ရန်ကုန်နဲ့့နီးနီးနားနား အပန်းဖြေစရာနေရာလေးတစ်ခု_Green Farmer Organic Farm, Hlegu [Vlog]

  Рет қаралды 10,286

Travell Footprints

Travell Footprints

3 жыл бұрын

ကျွန်တော် Travell Footprints Blog ကိုဖန်တီးထားရခြင်းအဓိကရည်ရွယ်ချက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တဖက်တလမ်းကနေ အထောက်အပံ့ဖြစ်စေဖို့ဖြစ်ပါတယ်။ခရီးဝေးဝေးသွားဖို့ အဆင်မပြေသေးတဲ့အချိန်ဆိုတော့ ဒီရက်ပိုင်း ရန်ကုန်နဲ့နီးနီးနားနား သဘာဝနဲ့အနီးစပ်ဆုံးရှိမယ့်နေရာလေးတွေကို ရှာဖွေပြီးသွားဖြစ်ခဲ့ပါတယ်၊
Organic စိုက်ပျိုးရေးစနစ်ဟာ ကမ္ဘာကြီးအသက်ရှည်ဖို့ မျှော်လင့်ချက်တစ်ခုဖြစ်ပါတယ်၊ Organic စိုက်ပျိုးရေးစနစ်ဆိုတာ ကျွန်တော်နားလည်သလောက်ပြောရရင် သီးပင်စားပင်တွေစိုက်ပျိုးတဲ့အခါ ဓါတုဓာတ်မြေသြဇာတွေမသုံး၊ ပိုးသတ်ဆေးတွေမသုံးပဲ သဘာဝအတိုင်းစိုက်ပျိုးတဲ့စနစ်ကိုဆိုလိုချင်တာပါ၊ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင်စိုက်ပျိုးမွေးမြူခြင်းက စားသုံးသူတွေရဲ့ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။
အခုနောက်ပိုင်း Organic Farm တွေကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့လာရတာ ကျေနပ်ဖို့ကောင်းပါတယ်။ နယ်မြို့လေးတွေအတွက် အရမ်းထူးဆန်းလှတယ်မဟုတ်ပေမယ့် သဘာဝပတ်ဝန်းကျင်ရှားပါးတဲ့ ဖွံ့ဖြိုးတဲ့မြို့ပြဒေသနဲ့ ရန်ကုန်လို တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ နေထိုင်ရတဲ့သူတွေအတွက်တော့ Organic Farm လေးတွေဟာ သဘာဝနဲ့ထိတွေ့ဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အသီးအနှံတွေစားရဖို့အတွက် မျှော်လင့်ချက်တစ်ခုဖြစ်လာပါတယ်။
Green Farmer ဟာ အော်ဂဲနစ်စိုက်ပျိုးရေးခြံတစ်ခုဖြစ်ပြီး အခုဆိုရင် သီးသန့်အနားယူအပန်းဖြေလို့ရတဲ့နေရာတစ်ခုအဖြစ်ဖွင့်လှစ်ထားပါတယ်။နေရာကတော့ လှည်းကူးမြို့။ ငါးဆူတောင်ကျေးရွာမှာပါ၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင် (၁၁) အထိမောင်းသွားပြီး ရန်ကုန်ဘက်ကို ဂငယ်ကွေ့ပြန်ကွေ့ပြီး (၉) မိုင် (၆)ဖာလုံရောက်ရင် 123 အုတ်စက်တို့ဆိုတဲ့လမ်းကိုကွေ့ဝင်ပြီး နာရီဝက်လောက်မောင်းပြီရင်ရောက်ပါပြီ။ Vlog ထဲမှာ အသေးစိတ်ပြောပြလမ်းညွှန်ပေးထားပါတယ်။
သွားလည်မယ်ဆိုရင် ကြိုတင်ဘိုကင်ယူရပါတယ်။ဘိုကင်ယူထားတဲ့သူကိုပဲ ဝင်ခွင့်ပေးတာဖြစ်တဲ့အတွက် အခုလို Social Distancing အရေးကြီးနေတဲ့အချိန်မှာ သဘာဝဆန်ဆန်အနားယူချင်တဲ့သူတွေ ရွေးချယ်စရာတစ်ခုအနေနဲ့ စဉ်းစားလို့ရအောင် ကျွန်တော်မှတ်တမ်းတင်ခဲ့သမျှအားလုံးကို မျှဝေပေးလိုက်ပါတယ်နော်။
With Loves 💚 အောင်ဆိုင်း ♬🎒αυηg ѕєηg
----------------------------------

Пікірлер: 6
@kyawlwin6499
@kyawlwin6499 3 ай бұрын
ခပ်​​ကြောင်​​ကြောင်​video
@mdrafikulislam7641
@mdrafikulislam7641 3 жыл бұрын
great resorts
@moemoeaye1860
@moemoeaye1860 5 ай бұрын
ကျေးဇူးပါ
@lapyae9080
@lapyae9080 8 ай бұрын
တိုက်ကြီးဥယာဥ်ဘက်လည်းလျှောက်ကြည့်ပါဦး
@lapyae9080
@lapyae9080 8 ай бұрын
ထန်းရည်ယူလာခဲ့ကွာ
@lapyae9080
@lapyae9080 8 ай бұрын
ဗျူးတွေမမိုက်ဘူး
НРАВИТСЯ ЭТОТ ФОРМАТ??
00:37
МЯТНАЯ ФАНТА
Рет қаралды 1,5 МЛН
This is not my neighbor  Terrible neighbor! #funny #zoonomaly #memes
00:26
Happy 4th of July 😂
00:12
Alyssa's Ways
Рет қаралды 65 МЛН
39kgのガリガリが踊る絵文字ダンス/39kg boney emoji dance#dance #ダンス #にんげんっていいな
00:16
💀Skeleton Ninja🥷【にんげんっていいなチャンネル】
Рет қаралды 8 МЛН
Mae Kampong - Beautiful Village in Chiang Mai
13:40
Sein Phyo & Yi
Рет қаралды 123 М.
ရန်ကုန်မြို့တွင်း TM Farm Vlog
9:48
Byuhar Minn Htet
Рет қаралды 1,9 М.
НРАВИТСЯ ЭТОТ ФОРМАТ??
00:37
МЯТНАЯ ФАНТА
Рет қаралды 1,5 МЛН