#သရဏဂုံံတန်ခိုး

  Рет қаралды 20,655

DHAMMA KARMA CHANNEL

DHAMMA KARMA CHANNEL

Күн бұрын

#တောရရဟန်းတစ်ပါးပြောပြတဲ့
🍡🍡🍡သရဏဂုံတန်ခိုး🍡🍡🍡
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
အရှင်ကောဝိဒ ရခိုင်ရိုးမတောင်တန်း
"တပည့်တော် နာမည်က လူ့ဘဝတုန်းက ဦးသောင်းမြ၊ ရဟန်းဘဝရတော့ ဦးသူရိယ၊တပည့်တော် ငယ်စဉ်အခါ
သူငယ်တန်း ကျောင်းသားဘဝထဲက အရက်အစွဲအမြဲ သောက်ခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ တပည့်တော်ရဲ့
အဖေစစ်သား၊ အမေက ကချင်၊ တပည့်အိမ်မှာ ခေါင်တို့ အရက်တို့ဆိုတာ ဘယ်တော့မှမပြတ်ဘူး။
သူတို့အရက် သောက်နေရင် တပည့်တော်ကို တစ်နှစ်နှစ်နှစ်အရွယ်က
ထဲက အရက်လေးတစ်ဇွန်းလောက်တိုက်တယ်၊ နောက်တော့ အကျင့်ဖြစ်လာတယ်၊ အိမ်သည်တွေပြန်သွားရင်
ကျန်တဲ့ခွက်မှန်သမျှ လိုက်မော့တော့တာပဲ၊ ကျောင်းစ တတ်တော့ မုန့်ဖိုးရရင်တောင်မှ မုန့်ဘယ်တော့မှ မဝယ်
စားဘူး၊ အရက်ပဲဝယ်သောက်တယ်၊ သောက်တဲ့အကျင့်များနေတော့ နဲနဲသောက်ထားလိုကတော့ ဘယ်သူမှတောင်မသိဘူး၊
ဒါပေမဲ့ တပည့်တော်က အရက်သောက်ပေမဲ့ မေမေသင် ထားတဲ့
#သရဏဂုံသုံးပါး ကိုတော့ ဘယ်တော့မှမမေ့ဘူး။ နေ့တိုင်းလိုလို အားတိုင်းရွတ်နေမိတယ်၊ ရွတ်နေရမှ
နေ့လို့ထိုင်လို့ကောင်းတယ်၊ မရွတ်ရင် တစ်ခုခုလိုနေသလိုကို ခံစားရတယ်၊ အရက်လဲ မသောက်ရရင် မနေနိုင် သလို သရဏဂုံကိုလဲ မရွတ်ရရင် မနေနိုင်ဘူး၊
ဘယ်လောက်ထိ သရဏဂုံသုံးပါးကို ရွတ်ဖတ်အား ကောင်းခဲ့သလဲဆိုရင် နောက်ဆုံး တစ်နေ့ အရက်ငါးလုံး
သောက်တဲ့ ယစ်ထုတ်ကြီးဘဝရောက်တာတောင် သရဏဂုံသုံးပါးကို အမြဲမမေ့ဘူး၊သောက်နေတုန်းမှာလဲ အားနေ
ရွတ်နေတာပဲ၊ မူးလို့မောက်လို့ မထနိုင်ရင် တောင်မှသရဏဂုံသုံးပါးကို ဗလုံးပထွေး ရွတ်နေတာပဲ၊
အဲ့ဒီလောက်အထိကို သရဏဂုံကို အမြဲတရပ်စပ် ဆောင်ထားခဲ့တယ်၊
တပည့်တော်က ထောက်ပို့က တပ်ကြပ်ကြီးတစ်ဦး ဆိုတော့ တစ်နေ့ စစ်မြေပြင်ကို ထောက်ပို့ပစ္စည်းတွေ လိုက်ပို့ရင်း တပည့်တော်တို့ကားကို မိုင်းထိခဲ့တယ်၊
မိုင်းပြင်းအားက ဘယ်လောက်ထိအောင်ပြင်းသလဲ ဆိုရင် ကားဘော်ဒီတွေအားလုံး ရစရာမရှိအောင် စုပ်ပြတ်သပ်ခဲ့တယ်၊ ဒါပေမဲ့ တပည့်တော်နဲ့ကားသမားက ဒဏ်ရာအသေးလေးတစ်ခုတောင်မရပဲ အဝေးကြီးက ပဲခင်းထဲကို ကျသွားတယ်၊
အဲ့ဒါ ဘာတန်ခိုးလဲဆိုတော့ ကားပေါ်မထွက်ခင် သရဏဂုံရွတ်တယ်၊ သဗ္ဗုဒ္ဓေ
ကိုးခေါက်ရွတ်တယ်၊ကိုးခေါက်ဆိုတာက အကျယ်ရလို့ ပဲရွတ်တာမဟုတ်ဘူး ခေါင်းစဉ်လေးပဲရွတ်တာ၊ ကားသမားလဲ လက်အုပ်ချီပြီး ပါးစပ်က လှုပ်စိလှုပ်စိနဲ့
ရွတ်နေတာတော့တွေ့တယ်၊ ဘာရွတ်နေတာလဲဆိုတာတော့ တပည့်တော်လဲ မသိဘူး၊ ဒါ တပည့်တော် ရွတ်ခဲ့တဲ့ ဘုရား၊တရား၊သံဃာ ရတနာရဲ့အကျိုးပဲ ဘုရား၊
နောက်တစ်ခါလဲ ရေကျောင်းခရီးနဲ့ တောင်နှစ်လုံးကြားကနေအပေါ်ကို ဆန်တတ်ခုတ်မောင်းပြီး ထောက်ပို့ပစ္စည်း တွေသွားပို့ရသေးတယ်၊ လမ်းခရီးတစ်ဝက် တောင်ကုန်းနှစ်ကုန်းပေါ်မှာ သူပုန်တပ်တွေက အပြည့်တပ်စွဲထားတယ်၊ ပထမ ထောက်ပို့တစ်ဖွဲ့သွားတယ်၊ တစ်ဦးမှမရှင်ဘူး၊ အခု ဒုတိယ တပည့်တော်တို့့အလှည့်၊ သေလမ်းပဲရှိတယ်၊
ရှင်လမ်းမရှိဘူးဆိုတာသိတယ် ဘုရား၊ ဒါပေမဲ့ အထက် အမိန့်ဆိုတော့ မလိုက်နာလို့မရဘူး၊ ဒါပေမယ့် ချက်ချင်းမထွက်ရသေးဘူး၊ ကြားမှာ အချိန်နှစ်ရက်ကျန်သေးတယ်၊
တပည့်တော်က အဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်၊ စစ်သားတွေ ဆိုပေမဲ့လဲ သေရမှာကို အားလုံး ကြောက်ပြီးနေကြတယ်၊ နောက်တော့ တပည့်တော်က အကြံတစ်ခုပေးတယ်၊ တပည့်တွေကို ပြောတယ်၊
"ငါ အရက်ကို ဘယ်လောက်ကြိုက်ခဲ့ဆိုတာ မင်းတို့အားလုံးသိတယ်၊ ဘယ်သူဖြတ်ခိုင်းလို့မှ ဒီအရက်ကို မဖြတ်
ခဲ့ဘူး၊ ဒီနေ့စပြီး ငါအရက်ကို ထောက်ပို့ပစ္စည်းတွေ မရောက်မခြင်း ငါမသောက်တော့ဘူး၊"
ဒီနေ့ကစပြီး မင်တို့လဲ ခရီးစဉ်မပြီးမခြင်းမှာ သရဏဂုံ ဆောက်တည်ပါ၊ ငါးပါးသီလ လုံအောင်ထိန်းပါ၊ သဗ္ဗုဒ္ဓေ
ရွတ်ကြပါလို့ မှာကြားတယ်၊ သေမှာကြောက်လို့ အားလုံး လိုက်နာကြတယ်၊
ရဟန္တာဖြစ်ခဲ့တဲ့ သာဓကတစ်ခုရှိခဲ့ဖူးတယ်၊ အတ်ိတ်ဘဝတစ်ခုတုန်းက တစ်ဘဝတာ ဆောက်တည်ခဲ့သော သရဏဂုံ ကုသိုလ်ကြောင့် ……
(၉၁)ကမ္ဘာ အပါယ်လေးပါးသို့ မကျရောက်ခဲ့ရဘူး၊
အကြိမ်(၈၀) သိကြားမင်းဖြစ်ခဲ့တယ်၊
(၇၅)ကြိမ် စကြာမင်းဖြစ်ခဲ့တယ်၊
ရိုးရိုးပဒေသရာဇ် ဧကရာဇ်ဘုရင်အဖြစ် အကြိမ်ကြိမ် အခါခါဖြစ်ခဲ့တယ်၊
အဆုံးဘဝတွင် မြတ်စွာဘုရားသာသနာ၌ (၇)နှစ်သားအရွယ်မှာပင် ရှင်သာမဏေအဖြစ် ခံယူ၍ သရဏဂုံအဆုံး၌ ရဟန္တာဖြစ်ခဲ့ပြန်တယ်၊ သရဏဂုံဆောက်တည်ခဲ့သော
ကုသိုလ်ကြောင့် အစွန်းဆုံးဘဝမှာ ဒုက္ခခပ်သိမ်းငြိမ်းခဲ့ရတယ်၊
သရဏဂုံတည်ခဲ့သူသည် လူနတ်ဗြဟ္မာ မည်သည့်ဘဝသို့ ရောက်ရောက် ……………
၁။ လူအများ၏ ပူဇော်ခံရခြင်းကို ခံယူရတယ်၊
၂။ ထူးထူးခြားခြား သူများတွေထက် ဥာဏ်ကောင်းတယ်၊
၃။ သူ၏အလိုသို့ အများက လိုက်ရတယ်၊
၄။သတ္တဝါအားလုံးက နှစ်သက်တယ်၊
၅။ သတ္တဝါအားလုံးက ချစ်ခင်တယ်၊
၆။ ရွှေအဆင်းကဲ့သို့ လှပတယ်၊
၇။ ကျော်စောထင်ရှားတယ်၊
၈။ စည်းစိမ်များပြားတယ် စသည့်ဖြင့်
အပါဒါန်ပါဋိတော်မှာ လာရှိတယ်၊
ဒါကြောင့် ဒကာ၊ဒကာမအပေါင်းသူတော်ကောင်းတို့လဲ လောကီအရေးမှန်သမျှ တိုးတတ်စေဖို့၊ဘေးရန်ခပ်သိမ်း
ငြိမ်းစေဖို့၊ နောက်ဆုံး အရဟတ္တမဂ် အရဟတ္တဖိုဟ် ရရှိစေဖို့ သရဏဂုံကို အမြဲတရစပ် ရွတ်ဖတ်သရဇ္ဇယ်ပွားများကြပါလို့ မေတ္တာစေတနာရှေ့ထားပြီး နိူးဆော်လိုက်ရပါပြီ သူတော်ကောင်းတို့။
🍡🍡အရှင်ကောဝိဒ (ရခိုင်ရိုးမတောင်တန်း)🍡🍡🍡
Credit...သရဏ ဂုံတော် Page မှယူ၍ထပ်ဆင့်ပြန်လ
ည်မျှဝေအပ်ပါသည်။
#credit_to_owner
#buddha
#dhamma
#buddhist
#buddhism
#buddhainspired
#buddha_stories
#buddhastory
#buddhateachings
#buddhaquotes
#buddhaquotesonlove
#buddhapurnima2023
#buddha_face_carving
#buddhawhatsappstatus
#dhammachannel
#dhammastudio
#dhammaschool
#dhammatube
#ဘာသာရေး #ကုသိုလ်
#မြတ်စွာဘုရား
#ဘုရား #ဘုရားသခင်
#ဘုရားသမိုင်းအကြောင်း
#တရားတော် #တရားေတာ္
#တရားတို #တရားတော်များ
#တရားအမေးအဖြေ
#တရားအမေးအဖြေများ
#တရားတော်များစုစည်းရာ
#တရားတော်များ2021
#တရားတော်များ2022
#တရားတော်များ2023
#အသိပညာ #သုတရသ
#သုတ #သုတရသစာပေများ
#စိတ်ခွန်အား #စိတ်
#စိတ်ဓာတ်ခွန်အားရှိစာပေများ
#စိတ်ဓါတ်မြှင့်တင်ရေး
#စာအုပ် #စာအုပ်စာပေ
#စာပေ
#ညတိုင်းဖွင့်
#ညပိုင်းမေတ္တာပို့များ
#ပညာပေး #ပညာရေး
#ပညာေပး

Пікірлер: 20
@tinswe4482
@tinswe4482 5 күн бұрын
သာဓု သာဓု သာဓုပါ
@koko-jd1qj
@koko-jd1qj 5 күн бұрын
ကျန်တော်အမြဲရွတ်ဆိုပူဇော်ပါတယ် ကျေးဇူးပါဆရာ
@user-su8mq5th3g
@user-su8mq5th3g 8 күн бұрын
ပြောကြားပေးသောသူရယ်.စကားပြောတာအောက်မေးလေထိနေလို့လားကွယ်❤သွက်သွက်လက်လက်လေး.ရွက်ပါလားဟယ်.စိတ်မရှည်လိုက်တာဟယ်❤❤❤❤❤❤❤❤❤❤❤❤❤❤❤
@DHAMMAKARMACHANNEL
@DHAMMAKARMACHANNEL 8 күн бұрын
ဟုတ်ကဲ့ဗျ ခုလိုပြောပြပေးတာကျေးဇူးပါ ဒီထက်ပိုကောင်းအောင်ကြိုးစားပေးပါ့မယ်ဗျ
@ShweWin-r9k
@ShweWin-r9k Ай бұрын
သာဓုသာဓုသာဓုပါဘုရား
@ZawLatt-p6r
@ZawLatt-p6r Ай бұрын
ကျေးဇူးပါ သာဓုသာဓုသာဓုပါ
@cznhht3462
@cznhht3462 Ай бұрын
သာဓု သာဓု သာဓု 🎉🎉🎉
@donemakerko2869
@donemakerko2869 Ай бұрын
သာဓု သာဓု သာဓု!~ 🙏🙏🙏
@user-lw6nq5vg5t
@user-lw6nq5vg5t Ай бұрын
သာဓု သာဓု သာဓုပါဗျာ
@AungZayOo-g3i
@AungZayOo-g3i Ай бұрын
ကျေးဇူးတင်ပါတယ်သာဓုပါ
@kyawmyint3922
@kyawmyint3922 3 күн бұрын
Thanks 😊
@KyawWinMg-i1i
@KyawWinMg-i1i 5 сағат бұрын
မျှဝေပြောကြားပေးသူအားကျေးဇူးများစွာတင်ရှိပါသည် အလွန်တန်ဖိုးရှိလှပါသည်
@user-uv1ty1gf9d
@user-uv1ty1gf9d 28 күн бұрын
🙏🙏🙏🙏🙏🙏🙏
@eiei8289
@eiei8289 20 күн бұрын
🙏🙏🙏
@kristto-ii2pj8lc6c
@kristto-ii2pj8lc6c 5 ай бұрын
🙏🙏🙏🙏💙💙💙🌸🌸🌸
@AungAung-bn8mu
@AungAung-bn8mu 7 күн бұрын
စကားကိုပီအောင်ပြော
@user-ht5lc5xv5b
@user-ht5lc5xv5b Ай бұрын
သာဓုသာဓုသာဓုပါ
@MYATHANDARWIN-cn2ou
@MYATHANDARWIN-cn2ou Ай бұрын
သာဓုသာဓုသာဓုပါ
@user-bp5et4rb6k
@user-bp5et4rb6k 21 күн бұрын
သာဓုသာဓုသာဓုပါဘုရား
@winkyi-v4y
@winkyi-v4y 20 күн бұрын
a
大家都拉出了什么#小丑 #shorts
00:35
好人小丑
Рет қаралды 83 МЛН
တရား# အိပ်ပြီး တရားနာခြင်း
11:02
အမှန်တရားရှိရာသို့
Рет қаралды 524 М.