No video

People's Spring | မန္တ​လေးတိုင်းမှာ PDF ​တွေပထမဆုံးသိမ်းပိုက်ခဲ့တဲ့ မြို့

  Рет қаралды 15,019

People's Spring

People's Spring

Күн бұрын

People's Spring | မန္တ​လေးတိုင်းမှာ PDF ​တွေပထမဆုံးသိမ်းပိုက်ခဲ့တဲ့ မြို့
​ဇေ​အောင် / People's Spring
PDF ​တွေက မန္တ​လေးတိုင်းမှာ ပထမဆုံးမြို့တစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့အ​ကြောင်း ဒီတစ်ပါတ် ​ပြောပြပါမယ် ။
၁၀၂၇ စစ်ဆင်ရေး ၊ ဒုတိယပိုင်းနဲ့ ရှမ်းမန်းစစ်ဆင်​ရေးအဖြစ် မန္တလေးတိုင်း၊ စဥ့်ကူးမြို့အပါအဝင် စဥ့်ကူးတနယ်လုံးမှာရှိတဲ့ စစ်ကောင်စီစခန်းအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကဇူလိုင် ၁၇ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ​ကြောင့် စဥ့်ကူးမြို့ဟာ မန္တလေးတိုင်းရဲ့ ပထမဆုံးသော PDF တွေသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တစ်မြို့အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။
စဥ့်ကူးမြို့နယ်မှာ ၂၀၁၇ လူဦး​ရေ.စာရင်းအရ ပြည်သူတစ်သိန်းခွဲ​ကျော်​နေထိုင်ပါတယ် ။ ရပ်ကွက် ၂ မြို့ရှိတဲ့ စဥ့်ကူးမြို့​ပေါ်မှာ လူဦး​ရေ ၇၁၀၀ ​​ကျော်​နေထိုင်ပြီး​တော့ ကျန်လူဦး​ရေ တစ်သိန်း ​လေး​သောင်း​ကျော်က ​ကျေးရွာ​အုပ်စုပေါင်း ၃၇ ခုမှာ​နေထိုင်ကြတာပါ။
​စဥ့်ကူးမြို့​တောင်ဘက်မှာ မတ္တရာမြို့ ၊ပုသိမ်ကြီးမြို့နဲ့ မန္တ​လေးမြို့ ၊​မြောက်ဘက်မှာ သပိတ်ကျင်းမြို့ ၊ အ​ရှေ့​မြောက်ဘက်မှာ မိုးကုတ်မြို့ ၊ အ​နောက်ဘက်မှာ ​ရွှေဘို မြို့ နဲ့ ဝက်လက်မြို့ ၊ အ​ရှေ့ဘက်မှာ ​နောင်ချို နဲ့ သီ​ပေါ မြို့နယ်တို့ရှိပါတယ် ။ စဥ့်ကူးမြို့ နဲ့ လူဦး​ရေ တစ်သန်း​ကျော်​နေထိုင်တဲ့ အထက်မြန်မာပြည်မြို့​တော် မန္တ​လေး မြို့​တော်ဟာ ၅၇ မိုင်ခန့်သာကွာ​​ဝေးပါတယ် ။ ဒါ​ကြောင့် စဥ့်ကူးမြို့နယ်ကို ​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ၊ မတ္တရာမြို့ နယ်ကစစ်တပ်စခန်း​တွေ ကိုဆက်တိုက် ထိုးစစ်ဆင်သိမ်းပိုက်​နေတာ စစ်​ကောင်စီရဲ့ အဓိက အာဏာ ဗဟိုချက်​ဒေသတစ်ခုဖြစ် မန္တ​လေးမြို့ကို စစ်​ရေးအရ အကြီးအကျယ် ခြိမ်း​ခြောက် လိုက်တာဖြစ်ပါတယ် ။
စဥ့်ကူးမြို့နယ် ဟာ စိုက်ပျိုး​ရေး လုပ်ငန်းကို အဓိကလုပ်ကိုင်သလို ​ရွှေထွက်တဲ့ ​ဒေသ​တွေရှိတာ​ကြောင့်​ရွှေတူး​ဖော်​ရေးလုပ်ငန်းကိုလည်း အဓိကလုပ်ကိုင်ကြပါတယ် ။
ဇွန် ၂၅ ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်းနဲ့ ရှမ်းမန်း စစ်ဆင်​ရေး မှာ TNLA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေဟာ ရှမ်းပြည်နယ်​မြောက်ပိုင်းက မသိမ်းရတဲ့လက်ကျန်မြို့​တွေကိုထိုးစစ်ဆင်ခဲ့သလို မန္တ​လေး PDF ကလည်းတစ်ချိန်တည်းမှာ မတ္တရာနဲ့ စဥ်ကူးမြို့နယ်က စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်ခဲ့ပါတယ် ။ တကယ်​တော့ မန္တ​လေး PDF က စဥ့်ကူးမြို့နယ်က စစ်တပ်စခန်း​တွေကို ဇွန် ၂၅ ရက်မတိုင်ခင်ကတည်းက ​ခြေသံလုံလုံနဲ့ ထိုးစစ်ဆင်သိမ်ပိုက်​ခဲ့တာဖြစ်ပါတယ် ။
တရားဝင် ထုတ်ပြန်အသိ​ပေးတာကို​တော့ ဇူလိုင် လဆန်းမှ လုပ်ခဲ့တာပါ။ စဥ့်ကူးမြို့နယ် အတွင်းက ဒိုးနွယ်ရွာ တပ်စခန်း ၊ နမ့်ဟပ်ရွာ တပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း ၊ ရွှေမာလဲစေတီ တပ်စခန်း ၊ ရွာတော်လေး တပ်စခန်းနဲ့ နွယ်ရုံ ရဲစခန်းစတဲ့ တပ်စခန်း ၆ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ ပူးပေါင်းတပ်တွေက ဇူလိုင်၃ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စတင်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် ထိုးစစ်ဆင်တာကို ဆက်လက်အရှိန်မြှင့်ခဲ့ပြီး ဇူလိုင်လ (၈)ရက်နေ့မှာ ရွှေပြည် ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်းနဲ့ ပင်လယ်ကြီး တပ်စခန်းတွေကိုပါ မန္တလေးPDFက ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေဟာ စဥ့်ကူးမြို့ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီကလည်း လေကြောင်းပစ်ကူတွေပါ သုံးပြီး တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ ​စဥ့်ကူးရဲ့ မြစ်တဘက်ကမ်းမှာရှိတဲ့ ကျောက်မြောင်းတပ်နဲ့ မခေါက်ရွာဘက်ကနေလည်း လက်နက်ကြီးတွေထုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့လက်နက်ကြီးတွေကျလို့ ကျောက်မြောင်းနယ်က ကျေးရွာတွေပါ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီက လေကြောင်းပစ်တဲ့အချိန် မြို့ပေါ်မှာရှိတဲ့ရဲစခန်းကရဲတွေဟာ အချုပ်သားတွေကိုသော့ခတ်ပြီး မြစ်တဖက်ကမ်း ရွှေဘိုဘက်ခြမ်းကို ပြေးသွားခဲ့ကြပါတယ်။
"လေယာဉ်တွေ ဒုံးတွေနဲ့ဗုံးကျဲတယ်။ကျွန်မတို့အသက်ကို ကျွန်မ မန်နေဂျာနဲ့အဖွဲ့အစည်းတချို့က ပစ်ခတ်မှုကြားကနေအချုပ်ခန်းသော့ကိုရိုက်ဖျက်ပြီး လာကယ်ပေးခဲ့ပါတယ်။"လို့ စဥ့်ကူးရဲစခန်းအချုပ်ကနေလွတ်မြောက်ခဲ့တဲ့ အဆိုတော်တသသက လူမှုကွန်ရက်မှာ ရေးသားပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေလည်း ရွှေဘိုဘက်နဲ့ မန္တလေးဘက်ကို ထွက်ပြေးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းနဲ့အပြင်းအထန်တိုက်ခိုက်ခဲ့ပေမယ့် ဇူလိုင် ၁၇ ရက်နေ့မှာတော့ စဥ့်ကူးမြို့အပါအဝင် စဥ့်ကူးတနယ်လုံးမှာရှိတဲ့စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဇူလိုင် ၂၀ ရက်မှာ မန္တလေး PDFက ထုတ်ပြန်ခဲ့ပါတယ်။
မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူတဲ့ မြို့အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အသိပေးပါတယ်။
စဉ့်ကူးစစ်ဆင်ရေးတွေထဲမှာပဲ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် ဗိုလ်ကြီးတွေ၊ တပ်သားတွေနဲ့ ပျူစောထီးတွေ စုစုပေါင်း တစ်ရာကျော် ဖမ်းဆီးရမိထားတယ်လို့ မန္တလေး PDF ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
လက်နက်ချ အလင်းဝင်တဲ့ ပသစ(ပျူစောထီး)တပ်ဖွဲ့များလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လေကြောင်းနဲ့ ချပေးခဲ့တဲ့ လက်နက်ခဲယမ်းအထုပ်များအပါအဝင် အခြား လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါသေးတယ်။
စဉ့်ကူးစစ်ဆင်ရေးတွေမှာ လက်နက်မျိုးစုံနဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပါသေးတယ်။ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းများ၊ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ၊ အသေတွေ့ရတဲ့ စစ်အုပ်စုဝင်များ စတာတွေရဲ့ အရေအတွက်တွေဟာ များပြားလွန်း​တဲ့အတွက် မန္တလေး PDFကစာရင်းချုပ် မထုတ်ပြန်နိုင်သေးပါဘူး။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring

Пікірлер: 17
@Ashindama-q1f
@Ashindama-q1f 20 күн бұрын
မင်္ဂလာပါ ဂျာမုန်း သတင်းကြေငြာတာ အရမ်းသဘောကျတယ်
@sansansoe8563
@sansansoe8563 Ай бұрын
မင်္ဂလာပါသမီးလေးဂျောင်မုန်း အဖွဲ့သားများကျန်းမာချမ်းသာဘေးရန်ကွာကောင်းကျိုးမှန်သမျှပြည့်ကြပါစေ
@mrmin5460
@mrmin5460 Ай бұрын
မဂ်လာပါ ဂျာမိုး
@MaMa-up7lz
@MaMa-up7lz Ай бұрын
သူရဲကောင်းလေးတွေဘေးကင်းကြပါစေ 🙏🙏🙏🙏🙏
@kokhin501
@kokhin501 Ай бұрын
မင်္ဂလာပါ ချစ်ညီမ ဂျာ ( အရုပ်လေး ) 💖💖💖💖💖💖💖💖
@ZawWin-x9q
@ZawWin-x9q Ай бұрын
ဂျာလေးချိတယ်နော်..ကျန်းမာအောင်နေပါ❤❤❤❤❤❤❤❤❤❤❤❤❤
@zawzaw-pt9sq
@zawzaw-pt9sq Ай бұрын
မင်္ဂလာပါ ချစ် ညီမ ဂျာ 💖💖💖💖💖💖💖💖
@dawmya1541
@dawmya1541 Ай бұрын
PDFအလံကိုနေပြည်တော်မှာမြင်ချင်ပြီ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
@YinMonAung-pm8mm
@YinMonAung-pm8mm Ай бұрын
မင်္ဂလာပါ ဘေးရန်ကင်းဝေးပါစေ
@user-ix1io6ej5d
@user-ix1io6ej5d Ай бұрын
မဂ်လာပါ
@eimyatkyalsin1839
@eimyatkyalsin1839 Ай бұрын
ချစ်စရာမမဂျာမုန်းလေး၊ကျန်းမာရေးဂရုစိုက်ပါရှင့်၊ညီမတို့ထားဝယ်မှာမိုးများလို့ညီမတို့လှုပ်ရှားချင်သလိုလှုပ်ရှားမရဖြစ်နေတော့အခြေအနေစောင့်ကြည့်နေရတယ်ရှင့်၊မမဂျာမုန်းကိုညီမသိပ်ချစ်တယ်နော်ယောင်းမလေးရေ😊အတည်ပြောတာပါရှင့်Tasaw ra ai🌷🌹🥀🚩
@user-os6fn4un2o
@user-os6fn4un2o Ай бұрын
🎉🎉🎉🎉🎉❤❤
@FhGu-xm8um
@FhGu-xm8um Ай бұрын
❤💙💜💛💚👏👍💪🙏
@uthiha8491
@uthiha8491 Ай бұрын
🎉❤😂😅😊
@user-ev5nu6vi5r
@user-ev5nu6vi5r Ай бұрын
တော်လှန်ရေးပီးတဲ့ခါ စဉ့်ကူးမြို့ မှာအမွန်းတပွဲလောက်ကပြပါနော❤😂
@5v-wz1io
@5v-wz1io Ай бұрын
မဂ်လာပါမမဂျာမုန်းရေ❤❤အမောပြေပါဗျာ❤
| People's Spring
6:10
People's Spring
Рет қаралды 19 М.
小丑和白天使的比试。#天使 #小丑 #超人不会飞
00:51
超人不会飞
Рет қаралды 33 МЛН
هذه الحلوى قد تقتلني 😱🍬
00:22
Cool Tool SHORTS Arabic
Рет қаралды 91 МЛН
ابعاد عملیات
19:25
Jedaal Farsi
Рет қаралды 10 М.
ညနေခင်းသတင်း/ People's Spring
7:12
People's Spring
Рет қаралды 26 М.