Рет қаралды 113,050
ဆေးကုသပေးဖို့အတွက် ရခိုင်ပြည်နယ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကခေါ်လာတယ်လို့ပြောတဲ့ အသက် ၁၅ နှစ်အရွယ် ကလေးကို ရခိုင်တိုင်းရင်းသား သရုပ်ဆောင်နေတိုးက သွားရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။
အဲဒီကလေးငယ် ရန်ကုန်ရောက်တဲ့ ပျော်ရွင်စေဖို့အတွက် သူရဲ့အဖြစ်ချင်ဆုံးဆန္ဒကို မေးတဲ့အခါမှာ တော့ နေတိုးကို တွေ့ချင်တယ်လို့ ပြောခဲ့တာကြောင့် ဧရာဝတီ ဖောင်ဒေးရှင်းက Media 7 ကုမ္ပဏီမှ တစ်ဆင့်နေတိုးထံ ဆက်သွယ်ပေးခဲ့တာပါ။
မနေ့က ညနေပိုင်းက ကလေးနဲ့တွေ့ဆုံတဲ့အခါမှာတော့ နေတိုးက သူအကယ်ဒမီရခဲ့တဲ့ နက္ခတ်မှားတဲ့တိုက်ပွဲဇာတ်ကားမှာ ဝတ်ဆင်ခဲ့တဲ့ ဂျာကင်တစ်ထည် အပါအဝင် ဓာတ်ပုံအယ်လ်ဘမ်စာအုပ်နဲ့ သူ့ရဲ့ ဇာတ်ကား ဒီဗီဒီတွေကို အမှတ်တရ လက်ဆောင်ပေးခဲ့သလို အားပေးစကားတွေလည်းပြောကြားခဲ့ပါတယ်။
နေတိုး သွားရောက်တွေ့ဆုံခဲ့တဲ့ ကလေးကတော့ မောင်တောဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်ကြီး တစ်ဦးရဲ့သားဖြစ်ပြီး အကြောနဲ့ကြွက်သား အားနည်းတဲ့ ဝေဒနာခံစားနေရတာပါ။
အဲဒီကလေးကို ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ခရီးစဉ်အတွင်းမှာ တွေ့ခဲ့ပြီး ဆေးကုသပေးဖို့အတွက် ရန်ကုန်ကိုခေါ်ခဲ့တာလို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - ဇွဲဥာဏ်