Рет қаралды 103,934
ရောဂါကြီးကြီးမားမားမရှိပဲ ကြောက်စိတ်ကြောင့် ကွယ်လွန်သွားခဲ့တာပါ ညီညီမင်းထက်
မိန်းမက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကိုညီဘွား ကင်ဆာ ဖြစ်နေတဲ့အချိန် ကျွန်တော်နဲ့ အတူ ဆေးရုံကိုသွားကြည့်ကြတယ်။ သွားအားပေးကြတယ်။ လည်ပင်းအကြိတ်လေးကနေ က-င်-ဆာ- ဖြစ်တာပေါ့။ ကိုညီဘွားမခွဲခင်ရော ၊ ခွဲပြီးတဲ့အချိန်ရော သူပါတယ်။ သူ့လည်ပင်းမှာ အဖုလေးဖြစ်တော့ အဲ့ဒါကို သူက စိုးရိမ်နေတယ်။ ကြောက်နေတယ်။ မိန်းမက အရမ်းလဲ ကြောက်တတ်တယ်။ သူ့ကိုယ်သူလဲ အရမ်း ဂရုစိုက်တယ်။ လည်ပင်းအဖုကို ထူးခန့်ကျော်နဲ့လဲ ပြတယ်။ ဘာမှမဖြစ်ဘူးပြောလဲမရဘူး။ အင်္ဂလိပ်ဆေးခန်းတွေလဲ ပြတယ်။ အဲ့အဖုကြောင့် သူက မစား မအိပ်တော့ပဲ အားပြတ်လာတယ်။ စိတ်ကိုကုရမဲ့ အခြေအနေထိဖြစ်လာတယ်။ ဆေးရုံတင်တော့လဲ ရောဂါမရှိဘူး။ အစား အသောက်ပြတ်တယ်ပဲပြောတယ်။ သူ့ကိုလဲပြောတယ်။ သူကမရဘူး။ သူ့စိတ်ကိုက ကိုညီဘွားဖြစ်တာကို မြင်ပြီးကြောက်ပြီး မစားနိုင်မသောက်နိုင် နဲ့ ကွယ်လွန်တဲ့ထိ ဖြစ်သွားတာပါ။ ဖြစ်ချင်တော့ မိန်းမ ရက်လည်မတိုင်ခင်တစ်ရက်က သားနဲ့ကျွန်တော်ရဲ့ မွေးနေ့ပေါ့။ တရားသဘောအရ ဖြေရရင်တော့ သူ့ကံကုန်တယ်လိုပဲ သဘောထားပါတယ်။