ဆားပုလင်းနှင်းမောင် နှင့် ဂစ်ဒီစိန်

  Рет қаралды 2,902

Tawhlan Entertainment

Tawhlan Entertainment

Күн бұрын

၀တ္ထု မင်းသိင်္ခ၊စီစဉ်သူ သန်းတင့်အောင် (စကု) ရဲ့
ဆားပုလင်းနှင်းမောင်နှင့် ဂစ်ဒီစိန် ဇာတ်လမ်း။
ကောလိပ်ဂျင်နေဝင်း၊ဟန်ဇော်ထွန်း၊လင်္ကာဒီပလှမင်းထက်၊ကေတုမတီမျိုးအောင်၊ကျော်ဝင်းအောင်
မင်းသိင်္ခ [အသံထွက်မှာ (မင်းသိန်ခ)]။ မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး၏ ကလောင်အမည်ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြိုးပမ်းမှုရှိသော / ၀တ္တု အတိုအရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသား ကောင်းသူတစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင် ပြောင်းလဲခြင်းမှအစပြုပြီး (အတတ်ပညာများ) (လက်တွေ့ ရုပ်၀တ္တုများ) (အောင်မြင်ပျော်ရွှင်မှုများ) ရရှိနိုင်ပုံ ကဲ့သို့ စိတ်ပညာသဘောတရားများကို (ပုဏ္ဏားဘကွန်း) (ဖြစ်ချင်ရာဖြစ်မောင်ဘချစ်) (ပြည်ကြီးမဏ္ဍိုင်မြကြီး) စသည့်ဇာတ်လမ်းများရေးဖွဲ့ရင်း ကျွဲကူးရေပါသဘော မိတ်ဆက်ပညာပေးခဲ့သည်။
သရုပ်ပီပြင်သော ဇာတ်ကောင်စရိုက်များ ရေးသားနိုင်ရန် လူ့စရိုက်လူ့သဘာ၀များကို မှတ်တမ်းပြုစုထားသော အလေ့ တီထွင်ကျင့်သုံးခဲ့သည်ဟု သိရပြီး အမှန်တစ်ကယ်လည်း မူသေ စရိုက်ရှိဇာတ်ကောင်များ ဖန်တီးကာ ဆွဲဆောင်မှုရှိသော ၀တ္တုများရေးသားနိုင်ခဲ့ပါသည်။
စာရေးဆရာ မင်းသိင်္ခကို ၁၉၃၉ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၌ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ ဘိုးလိန်းလမ်းတွင် မွေးဖွားခဲ့သည်။ မိဘများမှာ ပန်းချီဆရာ ဦးစံရှိန်နှင့် ဒေါ်တင်တို့ဖြစ်သည်။ မွေးချင်းခြောက်ယောက် အနက် အကြီးဆုံးသားဖြစ်ပြီး အမည်ရင်းမှာဦးအောင်ထွန်း ဖြစ်သည်။
ပညာရေး
ရန်ကုန်မြို့စိန်ပေါလ်ကျောင်း(ယခုအ.ထ.က(၆)ဗိုလ်တထောင်)တွင် စတင်ပညာသင်ကြားသည်။ အေဗီကောလိပ်ကျောင်း၌ ဆယ်တန်းအထိပညာသင်ယူသည်။
စာပေရေးသားခြင်း
ကျောင်းသားဘဝကပင် စာပေများကို စတင်ရေးသားခဲ့ပါသည်။ ၁၉၆၉ တွင် မင်းသိင်္ခဟူသော အမည်ကိုခံယူပြီးနောက် ဆားပုလင်းနှင်းမောင်ဟူသော ဇာတ်ကောင်ကို ဇာတ်လိုက်ထား၍ စုံထောက်ဝတ္ထုများ ရေးသားခဲ့ရာ မင်းသိင်္ခဟူသော အမည်ကို ပရိသတ် တဖြည်းဖြည်း သိလာခဲ့သည်။
အလုပ်အကိုင်
၁၉၅၈ ခုနှစ်၌ တပ်မတော်သို့ဝင်ရောက် အမူ့ထမ်းခဲ့သည်။ ၅ နှစ်ကြာ အမှုထမ်းခဲ့ပြီးနောက် တပ်မတော်မှထွက်ပြီး ချောက်မြို့တွင် နေထိုင်ခဲ့ပါသည်။ ချောက်မြို့တွင် ဆီစက် ညစောင့်ဘဝ၊ စပါးအင်စပက်တော်ဘဝ၊ ဆန်စက်မန်နေဂျာ ဘဝတို့ဖြင့် ကျင်လည်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မြန်မာစာပေလောကတွင် အအောင်မြင်ဆုံးဖြစ်ခဲ့သည့် မနုစာရီ လုံးချင်းဝတ္ထုကြီးကို စတင်ထုတ်ဝေခဲ့သည်။ အကြိမ်ကြိမ်ထုတ်ဝေခဲ့ရပြီး ဂျပန်ဘာသာ သို့လည်း ပြန်ဆိုခြင်းခံရသည်။ ဆရာကြီးရေးသော အခြားဝတ္ထုဇာတ်လိုက်များမှာ ပုဏ္ဏားဘကွန်း၊ စနေမောင်မောင် တို့ဖြစ်သည်။ ၁၉၇၈ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းဝတ္ထုပေါင်း ၇၀ ရေးသားခဲ့သည်။
၁၉၇၅ ခုနှစ်တွင် မင်းသိင်္ခ ကလောင် အမည်ဖြင့် ဆားပုလင်းနှင်းမောင် စုံထောက်၀တ္ထုများကို ရေးသားခဲ့သည်။ မနုစာရီ လုံးချင်း၀တ္ထုကို ပထမအကြိမ် ထုတ်ဝေရာတွင် အောင်မြင်မှုမရရှိပေ။ ဒုတိယအကြိမ်ထုတ်ဝေသောအခါမှ အောင် မြင်မှုရရှိခဲ့သည်။ ပုဏ္ဏားဘကွန်း နှင့်စနေမောင်မောင် ၀တ္ထုများလည်းထွက်ရှိကာ လူကြိုက်များခဲ့သည်။
၁၉၇၆ မှ ၂၀၀၈ ခုနှစ်အတွင်း လုံးချင်းစာအုပ် စုစုပေါင်း အုပ်ရေ ၇၀ ကျော်ရေးသား ထုတ်ဝေခဲ့သည်။
မင်းသိင်္ခ၏ထင်ရှားသောစာအုပ်အချို့
၁။ မနုစာရီ(၁၉၇၆)
၂။ ဆားပုလင်းနှင်းမောင်နှင့်ပိတုန်းသုံးကောင်(၁၉၇၇)
၃။ ဆားပုလင်းနှင်းမောင်နှင့်ခေါင်းမြီးခြုံလုံပါပေ့(၁၉၇၈)
၄။ ဆားပုလင်းနှင်းမောင်နှင့်မြိုင်ရာဇာတာတေ(၁၉၇၈)
၅။ ပုဏ္ဏားဘကွန်း(၁၉၇၈)
၆။ စနေမောင်မောင်(၁၉၇၉)
၇။ ဆားပုလင်းနှင်းမောင်နှင်မတစ်ထောင်တစ်ကောင်ဖွား(၁၉၇၉)
၈။ ဆားပုလင်းနှင်းမောင်နှင့်မမင်းဖြူမှန်မှန်ပြော(၁၉၇၉)
၉။ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား(၁၉၈၀)
၁၀။ ပြည်ကြီးမဏ္ဍိုင်မြကြီး(၁၉၈၀)
၁၁။ ဆားပုလင်းနှင်းမောင်နှင့်ပျားစွဲသောမုတ်ဆိတ်(၁၉၈၁)
၁၂။ ပက်ထရစ်ရွှေဂေါင်း(၁၉၈၁)
၁၃။ ဆားပုလင်းနှင်းမောင်နှင့်ဗိုက်ပူသူတော်(၁၉၈၂)
၁၄။ ဖြစ်ချင်တာဖြစ်မောင်ဘချစ်(၁၉၈၂)
၁၅။ ဆားပုလင်းနှင်းမောင်နှင့်မိုက်ခဲကျောက်ပွင့်(၁၉၈၃)
၁၆။ မသွားမီကရောက်နှင့်သည်(၁၉၈၃)
၁၇။ ပျော်ပါတယ် မောင်ပြည်သိမ်း(၁၉၈၃)
၁၈။ ဆားပုလင်းနှင်းမောင်နှင့်ဘမျိုးဘိုးတူဗယ်သန်ဘမှန်(၁၉၈၄)
၁၉။ ပြည်တော်၀င်စနေမောင်မောင်(၁၉၈၄)
၂၀။ မောင်မင်းကြီးသားမောင်မြဖေ(၁၉၈၄)
၂၁။ ဆားပုလင်းနှင်းမောင်နှင့် မြကျွန်းပေါ်ကမျောက်သုံးကောင်(၁၉၈၅)
၂၂။ ဆားပုလင်းနှင်းမောင်နှင့်မြိုင်မဟာမမြလေး(၁၉၈၆)
၂၃။ ဘာဘာဘာမှမသိဘူး(၁၉၈၆)
၂၄။ မာလိန်မှူးထူးစိန်(၁၉၈၆)
၂၅။ စနေမောင်မောင်နှင့်ပါပလူမျိုးကိုးဆယ့်ကိုး(၁၉၈၇)
၂၆။ ၀တ္တုတိုပေါင်းချုပ် အမှတ်(၁)
၂၇။ ၀တ္တုတိုပေါင်းချုပ် အမှတ်(၂)
၂၈။ ပြောထုံးဖြစ်အောင်ငနက်ခေါင်(၁၉၈၈)
၂၉။ သူတော်စင်မလေးပုဏ္ဏရိက(၁၉၈၈)
၃၀။ မဟာမြိုင်ခရီးသည်(၁၉၉၃)
၃၁။ ဆားပုလင်းနှင်းမောင်နှင့်ဘုမ္မာ၀တီအရှုပ်တော်ပုံ(၁၉၉၄)
၃၂။ မုတ်ဆိတ်ဖြူနှင့်အခြား၀တ္တုတိုများ(၁၉၉၄)
၃၃။ ဝေဒမောင်မောင်(၁၉၉၄)
၃၄။ တူသော၀တ္တုတိုများပေါင်းချုပ်(၁၉၉၅)
၃၅။ ပုဂံသားမောင်ဘမော်(၁၉၉၅)
၃၆။ မနောမယဖက်ဖူးယောင်(၁၉၉၅)
၃၇။ မနောမယမြသက်လှယ်(၁၉၉၅)
၃၈။ မနောမယလက်ဆောင် အမှတ်(၁) (၁၉၉၅)
၃၉။ မနောမယလက်ဆောင် အမှတ်(၂) (၁၉၉၅)
၄၀။ ပတ်တမွားမိုး(၁၉၉၆)
၄၁။ မနောမယပုတီး(၁၉၉၆)
၄၂။ မနောမယလက်ဆောင်ပေါင်းချုပ်(၁၉၉၆)
၄၃။ ဖီလိုဆိုဖာဦးမြသာ(၁၉၉၇)
၄၄။ မြေလျှောက်ဝိဇ္ဇာရွှေမြသာ(၁၉၉၇)
၄၅။ တားရော့ဟောနည်း(၂၀၀၁)
၄၆။ မတတ်ပါ့(၂၀၀၂)
၄၇။ မောင့်ညိုချော(၂၀၀၂)
၄၈။ဆားပုလင်းနှင်းမောင်နှင့်သေသောသူသည်သုဿန်သို့သွားသည်(၂၀၀၂) (ဒုတိယအကြိမ်ဖြစ်မည်၊ ၁၉၈၀ ၀န်းကျင်ကပုံနှိပ်သော စာအုပ်ဟောင်းကို ဖတ်ရှုရဖူးသည်။)
၄၉။ မအောင်ရင်
၅၀။ မြိုင်ဟေ၀န်
၅၁။ မိုးနဲ့မြေ
(တစ်ပွဲစားဦးနှော) (မင်းဂွတ်သီးသုံးလုံး) စသောရုပ်ပြ ဇာတ်လမ်းအချို့လည်းထုတ်ဝေဖူးသည်။ (စတုမဟာရာဇ်) ဟူသော တိပ်ခွေအသံသွင်းဇာတ်လမ်းခွေလည်း ထွက်ရှိဖူးသည်

Пікірлер
Players vs Corner Flags 🤯
00:28
LE FOOT EN VIDÉO
Рет қаралды 42 МЛН
General Aung San
5:33
MEFOS
Рет қаралды 2,5 М.
National Seminar on Gravitational Waves
2:38:58
CEQS Jaipur
Рет қаралды 4,7 М.
مصاحبه با ابوالفضل ظهره‌وند (نسخه کامل)
1:42:19
ابوالفضل دولتشاهی
Рет қаралды 1,9 М.
21 September 2024
21:07
Nway Myanmar Channel
Рет қаралды 7 М.
The Life-Changing Benefits of Surah Al-Mulk & Al-Waqia
3:25:49
Deen Diaries
Рет қаралды 18 М.
Players vs Corner Flags 🤯
00:28
LE FOOT EN VIDÉO
Рет қаралды 42 МЛН