ရတနသုတ် အနှစ်ချုပ် (အပိုင်း ၃)

  Рет қаралды 25

Lamin Thortar

Lamin Thortar

Күн бұрын

၁၃။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်ကို ရသည်နှင့် တပြိုင်နက်သာလျှင် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဤတရားသုံးပါးတို့ကို ပယ်စွန့်အပ်ကုန်၏။ ကိလေသာ စိုးစဉ်းမျှ ရှိစေကာမူအပါယ်လေးပါးတို့မှ လွတ်၏။ (အာနန္တရိကကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိဟူသော) ခြောက်ပါးသော တရားတို့ကို မပြုတော့ပြီ။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၄။ အတ္တဟူသော မိမိကိုယ် ရှိ၏ဟူ၍ ခံယူခြင်း၊ ရှစ်ပါးသော ဌာနတို့၌ ယုံမှားခြင်း၊ နွားလို၊ ခွေးလို ကျင့်ခြင်းဖြင့် သံသရာမှ လွတ်မြောက်နိုင်၏ဟု အထင်မှားခြင်း၊ ဤအမှားသုံးရပ်ကို သောတာပန်ပုဂ္ဂိုလ်သည် သောတာပန် ပုဂ္ဂိုလ်သည် သောတာပန် ဖြစ်လျှင်ဖြစ်ချင်း ပယ်စွန့်ပြီး ဖြစ်လေ၏၊ မည်သည့်မှားသော အယူကို မဆို ပယ်စွန့်လေ၏။
၁၅။ ထိုသောတာပန် ပုဂ္ဂိုလ်မြတ်သည် အပါယ်လေးပါးမှ လွတ်လေ၏။ လွန်ကဲသော အကြောင်း ခြောက်ရပ်တို့ကိုလည်း မပြုထိုက်တော့ပေ။ ဤသို့လျှင် ယူမှား၊ ယုံမှား တရားသုံးပါးကို ပယ်နိုင်သော သောတာပန်အရိယာ သံဃာရတနာသည်လည်း မြတ်လှပေ၏။ ဤသစ္စာစကားကြောင့် သတ္တဝါတို့အား ကောင်းကျိုးချမ်းသာ ဖြစ်လာပါစေသတည်း။
၁၆။ ထို (သောတာပန်) ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကံကို ပြုစေကာမူ ထိုမိမိပြုသောကံကို မဖုံးလွှမ်းတော့ပြီ။ နိဗ္ဗာန်ကို မြင်ပြီးသော (သောတာပန်)ပုဂ္ဂိုလ်၏ဖုံးလွှမ်းခြင်းမပြုတော့သည့်အဖြစ်ကို (မြတ်စွာဘုရား) ဟောတတ်၏။ သံဃာဟူသော ရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၇။ နွေဥတု၏အစဖြစ်သော တန်ခူးလ၏ ပင်လုံးကျွတ်ပွင့်သော တောအုပ်သည် ကျက်သရေရှိ၍ တင့်တယ်သကဲ့သို့ ထိုတောအုပ်လျှင် ဥပမာရှိသော နိဗ္ဗာန်သို့ ရောက်စေတတ်သော (ပရိယတ္တိ) တရားတော်မြတ်ကို (နိဗ္ဗာန်) အကျိုးငှာ ဟောတော်မူ၏။ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၈။ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်သော နိဗ္ဗာန်ကို သိတော်မူသော မြင့်မြတ်သောတရားကို ပေးတတ်သော မြင့်မြတ်သောမဂ်ကို ဆောင်တတ်သော မိမိထက်သာသူမရှိသော မြတ်စွာဘုရားသည် မြင့်မြတ်သောတရားတော်ကို ဟောကြားတော်မူပြီ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၁၉။ (အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား) ကံဟောင်းကုန်ပြီ ကံသစ်မရှိတော့ပြီ၊ လာလတ္တံသောဘဝ၌ တပ်မက်ခြင်းကင်းသော စိတ်ရှိကုန်သည် ပဋိသန္ဓေမျိုးစေ့ ကုန်ပြီးသည်ဖြစ်၍ စည်ပင်ပြန့်ပွားသော ဆန္ဒမရှိကုန်၊ ဆီမီးငြိမ်းသကဲ့သို့ ပညာရှိသော ထိုရဟန္တာပုဂ္ဂိုလ်တို့သည် ခန္ဓာဇာတ်သိမ်းငြိမ်းကုန်ပြီ၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
၂၀။ မြေ၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကုန်၏။ ထိုငါတို့သည် လာခြင်းကောင်းတော်မူသော နတ်လူတို့ပူဇော်အပ်သော မြတ်စွာဘုရားကိုရှိခိုးပါ၏။ (သတ္တဝါတို့) ချမ်းသာကြပါစေကုန်သတည်း။
၂၁။ မြေ၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကုန်၏။ ထိုငါတို့သည် ကိလေသာတို့ကိုဖျက်ဆီးတတ်သော နတ်လူတို့ပူဇော်အပ်သော တရားတော်ကိုရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေကုန်သတည်း။
၂၂။ မြေ၌တည်ကုန်သောနတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကုန်၏။ ထိုငါတို့သည် မချွတ်မယွင်းကျင့်ခြင်းရှိတော်မူသော နတ်လူတို့ပူဇော်အပ်သော သံဃာတော်ကိုရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။
Wikiwand

Пікірлер: 1
@MgLay-b1t
@MgLay-b1t 32 минут бұрын
အပိုင်း၂ကိုကျေးဇူးပြု၍ပြန်တင်ပေးပါခင်ဗျာ
小路飞嫁祸姐姐搞破坏 #路飞#海贼王
00:45
路飞与唐舞桐
Рет қаралды 27 МЛН
Un coup venu de l’espace 😂😂😂
00:19
Nicocapone
Рет қаралды 6 МЛН
Don't look down on anyone#devil  #lilith  #funny  #shorts
00:12
Devil Lilith
Рет қаралды 28 МЛН
小路飞嫁祸姐姐搞破坏 #路飞#海贼王
00:45
路飞与唐舞桐
Рет қаралды 27 МЛН