Рет қаралды 9,952
"တော်လှန်ရေးဆိုသည်မှာ ..." - Episode 3-
ဒုတိယကမ္ဘာစစ်ကာလအတွင်းက အီတလီပြည်သူတွေရဲ့ တော်လှန်ရေးဆိုသည်မှာ အပိုင်း (၁)
ပါတီမူဝါဒခံယူချက်မျိုးစုံကွဲတဲ့ အီတလီပြည်သူတွေ ဖက်စစ်ဝါဒရဲ့ဖိနှိပ်မှု နဲ့ နာဇီဂျာမဏီရဲ့ ရက်စက်မှုတွေကို အချိန်တိုအတွင်း အောင်မြင်အောင် တော်လှန်နိုင်ခဲ့တဲ့ အဓိက သော့ချက်က ဘာဖြစ်မလဲ ဗိုလ်ကြီးစနေနဲ့ PDF ရဲဘော်တို့ရဲ့ တော်လှန်ရေးစကားဝိုင်းကို နားဆင်ခံစားကြရမှာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ PVTV တို့ ပူးပေါင်းစီစဉ်တင်ဆက်တဲ့ "တော်လှန်ရေးဆိုသည်မှာ ..." အစီအစဉ်ကို အခြေအနေအရပ်ရပ်ကြောင့် အပတ်စဉ်အစား နှစ်ပတ်တစ်ကြိမ်ကို ပြောင်းလဲ ထုတ်လွှင့်သွားမှာဖြစ်တဲ့အတွက် တစ်ပတ်ခြား တနင်္ဂနွေနေ့ ညနေ (၇) နာရီအချိန်မှာ ဗိုလ်ကြီးစနေ နဲ့ PDF ရဲဘော်တွေ ဘယ်တော်လှန်ရေးတွေရဲ့ ဘယ်လို အကြောင်းအရာတွေကို များ ဆွေးနွေးကြမလဲဆိုတာ စောင့်မျှော်နားဆင်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
အရေးတော်ပုံ အောင်ကိုအောင်ရမည်။
#PVTV
#SpringRevolution
#RevolutionMeans