Рет қаралды 330
ကမ္ဘာပေါ်တွင် အိပ်ချိန်အနည်းဆုံးလိုအပ်သော တိရစ္ဆာန်များ
လူတွေမှာ တစ်နေ့ ၈ နာရီအိပ်သင့်တယ်ဆိုဗေမယ့် အချို့တိရစ္ဆာန်တွေမှာတော့ အိပ်စက်ဖို့မလိုဘဲအသက်ရှင်နေနိုင်ပါတယ်။ အိပ်ချိန်အနည်းဆုံးလိုအပ်တဲ့ တိရစ္ဆာန်တွေကဘာတွေဖြစ်မလဲ?
Bullfrog - Bullfrogဖားတွေမှာ အလွန်ပုံမှန်မကျတဲ့ အိပ်စက်ခြင်းအလေ့အထကြောင့် လူသိများသည်။ အထူးသဖြင့် အခြားတိရစ္ဆာန်များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် အချိန်အတော်ကြာ မအိပ်ဘဲနေနိုင်သည်ကို တွေ့ရသည်။ ၎င်းတို့သည် နှစ်ခြိုက်စွာအိပ်စက်ခြင်းထက် အနားယူခြင်းသာလုပ်တက်ကြပြီး အိပ်စက်မှုအနည်းဆုံး တိရစ္ဆာန်များထဲမှ တစ်မျိုးဖြစ်သည်။
သစ်ကုလားအုတ်များ- သစ်ကုလားအုတ်များသည် ယေဘုယျအားဖြင့် တစ်နေ့လျှင် စုစုပေါင်း ၄ နာရီမှ ၅ နာရီအထိ အနားယူကြပြီး များသောအားဖြင့် မိနစ်အနည်းငယ်မျှသာ ခဏတာ တစ်ရေးတစ်မော အနားယူကြသည်။ ၎င်းတို့သည် သားရဲကောင်များအတွက် အမြဲသတိရှိနေတက်တာကြောင့် အိပ်ချိန်ကို အကန့်အသတ်တစ်ခုလိုဖြစ်နေစေပါသည်။
ဆင်- တောဆင်များသည် တစ်နေ့လျှင် ၂ နာရီမှ ၄ နာရီအထိသာ အိပ်လေ့ရှိသည်။ ၎င်းတို့၏အချိန်အများစုကို အိပ်စက်ခြင်းထက် အစာရှာဖွေရန် မြှုပ်နှံထားပြီး ဖြစ်နိုင်ခြေအန္တရာယ်များအတွက် သတိထားဖို့နေရာတွေမှာသာ အချိန်ပေးတက်ကြသည်။
Alpine Swift - ဤငှက်သည် မြေပေါ်သို့ဆင်းသက်ခြင်းမရှိဘဲ ရက်ပေါ င်း 200 အထိ ကောင်းကင်ပေါ် ပျံသန်းနေနိုင်ပြီး ပျံနေရင်းနဲ့ အချိန်အနည်းငယ်သာ အိပ်စက်တက်ကြသည်။ ၎င်းသည် ပျံသန်းစဉ် ခဏတာသာ တစ်ရေးတစ်မောအိပ်တက်ကြပြီး လုံးဝအိပ်မောကြသွားတာမျိုးမရှိပါ။
သိုး- သိုးသည် တစ်နေ့လျှင် ၄ နာရီခန့် အိပ်သည်။ အပင်စား တိရစ္ဆာန်အများစုကဲ့သို့ပင် ၎င်းတို့သည်လည်း သားကောင်များရန်ကို အမြဲသတိရှိနေကြရတာကြောင့် အိပ်ချိန်ကို အကန့်အသတ်တစ်ခုလိုဖြစ်နေစေပါသည်။
ငါးမန်း- ငါးမန်းများသည် အောက်ဆီဂျင်ရရှိရန် အဆက်မပြတ်လုပ်ဆောင်နေရသောကြောင့် ပုံသေအိပ်ချိန်ဇယားမရှိပါ။ ငါးမန်းတစ်ကောင်က တစ်နေ့ ဘယ်နှစ်နာရီ အိပ်သလဲဆိုတဲ့ မေးခွန်းကို ဖြေရတာ ခက်ပါတယ်။
#popolayဗဟုသုတ #knowledgesharing
-----------------------------------
😏ဘယ်လို အစီအစဉ်နဲ့ ဘယ်လို စိတ်ဝင်စားစရာ အကြောင်းတွေ တင်ပြလာမှာလဲ ဆိုတာကိုတော့ ပရိတ်သတ်တို့နဲ့အတူ စောင့်မျှော်ရင်း Popolay Facebook page, KZbin channel, Tiktok တွေကို like, share & follow လုပ်ထားပေးဖို့ မမေ့နဲ့နော်။
📍Popolay KZbin: / @popolaytv
📍Popolay Tiktok: / popolay_official
📍Popolay Facebook: / popolaytv