ပွဲတော်ရက်တွေမှာပဲ ရလေ့ရှိတဲ့ ကရင်ရိုးရာ တောထမင်း

  Рет қаралды 298,643

7Day TV

7Day TV

Күн бұрын

အခုပြင်ဆင်နေတာကတော့ ကရင်ပြည်နယ်နေ့မှာ ကရင်ရိုးရာတောထမင်းရောင်းချဖို့အတွက် ပါ။တောထမင်းကို တော့ ကြက်ဆင်သား ၊ ကြက်သားနဲ့ ဘဲသား တွေနဲ့ ချက်လေ့ရှိပါတယ်။
ဒီလို တောထမင်းချက်ရောင်းချ တာဟာ ကရင်ပြည်နယ်မှာ ပွဲတော်တွေရှိတိုင်း တွေ့ရနိုင်တဲ့ ဓလေ့တစ်ခုလည်းဖြစ်ပါတယ်။
ကရင်ရိုးရာ တောထမင်းကို ပုံမှန်အချိန်တွေမှာဆိုရင် ရိုးရာ ထမင်းဆိုင်တွေမှာပဲ ရတတ်တာပါ။
အခုလို ပြည်နယ်နေ့ကျင်းပတဲ့ ပွဲတော်ရက်တွေမှာတော့ ပွဲတော်ရှိရာကို ရွာနီးချုပ်စပ်က ဒေသခံ တိုင်းရင်းသားတွေကလာရောက်ပြီး တောထမင်းရောင်းချကြပါတယ်။ဒေါ်မေသန်းကတော့ တောထမင်းချက်ရောင်းလားတာ ဆယ်စုနှစ် နှစ်ခုရှိနေပြီ လို့ ဆိုပါတယ်။
ဟင်းတွေကျက်ပီဆိုရင်တော့ ဟင်းနဲ့ တွဲဖက်စားဖို့ တို့စရာနဲ့ ငပိထောင်းကို ပြင်ဆင်ရပါသေးတယ်။ငပိထောင်း ထောင်းတဲ့အခါမှာလည်း ငရုတ်သီးအနီတောင့်တွေကို အညှာခြွေပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေနဲ့ ရောစပ် ထောင်းရတာ ဖြစ်ပါတယ်။
တို့စရာအတွက် ပြင်ဆင်တဲ့နေရာမှာအသီးအနှံတွေကို အစိမ်းလိုတစ်မျိုး၊ အပြူတ်လို တစ်ဖုံ၊ ချဉ်ဖတ်အမျိုးအစုံအောင် ပြင်ဆင်ရတာလည်း တော ထမင်းရဲ့ ရိုးရာတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။
ဒါအပြင် တောထမင်းရဲ့ အရသာတစ်မျိုးဖြစ်တဲ့ မယ်ဇလီရွက်နုနုတွေကို ဟင်းရည်ချက်ထားပြီး ငပိထောင်းစပ်စပ်နဲ့ တို့စရာအမျိုးစုံကို စားသုံးရတာလည်း တောထမင်းရဲ့ အရသာတစ်ခု လို့ ဆိုရမှာပါ။
အဲဒီလို စားချင်စဖွယ်ပြင်ဆင်ထားတဲ့ အရသာရှိတဲ့ တောထမင်းကို ညနေ သုံး နာရီခွဲလောက်ကနေ ညလုံးပေါက်ရောင်းချတာဖြစ်ပြီး ပွဲတော်ရက်တွေမှာဆိုရင်တော့ နေ့လယ်အစောပိုင်းကတည်းက ရောင်းချတာပဲ ဖြစ်ပါတယ်။တောထမင်းဆိုင်တန်း သုံးဆယ် ကနေ ငါးဆယ် ကြားရှိပေမယ့်လည်း ဆိုင်တိုင်းမှာ လာရောက်စားသုံးသူမပြတ်ပါဘူး။
ပွဲတော်ရက်ရဲ့ ညတွေမှာ ကရင်ဒုံးအကအလှတွေကို ကြည့်ရင်း ဗိုက်ဆာတဲ့အခါ တောထမင်း၊ ဟင်း မွှေးမွှေးလေးနဲ့ ငပိထောင်းစပ်စပ်လေးကို လာစားလိုက်၊ ဒုံးအက ပြန်သွားကြည့်လိုက်နဲ့ တောထမင်း ဈေးတန်းလေးဟာ စားသုံးသူတွေနဲ့ မပြတ် စည်ကားနေတာပဲ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - ယဉ်မွန်၊ စောအောင်မင်းဦး

Пікірлер: 54
ဖားအံတောထမင်း
7:11
Sein Phyo & Yi
Рет қаралды 465 М.
He bought this so I can drive too🥹😭 #tiktok #elsarca
00:22
Elsa Arca
Рет қаралды 45 МЛН
АЗАРТНИК 4 |СЕЗОН 2 Серия
31:45
Inter Production
Рет қаралды 866 М.
나랑 아빠가 아이스크림 먹을 때
00:15
진영민yeongmin
Рет қаралды 15 МЛН
Mitsubishi ASX
2:26
PPE 9 AUTOMOBILE
Рет қаралды 20 М.
English Conversation 27 | Everyday English | Funny English
29:46
English Conversation
Рет қаралды 3,2 МЛН
He bought this so I can drive too🥹😭 #tiktok #elsarca
00:22
Elsa Arca
Рет қаралды 45 МЛН