Рет қаралды 253,564
🔶 PVTV SPECIAL FEATURE 🔶
◼ တကျော့ပြန်လှိုင်းက အကြမ်းဖက်စစ်တပ်အတွက် ဇာတ်သိမ်းလား
မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ဇွန်လ ၂၅ ရက်က ပြန်လည်စတင်ခဲ့တာဖြစ်ပြီး၊ တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နဲ့ တပ်မဟာ ၃ စစ် ဒေသ မိုးမိတ်မြို့ နယ်တွေမှာ စစ်ဆင်ရေးပြုလုပ်နေတာဖြစ်ပါတယ်။ တိုက်ပွဲစတင်တဲ့အချိန်ကနေ ၅ ရက်တာ အတွင်းမှာ အကြမ်းဖက်စစ်တပ်က ဗိုလ်မှူးတစ်ဦးအပါအဝင် ၅၃ ဦး လက်နက်ချ အလင်းဝင် လာခဲ့ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် တကျော့ပြန်လှိုင်းက အကြမ်းဖက်စစ်တပ်အတွက် ဇာတ်သိမ်းပြီလားဆိုပြီး မေးခွန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း အခြေအနေတွေ နဲ့ပတ်သက်ပြီး PVTV ရဲ့ အစီအစဉ်တင်ဆက်သူ မောင်သိန်းက တင်ဆက်ပေးထားပါတယ်။
#SpringRevolution
#PVTV
#SpecialFeature
PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ KZbin Channel ဖြစ်သော / pvtvmyanmar နဲ့ Telegram Channel ဖြစ်တဲ့ t.me/pvtvmyanmar တို့တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။