Рет қаралды 78,273
ရခိုင်ပြည်နယ်အနှံ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားတိုးချဲ့တာတွေနဲ့ ရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေ ရှိနေသလို စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရက္ခိုင့်တပ်တော် (AA) သွားရောက်တက်ပြီး ဆွေးနွေးတာမျိုး မရှိပါဘူး။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ မဖြစ်တော့ဘဲ ရပ်တန့်နေတာဟာ သဘောတူညီချက် တစုံတရာ ရယူထားတာ မဟုတ်ဘဲ Gentleman Agreement နှစ်ဘက်နားလည်မှုနဲ့ပဲ ရပ်စဲထားတာ ဖြစ်တယ်လို့ AA က ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်မှာ နိုင်ငံရေး စစ်ရေးအခြေအနေ ဘယ်လိုရှိလဲ ဘယ်ကို ဦးတည်နေလဲ ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုထွန်းကြည်ကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။
#dvbtvnews #Rakhine #WhatsHappeningInMyanmar
DVB TV - 22.05.2022