြစ်
လောကကြီးကလည်း
အဝတ်အစားအသစ်လဲလို့
လူတွေကလည်း
ခေတ်ဆိုတာကြီးကို ထမ်းပိုးလို့
ဒီလိုနဲ့ တစ်မိုးသစ်ပြန်ပီ
မြစ်ရေတွေ လျှံဦးမလား
လေပြင်းတွေ ထန်ဦးမလား
ဟေ့ာ ဒီ ကမ်းစပ်က
ခြေတံရှည်အိမ်ကလေးဟာ
မိသားစုတစ်စုရဲ့
နောက်ဆုံးခံတပ်ဖြစ်ပါတယ်။
ဆည်းဆာ
ကျယ်ပြန့်သထက် ကျယ်ပြန့်
အမှောင်စတွေ ဖြန့်ခင်း
လမ်းမီးတွေအထိတ်တလန့်လင်းလာ
စားသောက်ဆိုင်တွေမှာ ဆူညံကြ
ဆာဆာလောင်လောင်နဲ့ ကားစောင့်ကြ
တစ်ချို့လည်း ချစ်သူနဲ့ လမ်းခွဲကြ။
ရပ်ကွက်တွေကလည်း
ငါးစိမ်သည်မ စီက
ငွေစက္ကူလို
နွမ်းဖတ် ပေရေ ရှိနေဆဲ
ဖန်တရာတေနေတဲ့
လောကဇာတ်ခုံပေါ်မှာ
ဘာကိုယုံရမလည်း...
ရန်ကုန်မြို့ကြီးရေ
ဒီလိုနဲ့ပဲ ယောင်ပေ ယောင်ပေ နဲ့
မင်းလက်ပေါ်မှာ
သူငယ်ချင်းတစ်ချို့လည်းပျောက်ဆုံးခဲ့ပါတယ်။
#လှသန်း
#poems
#ကဗျာရသ
#Poems #Poetry #SimerjeetSingh #Motivation #MotivationalPoem #MotivationalPoetry #MyanmarPoems