ရွာကိုဗုံးကြဲလို့ မွေးနေ့မှာ ဈာပနဖြစ်သွားရတဲ့ မြို့ဟောင်းရွာ ဆရာတော် | MAWKUN

  Рет қаралды 527

MawKun Magazine

MawKun Magazine

3 ай бұрын

ရွာကိုဗုံးကြဲလို့ မွေးနေ့မှာ ဈာပနဖြစ်သွားရတဲ့ မြို့ဟောင်းရွာ ဆရာတော်
ကော့ကရိတ် - ၂၀၂၄ ဧပြီ ၂၄ (မော်ကွန်း)
အခုလ ၁၈ ရက် နေ့လယ်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကော့ကရိတ်မြို့တောင်ပိုင်း၊ မြို့ဟောင်းကျေးရွာရဲ့ ဘုန်းတော်ကြီးကျောင်းပေါ် ဗုံးသီးကျရောက်ပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဦးပဏ္ဍိတဟာ ဆွမ်းဘုန်းပေးနေရင်း ပျံလွန်တော်မူခဲ့ရပါတယ်။
အခုမြင်ကွင်းကတော့ ဧပြီ ၂၀ ရက်က ပြုလုပ်တဲ့ ဆရာတော်ရဲ့ ဈာပနဖြစ်ပြီး ဆရာတော်ရဲ့ ၈၈ နှစ်ပြည့် မွေးနေ့ဆိုလည်း မမှားပါဘူး။
အဲဒီနေ့က မြို့ဟောင်းကျေးရွာရဲ့ ကောင်းကင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ Y-12 လေယာဉ်ဟာ ပျံဝဲနေခဲ့တာပါ။ ရွာသားတချို့ကတော့ ဒရုန်းနဲ့ကြဲချတယ်လို့လည်း ဆိုကြပါတယ်။
ကြဲချချိန်မှာတော့ ဆရာတော်နဲ့အတူ ကပ္ပိယအပါအဝင် ရွာသားသုံးဦး ထိမှန်ခဲ့ပါတယ်။
ကြဲချတဲ့ ဗုံးသီးဟာ ဆွမ်းစားနေတဲ့ ဆရာတော်ရှိရာ နေရာတည့်တည့်ကို ထိမှန်ခဲ့တာလည်းတွေ့ရပါတယ်။
ဆေးကုသဖို့ ပို့ဆောင်နေတုန်း လမ်းမှာပဲ ပျံလွန်တော်မူခဲ့ရတယ်လို့ မြို့ဟောင်းကျောင်းက သံဃာတွေဆီကသိရပါတယ်။
ဆရာတော်ရဲ့ ဈာပနကို အနီးအနားရွာတစ်ရွာမှာပဲ ပြုလုပ်ခဲ့ပြီး အဲဒီနေ့မှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ Y-12 လေယာဉ်နဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ လာရောက်ဝဲပျံခဲ့တာလည်း တွေ့ခဲ့ရပါတယ်။
ကော့ကရိတ်မြို့ကို အာဏာသိမ်းစစ်တပ် ပြန်လည်ရယူပြီးတဲ့နောက် စစ်တပ်ဟာ မြို့တောင်ပိုင်းက ရွာတွေကို စစ်ကြောင်းထိုးနေပါတယ်။
စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။

Пікірлер
Best KFC Homemade For My Son #cooking #shorts
00:58
BANKII
Рет қаралды 56 МЛН
Cat Corn?! 🙀 #cat #cute #catlover
00:54
Stocat
Рет қаралды 16 МЛН
Now THIS is entertainment! 🤣
00:59
America's Got Talent
Рет қаралды 38 МЛН
WHO LAUGHS LAST LAUGHS BEST 😎 #comedy
00:18
HaHaWhat
Рет қаралды 23 МЛН
Karen food jor dudu#delicious  natural food
36:44
KAREN DUDU LIFE
Рет қаралды 218
Yangon New City Plan
10:18
RFA လွတ်လပ်တဲ့အာရှအသံ
Рет қаралды 56 М.
Best KFC Homemade For My Son #cooking #shorts
00:58
BANKII
Рет қаралды 56 МЛН