မိတ်ဆွေမှတ်သားမှုမှားနေသလားပါ။စောဘဦးကြီးလုပ်ကြံခံရတာတဲ့အချိန်ဟန်တာသာမွှေးမပါပါဘူး၊ general Sai K နဲ့မှားနေတာနဲ့တူတယ်။နေဝင်းနဲ့ငြိမ်းချမ်းရေးလုပ်တာက၁၉၆၃(တော်လှန်ရေးကောင်စီကာလ)ပါ။အချိန်ကာလအားဖြင်း ၁၀ စုနှစ်တခုနီးပါးကွာပါတယ်။စောဘဦးကြီးလုပ်ကြံခံရတာကဖာပွန်နယ် ထိုကော့ကိုးကျေးရွာအနီးကလယ်တဲမှာ၊ကိုယ့်ကရင်အချင်းချင်းယုံကြည်မှုလွန်ကဲပြီးကိုယ်ရံတော်မထားဘဲဘဲအပြန်လမ်းမှာ၊ကရင်သစ္စာဖောက်တဦးရဲ့တိကျတဲ့သတင်းပေးမှုကြောင့်ဗိုလ်စိန်လွင်( ၈၈ အရေးအခင်းမှာအချိန်တိုသမတ) လုပသူရဲ့တပ်နဲ့တိုက်ပွဲဖြစ်ပြီး၊ပေါင်သေနတ်မှန်ပြီးအဖမ်းခံရ၊၊ဆေးကုသမှုလုံးဝမယူဘဲ၊ကျဆုံးခဲ့ရတာပါ။အမှားပါရင်မိမိမှတ်သားမိတာမှားတယ်လို့ခံယူပါတယ်။