ဘဝင်ရှု့ကွက်တရားတော်

  Рет қаралды 223,972

Samsara Visitor

Samsara Visitor

Күн бұрын

ဘဝင်ရှူ့ကွက်တရားတော်
#ဝိဇ္ဇောဒယသဲအင်းဆရာတော်ဘုရားကြီး
#တရားတော်များ
#samsaravisitor
တကယ်က ဒီလက်ရှိ ထိုင်နေတဲ့
ရုပ် ထက် ဆိုးတာက " စိတ် " ။
ရုပ် က ဘာမှ မသိရှာဘူး။
အဲ့ဒီ စိတ်ထက် လျှင်တဲ့ကောင်က အာရုံ။
ဒီ အာရုံက ဆိုးတာ ။
အာရုံ ကလည်း ဘာလို့ဆိုးလည်းဆိုတော့ ...
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော တွေမှာ
တံခါးတွေ မပိတ်ခဲ့လို့
အာရုံတွေလိုက် ကျက်စားခံရတာ။
တံခါးတွေမှာ သတိဆိုတဲ့
အစောင့်တွေထားခဲ့ရင် အာရုံတွေ
ကျက်စားမခံရဘူး။
ဒီ ခြောက်ဒွါရမှာ သတိတွေမထားတော့
တံခါးမရှိ ဓားမရှိ အာရုံတွေ
ကျက်စားခံရတာ ။ မိမိတို့ ဘာမှမသိတော့ဘူး။
ဒီဘဝ သေမှသာ သေသွားရော
နောက်ဘဝ ကူးသွားတယ်။
ဒီရုပ်ကြီးကို သေမှန်းတောင်မသိ၊
နောက်ဘဝမှာ ဆက်ပျော်သွားရော့။
ဒီဘဝမှာ သားသမီး သေလို့၊
မိဘသေလို့ သေအောင်ငို ...
ဟိုပုဂ္ဂိုလ်က သိတောင်မသိတော့ဘူး။
ရောက်တဲ့ဘဝမှာ ဆက်ပျော်သွားရော။
မိမိတို့ ကြည့်ကြလေ ဟိုဘက်ဘဝကို
သိသလား မသိပါဘူး။
ဒီဘက်မှာပျော်လို့၊ အနာထပိဏ်
သူဌေးကြီးလည်း ကြည့်လေ
ဒီဘက်မှာသေလို့ အလောင်းကြီးထားပြီး
ငိုလို့ရှိသေးတယ်။
အနာထပိဏ်သူဌေးက နတ်သားဖြစ်သွားပြီ။
သတိကို မရတော့တာ။
အဲ့လိုပါပဲ - ယောဂီတွေလည်း
သေခါနီးကျရင် မိမိအစွဲနဲ့ပါသွားရော
ဒီဘက်ကျန်တဲ့မိသားစုကို
ဘယ်လိုမှမသိနိုင်တော့ဘူး။
ဘုန်းဘုန်းကို လာလာမေးကြတယ်၊
တချို့ သေသွား ဘယ်ရောက်သွားလဲ
ဘုန်းဘုန်းတို့ သိသော်လည်း
တချို့က အမှန်ပြောတာ
သဘောမတွေ့တတ်တော့ မပြောဖြစ်ခဲ့ဘူးပေါ့။
ဘုန်းဘုန်းရဲ့ အမအရင်း
ဘယ်ရောက်သလဲဆိုတော့
ကမ္ဘာကြီးရဲ့အောက်ဆုံး
မှောင်နေတဲ့ အခြမ်းအောက်မှာ
သမုဒ္ဓရာကြီးရှိတယ်။
အဲ့ထဲမှာ နဂါးကြီးဖြစ်နေတယ်။
ဘယ်တော့မှမကျွတ်တော့ဘူး။
ဘုန်းဘုန်းစိတ်ထဲမှာပါ။
ငါ့ အမ ဘယ်ရောက်နေလည်း
မသိဆိုတဲ့ စိတ်တစိတ်ဖြစ်သွားပြီး
ဆင်ခြင်ကြည့်လိုက်တော့ ...
ဟိုပြာပြာကြီးထဲမှာ မှုံတီမှုံဝါး
ညနေစောင်း အစိမ်းရောင်ကြီးတခုတွေ့တယ်။
အဲ့ထဲမှာ ဖွေးခနဲ ဖွေးခနဲ ဘာတွေလည်းလို့
သမာဓိနဲ့ကြည့်လိုက်သွားတာ
လှိုင်းလုံးကြီးတွေ ...။
ဒီကျောင်းတောင်မကဘူး။အောက်ရောက်သွားတော့ ချောက်ကြီးတွေလိုဖြစ်နေတာ။
အဲ့လှိုင်းလုံးကြီးတွေကြားမှာ
မိန်းကလေးတွေ ဆံပင်တွေချပြီး
ငုပ်ချီ ပေါ်ချီ၊ ငါးရံ့သားပေါက်တွေလို
ကူးပြီး ပျော်နေကြတာ။
ဒီလောက် အသူတရာ နက်တဲ့
ချောက်ကြီးထဲမှာ သူတို့ဘာလုပ်နေတာလည်း
ကြည့်နေရင်း တခြားတဖက်မှာ
ဘုန်းဘုန်းအမ သွားမြင်တယ်။
သူလည်း ငုပ်ချီပေါ်ချီ၊ ပေါ်လိုက်ရင်
ရေတွေနဲ့ လုံးလုံးသွားတော့ ရုပ်ကိုမမှတ်မိဘူး။
စိတ်ကတော့ အော် ငါ့မမ ပါလားသိတယ်။
ဘုန်းဘုန်းက "မမရေ" လို့ လှမ်းခေါ်လိုက်တော့
ငုပ်သွားတာပဲ။ နောက်တခါ "မမ" ဆိုတာနဲ့
ငုပ်သွားပြီ၊ နောက်တခါ "မ" ဆိုတာနဲ့
ငုပ်သွားပြီ၊ နောက်ကျတော့
ခေါ်လို့ကို မရတော့ဘူး။
သွားအမျှပေးဘို့ကတော့ဝေးရော၊
လှုပ်စိ လှုပ်စိနဲ့
ဪ ငါ့မမ ဘာဖြစ်နေလဲ မသိဆိုပြီး
စိတ်ကလည်းဖြစ်ရော အဲ့ဒီနေရာမှာ
ဒီတဝန်းလောက်ရှိတယ် ။
ဖွါးခနဲဆို တက်သွားလိုက်တာ
နှုတ်သီးကြီးတင် (၁၅) ပေ ပတ်လည်လောက်
ရှိတယ်။ ကိုယ်လုံးကြီးကလည်း အကြီးကြီးနဲ့ ထန်းပင်ကြီးလို တစောင်းကြီး ထိုးတက်သွားတာ။
ဘာနဲ့ တူသလည်းဆိုတော့ ငါးရှဉ့်ကြီးကို
ကြက်အမောက်ကြီး တတ်ထားသလိုပဲ
ဘုန်းဘုန်းရင်ထဲမှာ ဒိတ်ခနဲဖြစ်သွားတယ်။
ပြန်ကျလာပြီး ငုပ်စိ ငုပ်စိနဲ့ ဪ
သူတို့ နဂါးတွေဖြစ်နေပါလား။
ဒီနဂါးတွေ ဘယ်တော့မှ မကျွတ်ပါလား။
သူတို့လည်း ဘာမှလုပ်မရ ဘုန်းဘုန်းလည်း
စိတ်ပျက်ပြီးပြန်လာခဲ့တာ။
ဒီမှာ တရားအားထုတ်လျက်ပါပဲ။
ဒါ အာရုံနဲ့ လိုက်သွားတာတွေနော်။
ဘုန်းဘုန်းမယ်တော်ကြီးလည်း ဒီလိုပါဘဲ။
ကောင်းရာမွန်ရာ ဘုံတခုမှာ ရောက်နေတယ်၊
ရုပ်ကတော့ အရင်ရုပ်နဲ့တခြားစီပေါ့။
အဲ့မှာ တရားအားထုတ်လို့ရတယ်။
အဲ့မှာ စံစားနေကြတာပါပဲ။ ဒါတွေက
အာရုံနဲ့ လိုက်လိုက်သွားတာ။
ဒါတွေ ဟောပြတာက ယောဂီတို့
လုပ်လာတဲ့ခါ လမ်းလွဲမှာစိုးလို့
ဘုန်းဘုန်း ပြောပြတာ။
ဒီ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ
စျာန်တွေ ရလာမှ ဒီဘက်မှာ
အလုပ်လုပ်လို့ သိပ်ကောင်းတယ်။
ဒါက စျာန်ကောင်းတဲ့ပုဂ္ဂိုလ်တွေ၊
စျာန်ခြောက်တဲ့ ပုဂ္ဂိုလ်တွေကျတော့
ဒီဘဝင် ကနေ ချုပ်တာတို့၊
လွတ်တာတို့ ဒီ ပညတ် ပရမတ်ကို
ကွဲရင်ရတယ်။ ပညတ် ပရမတ်ကို
ကွဲအောင်ရှူ့ကြ၊ ကြိုးကြိုးစားစားနဲ့
အားထုတ်ကြပါလို့
ဘုန်းဘုန်း က တိုက်တွန်း နှိုးဆော်တာပါပဲ။
CREDIT ပေးပါ၏
ဝိဇ္ဇောဒယ သဲအင်းဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏
/ samsaravisitorဝိပဿနာ အလုပ်ပေးတရားတော်

Пікірлер: 86
When you have a very capricious child 😂😘👍
00:16
Like Asiya
Рет қаралды 18 МЛН
Try this prank with your friends 😂 @karina-kola
00:18
Andrey Grechka
Рет қаралды 9 МЛН
Леон киллер и Оля Полякова 😹
00:42
Канал Смеха
Рет қаралды 4,7 МЛН