Рет қаралды 239,370
အားလုံးပဲ မင်္ဂလာပါရှင်။ The Reader Myanmar Channel က ကြိုဆိုပါတယ်။ ဒီတစ်ခါပြောပြပေးမှာကတော့
သင့်ကျောက်ကပ်တွေ အကူအညီလိုနေပြီဆိုတာကို သိနိုင်မယ့်လက္ခဏာ(၁၀) ချက် ဆိုတဲ့အကြောင်းပဲဖြစ်ပါ တယ်။
နေ့စဉ်ဘဝရဲ့ နိစ္စဓူဝ ရုန်းကန်လှုပ်ရှားမှုတွေကြားထဲမှာ နစ်မြုပ်ပြီး ကျွန်မတို့ ရှင်သန်နေထိုင်ဖို့အတွက် ခန္ဓာကိုယ်ကလည်း ထောင်ပေါင်းများစွာသော လုပ်ဆောင်ချက်များကို မနေမနားလုပ်ဆောင်ရင်း အဆက်မပြတ် မတန်တဆ တွန်းအားပေးခံနေရပါတယ်ဆိုတာကို မိတ်ဆွေတို့သတိထားမိပါရဲ့လား။
ဟုတ်ပါတယ်။ တကယ်လို့ သင့်ရဲ့ခန္ဓာကိုယ်ထဲက ကလီစာတွေက ပုံမှန်လုပ်ဆောင်နေကျ လုပ်ငန်း တစ်ခုခုကို လုပ်နေကျအတိုင်းဆက်မလုပ်နိုင်တော့တဲ့အခါမှာ သင့်ကို အချက်ပြအကူအညီတောင်းပါတယ်။ တကယ်လို့ ဒီအချက်ပြမှုတွေကို လျစ်လျူရှုလိုက်မယ်ဆိုရင်တော့ မိတ်ဆွေအတွက် ဆိုးရွားလှတဲ့ဆိုးကျိုးတွေကို ရရှိစေတော့ မှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် The Reader Myanmar ကနေ မိတ်ဆွေတို့ရဲ့ကျောက်ကပ်တွေ ကောင်းစွာအလုပ်မလုပ်တော့
တဲ့အခါမှာ အချက်ပြတတ် တဲ့လက္ခဏာဆယ်ခုကို စာရင်းပြုစုပေးထားပါတယ်။ ဒါ့ကြောင့် ဒီဗီဒီယိုလေးကို အဆုံး ထိကြည့်ပြီး သင့်ရဲ့ကျောက်ကပ်တွေက ကောင်းကောင်းအလုပ်လုပ်နေသေးရဲ့လားဆိုတာကို ဆန်းစစ်နိုင်ကြည့် လိုက်ပါဦး နော်။