ရန်ကုန်ဆေးရုံကြီးရဲ့ ကျက်သရေဆောင်ဝန်ထမ်းကြီး

  Рет қаралды 56,638

NewsWatch Myanmar

NewsWatch Myanmar

5 ай бұрын

သူ့နာမည်က ဦးတင်ဝင်းပါ။ သူ့ကို ကျန်းမာရေးကောင်းတဲ့လူတွေ သိချင်မှသိကြမှာဖြစ်ပေမယ့် ရန်ကုန်ဆေးရုံကြီး အဆုပ်နဲ့ရင်ခေါင်းဌာနကို ရောက်ခဲ့ဖူးတဲ့ လူနာတိုင်းကတော့ သူ့ကို သိပါတယ်။ အထူးသဖြင့် အစိုးရဆေးရုံတွေကိုအားကိုးနေရတဲ့ လူနာ အတော်များများအတွက် အားကိုးချစ်ခင်ရတဲ့ လူတယောက်လို့ဆိုရင် ဦးတင်ဝင်းအကြောင်း လျှော့လျှော့ပေါ့ပေါ့ ပြောထားတာပဲဖြစ်ပါလိမ့်မယ့်။
ရန်ကုန် ခုတင် ၅၀၀ ဆန့် အထူးကုဆေးရုံကြီး၊ အဆုတ်နဲ့ ရင်ခေါင်းခွဲစိတ်အထူးကုဌာနက ဆေးရုံအုပ်ကြီး ဒေါက်တာထက်မြတ်ကဆိုရင် ဦးတင်ဝင်းသည် ဆေးရုံရဲ့ ကျက်သရေဆောင်ဝန်ထမ်းဖြစ်တယ်လို့တောင် ဂုဏ်ပြုညွှန်းဆိုပါတယ်။
အဲ့ဒီလောက် အားကိုးရတဲ့ ဦးတင်ဝင်းက ဒီဆေးရုံမှာ ဘာတာဝန်တွေလုပ်ပေးရတာပါလဲ။ အမှန်တော့ ဦးတင်ဝင်းဟာ ဆေးရုံအခေါ် အထွေထွေလုပ်သားတဦးသာဖြစ်ပါတယ်။ ဒါပေမဲ့ လူနာတွေကို အောက်ဆီဂျင်တပ်ပေးရတဲ့နေရာလည်း သူပါတယ်။ လူနာစောင့်မပါတဲ့ လူနာတွေအတွက် ထမင်းထုပ်တန်းစီးရတဲ့နေရာလည်း သူပါတယ်။ ရေအိမ်နဲ့ ရေချိုးခန်းသန့်ရှင်းရေးလုပ်တာ၊ ခုတင်နဲ့ ထိုင်ခုံတွေ သယ်ရွှေ့ပေးတာအဆုံး သူပါပါတယ်။
ဦးတင်ဝင်းရဲ့ ရိုးသားမှုကိုပေါ်လွှင်စေတဲ့ဖြစ်ရပ်တခု ၂၀၁၄ ခုနှစ်အတွင်းက ဖြစ်ခဲ့ပါတယ်။ လူနာရှင်တယောက်မေ့ကျန်ခဲ့တဲ့ ငွေကျပ် ၇ သိန်းကျော်ပါတဲ့ပိုက်ဆံအိတ်ကို ဦးတင်ဝင်းကတွေ့ရှိခဲ့ပြီး ပိုင်ရှင်လက်ထံ ပြန်လည်ပေးအပ်ပေးခဲ့တဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။ လူနေခြုံကြား စိတ်နေဘုံဖျားလို့ဆိုရမယ့် ဦးတင်ဝင်ရဲ့ ရိုးသားဖြောင့်မတ်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်တွင်း သတင်းမီဒီယာအချို့မှာ ဒီဖြစ်ရပ်အကြောင်း တခမ်းတနား ဖော်ပြခဲ့ဖူးပါတယ်။
ဦးတင်ဝင်းနဲ့ လူနာရှင်တွေကြားမှာ ဆက်ဆံရေးက ဘယ်လိုပါလဲ။
ရိုးသားဖြောင့်မတ်တဲ့အပြင် လုပ်ငန်းခွင်မှာ အားကိုးရလွန်းတဲ့စံပြလုပ်သားကြီးဖြစ်တဲ့အတွက် သက်ပြည့်ပင်စင်ယူပြီးတာတောင်မှ ပြန်လည်ခေါ်ယူခန့်အပ်ထားရတဲ့အထိဖြစ်ပါတယ်။ ဦးတင်ဝင်းရဲ့ လခအတွက် ကျန်းမာရေးဝန်ထမ်းနဲ့ ဆရာဝန်ကြီးတွေရဲ့ အိတ်စိုက်ငွေထဲက ပေးနေတာပါ။
တကယ်တော့ ဦးတင်ဝင်းရဲ့ အဖေဟာ ရန်ကုန်ဆေးရုံကြီးမှာ အထွေထွေလုပ်သားလုပ်ခဲ့သလိုပဲ ဦးတင်ဝင်းရဲ့ အဖိုးဟာလည်း ထိုနည်းလည်ကောင်း အထွေထွေလုပ်သားအဖြစ် လုပ်ခဲ့တာကြောင့် ဦးတင်ဝင်းတို့ဟာ အဖိုး၊ အဖေနဲ့ သားဖြစ်သူကိုစိုးဝင်းအထိ မျိုးဆက် ၄ ဆက်တိုင်အောင် အများပြည်သူ ကျန်းမာရေးကဏ္ဍမှာ အုပ်တချပ် သဲတပွင့်ပါဝင်ခဲ့ပေမယ့် တမိသားစုလုံးရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားအတွက် လျှောက်ထားဆဲ၊ စိစစ်ဆဲအဆင့်မှာပဲရှိပါသေးတယ်။ ဒီကာလတလျှောက် ဆေးရုံကထုတ်ပေးထားတဲ့ ဝန်းထမ်းအသိအမှတ်ပြုကတ်နဲ့သာ မိသားစုရေးရာတွေကို ဆောင်ရွက်ခဲ့ရတပါ။
ဒီတပတ်မှာတော့ ဆေးရုံကလက်မလွှတ်နိုင်တဲ့အထိ အားကိုးရတဲ့ ဝန်ထမ်းကောင်းကြီးတဦး၊ ရိုးသားဖြောင့်မတ်တဲ့ လူပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးတင်ဝင်းအကြောင်းကို ရုပ်ရှင်တေးကဗျာနဲ့ News Watch သတင်းဌာနက ဂုဏ်ယူစွာနဲ့ ရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျား။

Пікірлер: 129
@tinwin9518
@tinwin9518 5 ай бұрын
​လေးစားပါတယ် ဦးတင်ဝင်းရှင့် သက်ရှည်ကျန်းမာစွာဖြင့် တာဝန်ထမ်း​ဆောင်နိုင်ပါ​စေ ဝိပသာနာ ဘာဝနာကိုအားထုတ်နိုင်ပါ​စေ ယ​နေ့ကမ္ဘာမှာ လူ့ကျင့်ဝတ်ကိုကျင့်သုံးတဲ့ လူ​ကောင်း အလွန့်အလွန် ရှားသွားပါပြီ
@AungMyintOoAungMyintOo-th2jz
@AungMyintOoAungMyintOo-th2jz 5 ай бұрын
လူမျိုး၊ဘာသာ၊ အမျိုးဇာတ်နဲ့ အသားအရောင်နဲ့မဆိုင်ပါဘူး၊ လူသားတစ်ဦးရဲ့ ပင်ကိုစိတ်ထား၊ ရိုးသားဖြောင့်မတ်သူတွေမှာသာရှိတဲ့ လေးစားစရာကောင်းတဲ့ စိတ်ထားပိုင်ရှင်ပါ။
@YinShwe-lm2sv
@YinShwe-lm2sv 5 ай бұрын
ဂုဏ်ယူပါတယ် ရိုးသားကြိုးစားတာ
@MaMa-pd2ex
@MaMa-pd2ex 5 ай бұрын
သားကလဲရိုးသားတဲ့ပုံပေါက်နေပါတယ်မိကောင်းဖခင်သားသမီးစကားပြောတာနဲ့သိသာတယ်
@MaMa-pd2ex
@MaMa-pd2ex 5 ай бұрын
မြန်မာပြည်မှာဤလိုလူတွေများများပေါ်ပါစေ
@waigyi2982
@waigyi2982 Ай бұрын
မခဲွဲခြားဘူးသာလူကြားကောင်းအောင်ပြောနေတာ...ဟိုကမျိုးဆက်၄ဆက် အထိ မှတ်ပုံတင်မရသေးဘူး😂😂
@tinwin9518
@tinwin9518 5 ай бұрын
အသားမဲ​ပေမဲ့ နှလုံးဖြူကြသူများ အသဲဖြူကြသူများဖြစ်လို့ ​လေးစားဂုဏ်ပြုပါတယ်
@johnkalay485
@johnkalay485 5 ай бұрын
တစ်ချိ| ကေ(စ်)တွေက ဒေါက်တာတွေ မသိဘူး.အဲဒါမျိ|း ကေ(စ်)တွေကို သူတို့အားလုံး သိတယ်.သွေစစ်တာနဲ့ကို သူတို သိတယ်.အတွေအကြုံ က စကားပြောသွားတယ်.ဂုဏ်ယူပါတယ် ဦလေး ဦတင်းဝင်း.we proud of you.
@tinohntinohn
@tinohntinohn 5 ай бұрын
လူပီသသူ့လို့လူဆေးရုံကြီးမှာရှိလေသည်ထိုသူစိတ်ထားကောင်းသော်ငြားနတ်လူသာဓုခေါ်ကြမည် ကိုယ်တွေ့ကြရ ဆေးရုံကကျန်သည့်ဝန်ထမ်းအချို့သည်ဦးတင်ဝင်းလိုမဟုပ်ပြီ ငွေညှစ်ကောက်ကျစ်ဆိုးညစ်များလည်းမီဒီယာကဖေါ်သင့်သည်
@ayethuzaw11
@ayethuzaw11 4 ай бұрын
တစ်ချို့သော သူတွေကတော့ ငွေညစ်ကြတယ်
@mumuthin9128
@mumuthin9128 5 ай бұрын
ဟိန္ဒူဗုဒ္ဓဘာသာတစ်ဉီးလဲဖြစ်လို့ အရမ်းကိုလေးစားရပါတယ် ရန်ကုန်မှာ မြင်ဖူးပါတယ် သက်ရှည်ကျန်းမာပါစေ ❤🤗
@mumuthin9128
@mumuthin9128 5 ай бұрын
😀🙏👍
@banyunt-id3ko
@banyunt-id3ko 5 ай бұрын
Respect and Salute. U Tin Win. God bless you
@kanaungminthar5570
@kanaungminthar5570 5 ай бұрын
သာဓု သာဓု သာဓု ပါခင်ဗျာ Gabarရှားကြီး
@nangnang5901
@nangnang5901 5 ай бұрын
ဂုဏ်ယူပါတယ် ဦးလေးဦးတင်ဝင်းရေ ကျန်းမာသက်ရှည်ပါစေ❤🎉🙏🙏🙏
@htaythuya6932
@htaythuya6932 5 ай бұрын
အားပေးပါတယ်။ ကောင်းတာ လုပ်တာအားလုံးကို သာဓု သာဓု သာဓု ခေါ်ပါတယ်။
@htoozinlatt3253
@htoozinlatt3253 5 ай бұрын
အရမ်းလေးစားဂုဏ်ယူပါတယ် ၊ ဦးလေးတင်ဝင်းခင်ဗျာ 🙏🙏🙏🙏🙏
@kaumgmyat5805
@kaumgmyat5805 5 ай бұрын
မင်ဂလာပါ News Watch ရေ အားပေးနေပါတယ်
@kaythi7353
@kaythi7353 5 ай бұрын
ဂုဏ်ယူထိုက်သူ အတွကွ တင်ဆက်​ပေးခြင်း👍👍💕
@khinmoekyu8379
@khinmoekyu8379 5 ай бұрын
မွန်မြတ်တဲ့စိတ်ထားကို သာဓာ သာဓု သာဓု ခေါ်ပါတယ်အသက်ရှည်ကျန်းမာချမ်းသာအနာမဲ့ပါစေ
@myominminthein-xo9ms
@myominminthein-xo9ms 5 ай бұрын
ဒီခေတ်မှာ သူ့လိုလူတွေမရှိကြတော့ဘူး😢
@tinwin9518
@tinwin9518 5 ай бұрын
လူဟာ သူ့ဗီဇနဲ့သူလာကြတာပါ
@Thiago-if8ds
@Thiago-if8ds 5 ай бұрын
နှလုံးလှ ဖြူစင်သူကြီး 🥰😍
@sumonthant6954
@sumonthant6954 5 ай бұрын
ဂုဏ်ထူးဆောင် ဆ်ုတာဒီိလိုလူမျိုးပါဘဲ
@darkcloud3611
@darkcloud3611 5 ай бұрын
အခုလို အစီစဥ်လေးတွေများများလုပ်ပေးပါလားဗျာ သူတို့ကိုဂုဏ်ပြူရာရောက်သလို ကြည့်ရတာလည်း စိတ်ချမ်းသာရပါတယ် ❤❤
@user-uo1ht2fv2r
@user-uo1ht2fv2r 5 ай бұрын
လူတို့သည်အပြင်ဘက်လှပဘို့ထက်မိမိရဲ့အတွင်းနှလုံးသားလှဘို့ကပို၍ပို၍အရေးကြီးကြပါတယ်။။ဦးတင်ဝင်းတယောက်ဘဝဆက်တိုင်းဆက်တိုင်းလူနတ်ချစ်ခင်ပုဂ္ဂိုလ်ပင်ဖြစ်ပါစေဗျာ။
@kohtet343
@kohtet343 5 ай бұрын
ဒီလို အဓိပ္ပါယ်ရှိတဲ့ တင်ဆက်မှုမျိုးတွေ များများတင်ပေးပါ🎉
@ZBondewii
@ZBondewii 4 ай бұрын
Respect! စိတ်သဘောကောင်းသူဆိုတာဘာသာလူမျိုးအသားအရောင်တွေနဲ့မဆိုင်ဘူးဆိုတာသိသာစေတဲ့သူတွေထဲကတယောက်
@user-un4xx9nn5p
@user-un4xx9nn5p 4 ай бұрын
ဦးတင်ဝင်း လိပ်စာလေးသိချင်ပါတယ်
@newswatch.1M
@newswatch.1M 4 ай бұрын
ခုတင် ၅၀၀ ဆံ့ဆေးရုံမှာ အမြဲလိုရှိပါတယ် ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်မှာပါ နေထိုင်တာကတော့ ဒလဘက်မှာပါ
@natimanorranunchai3474
@natimanorranunchai3474 4 ай бұрын
စိတ်ဒက်ကိုယ်လေးစားပါတယ်ဆရား❤❤❤
@davidbatin1699
@davidbatin1699 4 ай бұрын
60 years of age is not considered old in most countries. In Myanmar it's considered old & sent into retirement. He doesn't look old. What matters is he's still active & helping those that need help. He's a good samaritan with a kind heart. They need more people like him.
@yuyuwin9330
@yuyuwin9330 5 ай бұрын
သာဓု သာဓု သာဓုပါရှင် ဦးလဲအမြဲတမ်းကျန်းမာပျော်ရွှင်ပါစေရှင်
@moana178
@moana178 5 ай бұрын
ကျန်းမာချမ်းသာပါစေ 🙏🙏🙏
@thankywe1886
@thankywe1886 5 ай бұрын
​ေ တာ်လိုက်တာ ေလးစားပါတယ်သာဓုသာဓုသာဓု
@thantzaw7946
@thantzaw7946 4 ай бұрын
လေးစားပါတယ် ဥိးရေ ❤❤❤
@pawlawkyaw5861
@pawlawkyaw5861 Ай бұрын
ဘာပဲလုပ်​လုပ်​ ပိုက်​ဆံ​တောင်းတယ်​ လူနာဝိုင်းသယ်​ ​နေရာ​ပြောင်းဖို့ ကုတင်​ဂို သူတို့လက်​နဲ့ ထိပီးဆိုတာနဲ့ လူရှင်းရင်​ ​ပိုက်​ဆံ​တောင်း​တော့တာပဲ အဲ​ဆေးရုံး လူလိမ်​​ပေါများရာ ​နေရာ အဲဦး​လေးဂို​တော့ မသိ့ပါ
@user-ej6fh6xz3p
@user-ej6fh6xz3p 5 ай бұрын
သာဓု
@user-rn9ye1cj3k
@user-rn9ye1cj3k 5 ай бұрын
အဲ့လိုလူမျိုးတော်တော်ရှားတယ်ရှိတောင်မရှိနိုင်ဘူးသူ့လောက်
@zayartun5084
@zayartun5084 5 ай бұрын
သာဓု သာဓု သာဓု ပါဦးလေး။
@user-ng8ng9sg9s
@user-ng8ng9sg9s 5 ай бұрын
ဆေးရုံဝန်ထမ်းကောင်းမို့ လေးစားတယ်။ ဂုဏ်လည်းယူတယ်။
@waigyi2982
@waigyi2982 Ай бұрын
ကောင်းလိုက်တဲ့နိုင်ငံ... မျိုးဆက်၄ဆက်အထိပေးဆပ်ခဲ့တာ... အခုထိဧည့်နိုင်ငံသား တဲ့😂😂😂
@user-yc1tz5lm6u
@user-yc1tz5lm6u 5 ай бұрын
Good job. Well done .
@user-zc9jj3to7v
@user-zc9jj3to7v 5 ай бұрын
သာဓုသာဓုသာဓုပါ
@GshEjej-px5iu
@GshEjej-px5iu 5 ай бұрын
လေးစားပါတယ်သက်ရှည်ကျန်းမာပါစေ
@SoeThike-iw3sm
@SoeThike-iw3sm 5 ай бұрын
ဘ၀တစ်လျှောက်လုံးမှာ ရိုးသားမှုဟာ ဘာနဲ့မှလဲလို့ မရသလို။ ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရပါဘူး
@OoOo-iy2ew
@OoOo-iy2ew 4 ай бұрын
လေးစားပါတယ်အကိုကြီးရေ
@lailaiwin1665
@lailaiwin1665 5 ай бұрын
ဦးတင်ဝင်းကြီး သက်ရှည်ကျန်းမာပါ၍ဘေးရန်ကင်းကွာပါစေ
@kothitsar2968
@kothitsar2968 5 ай бұрын
ဤကဲ့သို့စိတ်ဓါတ် သမတ ကအစတံမျက်လှည်းအထိရှိ့ခဲ့ပါရင် အိမ်မက်လေလား
@tanakon6989
@tanakon6989 5 ай бұрын
ေလးစားဂုဏ္ယူပါတယ္ဆရာ🙏🙏🙏🙏💓💓💓💓💓
@BlackDevil-hl1jz
@BlackDevil-hl1jz 5 ай бұрын
သာဓု သာဓု သာဓု
@user-mk5uk1bd4j
@user-mk5uk1bd4j 5 ай бұрын
ဟုတ်ပါတယ် ဦးကိုလေးစားတယ်
@AungMyintOoAungMyintOo-th2jz
@AungMyintOoAungMyintOo-th2jz 5 ай бұрын
လေးစားဘို့အရမ်းကောင်းပါတယ်
@thanoo3187
@thanoo3187 4 ай бұрын
မည်သူမဆို အလုပ် လုပ်တဲ့အခါ လစာရလို့ ဝတ်ကျေတန်းကျေ လုပ်တာထက် အလုပ်အပေါ် စေတနာ ထားပြီးလုပ်လျှင် အကျိုးပေးမှုက ပို၍ ပို၍ ဘဝအတွက်အဆင်ပြေမှာအမှန်ပါ.......
@user-ms4ej7me6v
@user-ms4ej7me6v 5 ай бұрын
ဆရာဝန်တွေဟစ်ပိုကရေးတီးစကျမ်းကျိမ်လွှာကိုစွန့်လွှတ်ပြီးcdmလုပ်သွားတဲ့သူတွေ ကြည့်သင့်တယ်😊
@user-zc9jj3to7v
@user-zc9jj3to7v 5 ай бұрын
အဲ့လိုစိတ်ချမ်းသာစရာတွေပဲတင်ကွယ်
@user-cm3ke6es2n
@user-cm3ke6es2n Ай бұрын
လေးစားပါတယ် ❤❤❤❤❤❤
@user-kl8jh9do6i
@user-kl8jh9do6i 5 ай бұрын
ဦးတင်ဝင်းအားရိုသေလေးစားစွာဂါရဝပြုပါ၏❤
@sheltermyat5419
@sheltermyat5419 5 ай бұрын
နိုင်ငံတေါ်ကိုသစ္စာရှိတဲ့သူကို. နိုငံငံသားအခွင့်အရေးပေးသင့်ပါတယ်.
@aungaung6671
@aungaung6671 5 ай бұрын
👍👍👍
@user-qc1qy6c
@user-qc1qy6c 5 ай бұрын
အများပြည်သူတွေကိုအကျိုးပြု့နေတဲ့ ပုဂ္ဂိုလ်တေကို ဒီထက်မက ဂုဏ်ပြု့သင့်ပါတယ်
@khinmaw4789
@khinmaw4789 5 ай бұрын
😊😊😊
@user-wi2cb9py5p
@user-wi2cb9py5p 5 ай бұрын
လေးစားပါတယ် အဘ ဦးတင်ဝင်း🙏🏻🙏🏻🙏🏻
@laysaw2165
@laysaw2165 5 ай бұрын
ဂုဏ်ယူလေးစားလျှက်ပါ ခင်ဗျာ
@agpgkyaw929
@agpgkyaw929 3 ай бұрын
@natimanorranunchai3474
@natimanorranunchai3474 4 ай бұрын
😢😢❤❤❤🎉🎉🎉
@htookyaw2868
@htookyaw2868 5 ай бұрын
လေးစားပါတယ်ဒကာ
@Samsunggalaxy-oi6re
@Samsunggalaxy-oi6re 5 ай бұрын
ဆေးရုံတက်တုန်းကဒီဦး​လေးပဲအကုန်လုပ်​ပေးတာ
@user-ge5kz1hs3s
@user-ge5kz1hs3s 5 ай бұрын
❤❤❤
@KoKo-zn1ry
@KoKo-zn1ry 5 ай бұрын
👍👍👍👍👍👍👍👍👍👍
@khinekhinelatt8512
@khinekhinelatt8512 5 ай бұрын
ဂုဏ်ယူပါတယ်
@thura57
@thura57 4 ай бұрын
✌️🙏🙏🙏
@user-lz5ws8vf9f
@user-lz5ws8vf9f 5 ай бұрын
❤❤❤❤❤
@ZingyiKo
@ZingyiKo 5 ай бұрын
❤❤❤❤❤❤❤❤❤🙏🙏🙏
@SamSam-vk1wv
@SamSam-vk1wv 5 ай бұрын
ကောင်းလိုက်တဲ့ အစီစဉ်လေးပါဗျာ
@cho-uo7ng
@cho-uo7ng 5 ай бұрын
လေးစားဂုဏ်ယူပါတယ်။
@user-pz9me8qq7p
@user-pz9me8qq7p 5 ай бұрын
တစ်ကယ်အားကိုးရတဲ့သူပါ
@PhyuPhyu-zs6it
@PhyuPhyu-zs6it 5 ай бұрын
❤❤❤❤❤❤❤❤❤❤❤❤
@user-uz1ps8pk9q
@user-uz1ps8pk9q 5 ай бұрын
အရမ်းလေးစားပါတယ်❤❤❤❤❤❤❤ဘုရားသခင်ကောင်းကြီးပေးပါစေ
@user-md9wl5ux8b
@user-md9wl5ux8b 4 ай бұрын
🎉🎉🎉🎉🎉💝💖💝💖
@thihaaung-sm4if
@thihaaung-sm4if 5 ай бұрын
နိုင်ငံအတွက်လုပ်ဆောင်ပေးလိုနိုင်ငံသားအမြန်ဖြစ်ပါစေဗျာ
@kokolay742
@kokolay742 5 ай бұрын
ထောက်ခံတယ်
@myokhaing9337
@myokhaing9337 4 ай бұрын
လေးစားရပါသည်။
@sweswemar5642
@sweswemar5642 5 ай бұрын
ကနေ့ကြည့်မြင်တိုင်အရိုးဆေးရုံ ကိုရောက်ပါတယ်။ လွန်ခဲ့တဲ့၅နှစ်တုံးကထက်တိုးချဲ့ေတွအပြင်အဆောက်အဦးအများကြီး လှပသစ်လွင်နေပါတယ်။ မပြောင်းတာက စကားတပြောပြောနဲ့ စာအုပ်စာရင်းကိုတလွဲရေးသူ၊ ေမးတာနဲနဲေလးကိုေတာင် စိတ်မရှည်တဲ့၃မိနစ်ဆရာဝန်ပါ ဓါတ်မှန်ရိုက်တဲ့နေရာက ဆက်ဆံရေးမဆိုးပါဘူး။ ဆေးရောင်းတဲ့ကောင်တာက စာနာစိတ်ရှိတယ်။ စိတ်ရှည်တယ်။ ဆက်ဆံရေးအကောင်းဆုံးဘဲ။
@thitsar3164
@thitsar3164 4 ай бұрын
လေးစားဂုဏ်ယူစရာပါဗျာစေတနာအကျိုပေးကောင်းသူပါနော်
@usoenaing4531
@usoenaing4531 5 ай бұрын
ကျွန်မတို့အမေ ကင်ဆာဖြစ်နေလို့ ကင်ဆာဆေးသွင်းကုသဆောင်မှာ တက်နေရတယ် လူနာစောင့်ဖြစ်တဲ့သူတွေက အရမ်းစိတ်ဆင်းရဲရပါတယ် ဆရာဝန်မက ဆေးစာရွက်သွားပို့ခိုင်းလို့ သူတို့အလုပ်အားတဲ့အချိန်လေးစောင့်ပြီးမှသွားပို့တာတောင် မအားသေးဘူးပြောတယ် ဆေးလဲချိတ်ရတာတွေကို လူနာစောင့်ဖြစ်တဲ့ကျွန်မတို့ကိုယ့်ဘာသာတတ်အောင်လုပ်တယ် ကိုယ်မလုပ်တတ်တဲ့ ဆေးဝါးကုသရေးတွေကို သူတို့ကို သွားပြောရင် မကြိုက်ပါဘူးရှင် လူနာက ဖျားရင်လဲဖျားတယ်ဆိုပြီးပြောပါတယ် ကျွန်မတို့လူနာရှင်တွေက အပူမီးအကြီးကြီးကို တောက်လောင်နေကြရတာတမျိုး ဆေးဝန်ထမ်းအနီဝတ်တွေရဲ့စာနာစိတ်မရှိတာကတမျိုး သန့်ရှင်းရေးယောကျာ်းမိန်းမတွေရဲ့ အလကားနေဘဝင်မြင့်ချီမှုံနေတဲ့မျက်နှာတွေကို မမြင်ချင်ပဲ မြင်တွေ့နေရပါတယ် နွေးထွေးပျူငှာမှု့လုံးဝမရှိပါဘူးရှင် ဆေးရုံကိုတာဝန်ရှိလူကြီးမင်းတွေလာရောက်စစ်ဆေးတဲ့အခါကျ သူတို့တွေက ကျပ်ညပ်နေတဲ့ ဆေးရုံကုတင်တွေကို ရှင်းလင်းကြပါတယ် သူတို့ကေါင်းတဲ့ပုံစံမျိုးနဲ့အသွင်ပြောင်းကြပါတယ် ရန်ကုန်ဆေးရုံကြီးရဲ့ကင်ဆာအမျိုးသမီးဆေးသွင်းဆောင်မှာကြုံနေရတဲ့ ဒီလိုညစ်နွမ်းတဲ့ပုံ​ရိပ်တွေကို တာဝန်ရှိလူကြီးမင်းများသိနိုင်မြင်နိုင်ကြပါစေ ကျွန်မတို့ မှာအပြစ်မလုပ်ရပါဘဲ ဖိနှိပ်ခံနေရပြီးစိတ်ဆင်းရဲမှု့တွေကို သစ်စာပြုတိုင်တည်ပါတယ် နတ်ကောင်းနတ်မြတ်အပေါင်းကိုလဲတိုင်တည်ပါတယ် ကျွန်မတို့ ခံစားရသမျှနဲ့ သစ်စာပြုပါတယ် တူသောအကျိုးဆိုတာပေးတတ်ပါတယ်
@khinmyint3106
@khinmyint3106 5 ай бұрын
အမှန်တွေပါဘဲ
@hhkk7423
@hhkk7423 5 ай бұрын
အမလေး တို့သမီးတက်ခဲ့တုန်းက. 2023. 7. လပိုင်းကပေါ့တောင်းလိုက်တာ သွေးစစ်တာကိုသွားပို့ရလိုတဲ့ ၂၀၀၀ လှည်းတွန်းရလို့တဲ့ ၂၀၀၀ ပြန်ဆင်းတော့ဓာတ်လှေခါး မောင်းတဲ့လူက. ၂၀၀၀ တောင်းတဲ့လူချည်းပဲ
@UgggvVchbvh
@UgggvVchbvh 5 ай бұрын
အဲ့တာကဆေးရုံတိုင်းတောင်းတယ်အထူးအဆန်းမဟုတ်ဘူး
@YMT7929
@YMT7929 5 ай бұрын
မတောင်းတော့ ဘယ်လိုစားမလဲ
@hhkk7423
@hhkk7423 5 ай бұрын
အေးလေဆက်ပြီးတောင်းစားကြပေါ့
@pyaephyooo23593
@pyaephyooo23593 5 ай бұрын
လေးစားထိုက်သူတွေ
@zawaung7976
@zawaung7976 5 ай бұрын
စေတနာဆိုတာရောင်ပြန်ဟပ်ပါတယ်
@aipann1222
@aipann1222 4 ай бұрын
ဒါကိုပြောတာပေါ ကုလားကုလား ဆိူပြီး မကောင်းကြောင်းတွေ မပြောစေချင် လူလူချင်းမို့ မကောင်းသူရှိသလို ကောင်းသူတွေကလဲ အများကြီးပါ
@kothitsar2968
@kothitsar2968 5 ай бұрын
နိုင်ငံတော်ကအခန်းနားနဲ့ဂုဏ်ပြုစေခြင်ပါတယ်။ ခုံပေါ်ထိုင်နေတဲ့နွားတွေစဉ်းစားမိပါစေ။
@user-oz4gt7ut9g
@user-oz4gt7ut9g 5 ай бұрын
ဝမ်းသာဂုဏ်ယူပါတယ် လေးစားစရာစိတ်စေတနာတွေအတွက်သာဓုသာဓုသာဓုပါ။
@sandarsoe4430
@sandarsoe4430 2 ай бұрын
Respect ပါဦးတင်ဝင်းလိုလူမျို ရှိလို့အရမ်းရဏ်ယူပါတယ်ရှင့်
@user-bh5qg1rc8b
@user-bh5qg1rc8b 5 ай бұрын
အရိုးဂုဏ်ကတစ်သက်စားလို့မကုန်ပါဘူးဗျာ
@aunghmi7926
@aunghmi7926 5 ай бұрын
တကယ်တော်ပါတယ်စေတနာပါပါနဲ့လုပ်ပေးတာ
@jonson007
@jonson007 5 ай бұрын
ခွဲစိတ်ဆောင်က ဝန်ထမ်းတွေ ကတော့ပိုက်ဆံတောင်းဖို့လောက်ပဲသိတယ်
@user-bearsu2zm6g
@user-bearsu2zm6g 5 ай бұрын
လေးစားပါတယ်။အလုပ်အပေါ် သစ္စာရှိတာ။ CDMတွေလုပ်ကြပြီး ရန်ကုန်ဆေးရုံကြီးပိတ်ထားတုန်းက လူနာတွေဘယ်လောက်ဒုက္ခရောက်ကြမလဲ မသေသင့်ပဲသေကြမလဲ😢😢
@nann593
@nann593 5 ай бұрын
မအလ အာဏာမသိမ်းခဲ့ရင်မဖစ်ဘူးနော်သိဖျု့
@user-bearsu2zm6g
@user-bearsu2zm6g 5 ай бұрын
@@nann593 မအလ အာဏာသိမ်းတော့ ရောဂါတွေက မဖြစ်တော့ဘူးလား လူနာတွေ မသေတော့ဘူးလား အဲလိုလား?CDMလုပ်ပြီး ဆေးရုံကလူနာတွေတော့ ဖြစ်ချင်ရာဖြစ် အပြင်မှာတော့ ဆေးခန်းထိုင်စားနေတာ မှန်တယ်ပေါ့
@yoonmyatphoo5426
@yoonmyatphoo5426 5 ай бұрын
😂
@user-ce2ui5nl7n
@user-ce2ui5nl7n 5 ай бұрын
ကလားဟန်ဆောင်နေတာလူနာတွေကိုမရ ရတဲနည်းနဲ့လည်ပင်းညှစ်ငွေတောင်းနေတဲ့ကလာဝန်ထမ်းတွေဘာသူတော်ကောင်းရောင်ဆောင်နေတာလဲ
@ZBondewii
@ZBondewii 4 ай бұрын
Respect! စိတ်သဘောကောင်းသူဆိုတာဘာသာလူမျိုးအသားအရောင်တွေနဲ့မဆိုင်ဘူးဆိုတာသိသာစေတဲ့သူတွေထဲကတယောက်
@user-nj3sl7oz6e
@user-nj3sl7oz6e 5 ай бұрын
လေးစားပါတယ်❤❤❤
@user-zh1dx6fd4c
@user-zh1dx6fd4c 5 ай бұрын
သက်ရှည်ကျန်းမာစိတ်ချမ်းသာပါစေ
@karmilamila5493
@karmilamila5493 5 ай бұрын
ရိုးသားမု့ကမျတ်နှာမှာပေါ်လွင်နေတယ် လေးစားတယ်
@sayartin5415
@sayartin5415 5 ай бұрын
ရှားပါးဝန်ထမ်း မြန်မာတစ်နိုင်ငံလုံးမှာတစ်ယောက်
@tintin-mf2bv
@tintin-mf2bv 5 ай бұрын
ဂုဏ်ယူပါတယ်
@user-hn9iy9fw4s
@user-hn9iy9fw4s 5 ай бұрын
လေးစားပါတယ်❤❤❤❤❤
@SapalPhyu-nk5bm
@SapalPhyu-nk5bm 5 ай бұрын
စိတ်ထားကောင်းစေတနာကောင်းနတ်လူသာဓူခေါ်မှာပါသံသရာထိကောင်းပြီးနတ်ပြည်ရောက်မှာပါ
@user-yu2bn5zu4h
@user-yu2bn5zu4h 5 ай бұрын
သက်ရှည်ကျန်းမာပြီးလူနာများကိုစောင့်ရှောက်ပေးသည်အတွက်အထူးကျေးဇူးတင်ပါတယ်ဆရာကြီးခင်ဗျာ
@sushinhtet481
@sushinhtet481 5 ай бұрын
ကောမန့်၂၄နဲ့၂၅စောက်ကောင်းမမြင်တတ်တဲ့ဟာတွေ
ဦးလာဘ လူသားတကယ်စားခဲ့သလား
11:28
КАК ДУМАЕТЕ КТО ВЫЙГРАЕТ😂
00:29
МЯТНАЯ ФАНТА
Рет қаралды 9 МЛН
39kgのガリガリが踊る絵文字ダンス/39kg boney emoji dance#dance #ダンス #にんげんっていいな
00:16
💀Skeleton Ninja🥷【にんげんっていいなチャンネル】
Рет қаралды 8 МЛН
Alex hid in the closet #shorts
00:14
Mihdens
Рет қаралды 9 МЛН
New model rc bird unboxing and testing
00:10
Ruhul Shorts
Рет қаралды 23 МЛН
КАК ДУМАЕТЕ КТО ВЫЙГРАЕТ😂
00:29
МЯТНАЯ ФАНТА
Рет қаралды 9 МЛН