#poem

  Рет қаралды 1,672

Reader For You - ၅/အညာသား

Reader For You - ၅/အညာသား

Күн бұрын

ချေဂွေဗားရား(၁)
----------------------------
လူတိုင်းသေရမယ်ဆိုတာသိပြီးသားမို့
ဘာဆန်းလို့တုန်း
ဘယ်လိုသေရမလဲဆိုတာသာ ဆန်းရတယ်။
မင်းတို့ငါ့ကိုသတ်ပစ်မယ်ဆိုတာ
တော်လှန်ရေးမစခင်ကတည်းက ငါသိခဲ့တာပဲ။
လူဆိုတာ ကျည်ဆန်နဲ့မသေလည်း
နောက်တစ်နည်းနဲ့သေချာပေါက် သေရမှာ သေချာ။
ဥပမာ
ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတုန်း
ခေါင်းပေါ်ပန်းအိုးတအိုး ပြုတ်ကျလာပြီး
သွေးအိုင်ထဲ နှင်းဆီတွေ ပွင့်ထွက်သွားသလိုပေါ့။
ဥပမာ
ပင်လယ်ရဲ့ ညနေဆည်းဆာကိုထိုင်မျှားနေရင်း
ဧရာမလှိုင်းလုံးကြီးရဲ့
ခုန်အုပ်စားသောက်ခြင်းကိုခံလိုက်ရတဲ့ လူအုပ်ကြီးလိုပေါ့။
ဥပမာ
ဒဏ်ခတ်ခံထားရတဲ့ဒဏ်ရာတွေ
ဒဏ်ခံကြိုးတစ်ချောင်းဆီကပြတ်ထွက်
ညဘက် ဒေတာတစ်ခုလုံး
နံရံတစ်ခုထဲပြေးဝင် ပြဲထွက်သွားသလိုပေါ့။
ရပါတယ်။
မရတာက
ခင်းဗျားတို့ဘက်ကအော်သံတွေက
ကျုပ်လက်ထဲကဆေးထိုးအပ်ကို လွတ်ကျစေခဲ့တာပဲ။
ဒါကြောင့်
ကြံခင်းတွေထဲမှာ ဆေးပြင်းလိပ်ကြီးခဲပြီး
အရုဏ်ဦးကိုဆွဲဖွင့်နေသူ ကိုယ့်လူကြီးဆီကျုပ်သွားခဲ့ရတာပေါ့။
လူဆိုတာ လူကိုကာကွယ်ရမယ်။
ဒီ့အတွက် ကျုပ်မှာ နိုင်ငံမရှိ။
ဒီ့အတွက် ကျုပ်မှာသက်သေခံအထောက်အထား
အိမ်ထောင်စုဇယားမရှိ။
ဒီ့အတွက် ကျုပ်မှာ ကျုပ်မရှိ။
ဒီ့နောက်မှာ ကျုပ်ဦးထုပ်
ခင်ဗျားတို့ခေါင်းပေါ်ရောက်နေမှာကို ကျုပ်မသိ။
ဒီ့နောက်မှာ ကျုပ်အလောင်း
ခင်ဗျားတို့ပြတိုက်ထဲရောက်သွားမှာကို ကျုပ်မသိ။
ဒီ့နောက်မှာ ဒီနာမည် ဟာ
တော်လှန်ရေးရဲ့သင်္ကေတတစ်ခု
ဖြစ်သွားမှာကို ကျုပ်မသိ။
လူငယ်တို့
အရေပြားပေါ် ကျုပ်အရုပ်ကို လှီးထည့်ထားရုံနဲ့
တော်လှန်ရေးကအဆုံးမသတ်နိုင်ဘူး။
မတရားမှုဟာ
တချက်ခြင်းသွားနေတဲ့ နာရီတလုံးထဲက စက္ကန့်တံတချောင်းလိုပဲ
အကြီးမားဆုံးခရီးသွားတဦးအဖြစ် ကမ္ဘာထဲ ဆက် သွာနေလိမ့်ဦးမယ်။
သတိမရှိရင် သေမယ်။
သတိရှိရင် ရှင်မယ်။ သတိရှိကြ။
ကျုပ်ဇနီး အလိုင်ဒါ ကိုလည်းပြောလိုက်
ကလေးတွေကို ပညာတတ်အောင်သင်
သူလည်း နောက်အိမ်ထောင်ပြုလိုက်လို့။
ကဲ တချက်တည်းနဲ့ကြွင်းဝင်အောင် စိမ်တတ်သူကြီးတို့
တချက်တည်းနဲ့ ငါ့ကိုရအောင်ယူလိုက်တော့။
အဲ့ဒီလို ကျုပ်သူတို့ကို အော်ပြောလိုက်တဲ့ အသံဟာ
ခင်ဗျားတို့ရှေ့မှာ ဒီနေ့အထိ
ပြန့်ကျဲ နေဆဲလေ၊ မဟုတ်ဘူးလား သေနတ်သံတွေအဖြစ်နဲ့။ ။
#ခရမ်းပြာထက်လူ

Пікірлер: 1
@thihathiha7072
@thihathiha7072 7 ай бұрын
👍👍👍👍👍
He bought this so I can drive too🥹😭 #tiktok #elsarca
00:22
Elsa Arca
Рет қаралды 59 МЛН
Magic or …? 😱 reveal video on profile 🫢
00:14
Andrey Grechka
Рет қаралды 87 МЛН
Electric Flying Bird with Hanging Wire Automatic for Ceiling Parrot
00:15
ကဗျာ မမလာနားလှိုင်သာယာရောက်ဖူးလား -ဆစ်ခ်
4:04
Art Rebel - အနုပညာသူပုန်
Рет қаралды 21 М.
ရာမွန်သို့ပြန်စာ - ကေဇဝင်း
3:44