Promotion ပွဲတွေထိရောက်ဖို့ ဘယ်လို Plan ချသင့်လဲ?

  Рет қаралды 46

Alex Khine

Alex Khine

Күн бұрын

Q: Real Estate Agency ကနေပြီးတော့ Construction Project တစ်ခုကို Promotion ပွဲလုပ်တဲ့အခါမှာ ပွဲကိုစိတ်ဝင်စားပြီး လူလာချင်အောင်လုပ်ဖို့အတွက် နာမည်ကြီး cele တွေခေါ်ပြီး video နဲ့ဆွဲဆောင်တာ ပိုထိရောက်တာလား၊ content ကောင်းကောင်းနဲ့ video ကပိုထိရောက်လား၊ ဘယ်လိုလုပ်ရင်ပိုထိရောက်လဲ အစ်ကို့အမြင်လေး Share ပေးပါဦးဗျ။
A: ကျွန်တော့်အမြင်ကတော့ အမြဲတမ်း Target Audience ကိုပြန်ပြီးကြည့်တယ်ပေါ့နော်။ ကျွန်တော်တို့ဒီဖက် Level UP မှာလည်း ဆွဲတဲ့ဘယ်လိုခေါ်မလဲ Marketing Strategy ဆွဲတယ်ဆိုလို့ရှိရင်က ကျွန်တော်တို့က Consumer first approach နဲ့ ကျွန်တော်တို့ ပထမဆုံးစဉ်းစားတယ်ဆိုလို့ရှိရင် ကျွန်တော် ဘယ် Brand လည်းတောင်မစဉ်းစားဘူး။ ကျွန်တော်ဘယ်သူ့ကိုသွားမှာလဲဆိုတဲ့ဟာမျိုး အရင်ဆုံးစစဉ်းစားတယ်။ ဆိုတော့ ဘယ်သူ့ကိုသွားမှာလဲဆိုတဲ့ဟာမျိုး စဉ်းစားမိတယ်ဆိုလို့ရှိရင် ကျွန်တော်တို့က Customer Journey ကိုစဆွဲ လို့ရတယ်။ အဲတော့ ဒီ Audience insights ပေါ့နော်..ကျွန်တော်တို့ လူတွေကနေပြီးတော့မှ အခုဒီဟာအကြောင်းပြောမယ်ဆိုရင် Real estate အကြောင်းပြောမယ်ဆိုရင် Real estate သည် high ticket items တွေများတယ်။ High ticket items ဆိုတာက ကျွန်တော်တို့ကဗျာ.. ဥပမာ- ဘယ်လိုခေါ်မလဲ အနီးနားဘာရှိလဲ ကျွန်တော်တို့ Dasani လိုမျိုးရေဘူး ဒါမှမဟုတ်လို့ရှိရင် ကျွန်တော်တို့ Mega က Nat C လိုမျိုး ဆေးလိုမျိုး သွားပြီးဝယ်လို့ရတဲ့ ဟာမျိုးမဟုတ်ဘူးပေါ့လေ။ ဆိုတော့ကျတော့ ကျွန်တော်တို့က ဘာလုပ်ရလဲဆိုတော့ သူတို့ကို အရင်ဆုံးယုံကြည်လာအောင် ကျွန်တော်တို့က သွားရတယ်။ အဲတော့ trustworthiness game တစ်ခုကို ကျွန်တော်တို့ play တဲ့အချိန်မှာ ကျွန်တော်အမြဲတမ်းလည်း ပြောခဲ့သလိုပေါ့လေ..ကျွန်တော်တို့က သူတို့ယုံကြည်တဲ့ လူတွေဖက်ကနေလှည့်ပြီး ကစားရတယ်။ အဲတော့ လှည့်ပြီး ကစားဆိုတဲ့နေရာမှာ နှစ်ပိုင်းရှိတယ်။ ဒီမှာရေးထားတာက ပွဲကိုစိတ်ဝင်စားပြီးတော့တဲ့ လူလာချင်အောင်လုပ်ဖို့ နာမည်ကြီး cele တွေကိုခေါ်ပြီးတော့ video နဲ့ဆွဲဆောင်တာထိရောက်လား၊ content ကောင်းကောင်းနဲ့ video ကပိုပြီးထိရောက်လားလို့မေးတယ်။ အဲမှာ..လက်ရှိ..ဒီနေ့ပေါ့နော် ကျွန်တော်တို့ ဒီနေ့က 11th June, 2023 အခြေအနေထိက ဘာကိုကျွန်တော်မြင်လည်းဆိုတော့ လူတွေနဲ့သွားတယ်ဆိုလို့ရှိရင်က..Celebrity လို့လည်းကျွန်တော်မပြောဘူး။ ဒါပေမယ့် လူတွေနဲ့ သွားတဲ့ marketing တွေ၊ နည်းနည်းလေး risk ရှိတယ်။ ဒါက ဘယ်သူမှ ငြင်းလို့မရတဲ့ ကိစ္စပေါ့လေ။ ဆိုတော့ နည်းနည်း risk ရှိတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ကတော့ သူ့တို့ရဲ့ ဘယ်လိုခေါ်မလဲ…ဥပမာဗျာ..ကျွန်တော်တို့ Marketing funnel တစ်ခုဆွဲချလိုက်တယ်ဆိုလို့ရှိရင် Top funnel..အကုန်လုံးက ကျွန်တော်တို့ ဘယ်ကသွားလို့ရလဲ ဆိုတော့ အဲဒီ Celebrities တွေ၊ Boost လုပ်တဲ့ဟာတွေဘာတွေကနေပြီးတော့ ကျွန်တော်တို့ Awareness အနေနဲ့သွားလို့ရတယ်ပေါ့နော်။ အဲတော့ Second level မှာ သူတို့စိတ်ဝင်စားလာတဲ့ အခြေအနေတစ်ခု ဖြစ်လာအောင်ကျတော့ ကျွန်တော်တို့က again ဒီ contents ပုံစံမျိုးတွေ run ပေးရတဲ့ဟာမျိုးတွေရှိတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ again..testimonials တွေ၊ ဘာလို့လဲဆိုတော့ Celebrities တွေနဲ့ run လိုက်လို့ ကြော်ငြာတွေထည့်လိုက်လို့ လာတဲ့ပုံစံက Awareness တစ်ခုအနေနဲ့ပဲ ကျွန်တော်တို့က စိတ်ဝင်စားကြတာပါ။ အိုကေ..ဒီအိမ်ရာတော့ ဖွင့်တော့မယ်ပေါ့လေ..သိတယ်မလား..ဒီအိမ်ရာတော့ လုပ်တော့မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ လာကြတာ။ ဒါပေမယ့် ကိုယ့်ရဲ့ target audience က တကယ်ကို respect ရှိတဲ့..ဥပမာဗျာ ကျွန်တော်သာ အိမ်ဝယ်မယ်ဆိုလို့ရှိရင် ကျွန်တော် respect ရှိတဲ့ အစ်ကိုတွေအစ်မတွေရှိတယ်။ Example..ကျွန်တော့် Samsung က အစ်ကို ကိုဇာနည်တို့လိုမျိုး သိတယ်မလား သူတွေက..ကျွန်တော် လုံးဝ respect ရှိပြီးတော့ ဒီ industry ကိုနားလည်တယ်လို့ ကျွန်တော် ခံစားနေရတဲ့သူတွေ၊ အဲတော့ သူတို့ပြောတဲ့စကားတွေကို ကျွန်တော်က ပိုပြီးတော့ celebrities တွေပြောတဲ့စကားထက် ပိုယုံတယ်။ ဒါပေမယ့် celebrities တွေကကျတော့ ကျွန်တော့် wall ပေါ်မှာပိုတက်လာနိုင်ခြေများတယ်။ ဘာဖြစ်လို့လဲဆိုတော့ Facebook ရဲ့ algorithm အရက ကျွန်တော်တို့က ဘယ်လိုခေါ်မလဲ Facebook ရဲ့ algorithm ထဲမှာ Engagement များတယ်ဆိုလို့ရှိရင်က You might also like this ဆိုတဲ့ ပုံစံမျိုးနဲ့ လာလာပြီးပေါ်တဲ့အချိန်မှာ ကျွန်တော့်ရဲ့ wall ပေါ်ကို တက်လာနိုင်ခြေပိုပြီးတော့များတာပေါ့လေ..နော်။ ဆိုတော့ ကျွန်တော်မြင်တာတော့ ဒီမှာ နှစ်ခုကို ဘာလုပ်ရမလဲလို့ မေးတယ်ဆိုလို့ရှိရင် ကျွန်တော်ကတော့ budget ကိုသေချာပြန်ပြီးတော့ budget ပြန်ခွဲကြည့်ပြီးတော့မှ နှစ်ခုလုံးရနိုင်တယ်ဆိုလို့ရှိရင်တော့ နှစ်ခုလုံး လုပ်ပေါ့လေနော်။ အဲတော့ Celebrities တွေခေါ်တာမဟုတ်ဘဲနဲ့ Celebrity တစ်ယောက် နှစ်ယောက်ခေါ်လို့ရတယ်။ အဲ တစ်ယောက် နှစ်ယောက်အားနဲ့ ကျွန်တော်တို့ Awareness တွန်းပြီးတော့မှ နောက်ပိုင်း launching phase မှာ ကျွန်တော်တို့က content ကောင်းကောင်းနဲ့ ကျွန်တော်တို့ videos တွေ၊ ဒါမှမဟုတ်လို့ရှိရင် influencers တွေကို ကျွန်တော်တို့ သုံးမယ်ဆိုလို့ရှိရင်တော့ နည်းနည်းလေးပိုပြီးတော့ effective ဖြစ်လာနိုင်မယ်လို့တော့ ယူဆပါတယ်။
#marketing #digitalmarketing #market #career #askalex #askalexmm

Пікірлер
The FASTEST way to PASS SNACKS! #shorts #mingweirocks
00:36
mingweirocks
Рет қаралды 13 МЛН
Dad Makes Daughter Clean Up Spilled Chips #shorts
00:16
Fabiosa Stories
Рет қаралды 7 МЛН
Running With Bigger And Bigger Feastables
00:17
MrBeast
Рет қаралды 198 МЛН
Nurse's Mission: Bringing Joy to Young Lives #shorts
00:17
Fabiosa Stories
Рет қаралды 15 МЛН
Digital Marketers တွေဘာလုပ်ရလဲ?
4:38
The FASTEST way to PASS SNACKS! #shorts #mingweirocks
00:36
mingweirocks
Рет қаралды 13 МЛН