သားတွေအတွက်လုပ်ငန်းအမွေချန်ခဲ့နိုင်အောင်ကြိုးစားနေတဲ့ ချိုလွန်အောင် ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုလုပ်ငန်း

  Рет қаралды 155

MT News - Myanmar Transparency

MT News - Myanmar Transparency

Күн бұрын

တစ်ကိုယ်ရည်မိခင်အဖြစ် ရုန်းကန်လှုပ်ရှားရင်း သားတွေအတွက် လုပ်ငန်းအမွေချန်ခဲ့နိုင်အောင်ကြိုးစားနေတဲ့ ချိုလွန်အောင် ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုလုပ်ငန်း
၁၁.၁.၂၀၂၅
ရိုက်ကူး/တည်းဖြတ် -သီရိ
အမျိုးသားနဲ့ လမ်းခွဲပြီးတဲ့နောက် လူမမယ်သားနှစ်ယောက်ကိုစောင့်ရှောက်ရင်း ပြင်ပထွက်ပြီး အလုပ်မလုပ်နိုင်တဲ့အခါ ရွေးချယ်စရာအလုပ်အကိုင်အခွင့်အလမ်းနည်းပါးလွန်းလို့ ကြိမ်ထိုးတဲ့အလုပ်ကို အွန်လိုင်းကနေအမှာစာယူ စတင်လုပ်ကိုင်ရင်းက သုံးနှစ်ဝန်းကျင်အတွင်း မချိုလွန်အောင် အသေးစားအလတ်စား လုပ်ငန်းရှင်ဖြစ်လာခဲ့ပါတယ်။
သားအငယ် သုံးလသားမှာ အမျိုးသားဖြစ်သူက သူ့ကို လမ်းခွဲထားခဲ့တာပါ။ မြိတ်ကနေ ရန်ကုန်ကို ခြေချလာတဲ့ မချိုလွန်အောင်အဖို့ ရန်ကုန်မှာ ယောကျာ်းမျက်နှာသာ တစ်ရွာအဖြစ်နေရတာပါ။ လမ်းခွဲပြီးတဲ့နောက်တော့ မြိတ်ဘက်လည်း မပြန်ချင်သလို အရင်ဆောက်လုပ်ရေးဝန်ကြီးဌာနက အလုပ်ကိုလည်း မီးဖွားခွင့်ကနေ လူခွဲမရှိတော့လို့ ထွက်လိုက်ပြီး ကြိမ်ခုံတွေ ဆက်တီတွေ အွန်လိုင်းကနေတစ်ဆင့် လက်လွဲရောင်းချပေးတဲ့ အလုပ်ကို အမြတ်ယူ လုပ်ကိုင်ခဲ့ပါတယ်။ ကိုယ်တိုင်လည်း ဖောက်သည်တွေက ဆက်တီအဟောင်း ကြိမ်ပြန်ထိုးချင်တာမျိုးတွေ ပြန်လည်ပြုပြင်ပေးရင်း သုံးနှစ်အတွင်း ရုန်းကန်ခဲ့ရာ အခုဆိုရင် အရှေ့ဒဂုံမြို့နယ်၊ ‌(၆)ရပ်ကွက်၊ အမှတ် (၁၀၁၆)၊ ကြာနီလမ်းမှာရှိတဲ့ ချိုလွန်အောင် ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုလုပ်ငန်းက နေရာတစ်ခု ရလာခဲ့ပါပြီ။
မချိုလွန်အောင်ရဲ့ တစ်နိုင်တစ်ပိုင်လုပ်ငန်းစတင်ဖြစ်ပုံနဲ့ လုပ်ငန်းလည်ပတ်နေတဲ့ အခြေအနေတချို့ကို MT ENTERTAINMENT က သွားရောက်ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ် ။

Пікірлер
«Жат бауыр» телехикаясы І 30 - бөлім | Соңғы бөлім
52:59
Qazaqstan TV / Қазақстан Ұлттық Арнасы
Рет қаралды 340 М.
UFC 287 : Перейра VS Адесанья 2
6:02
Setanta Sports UFC
Рет қаралды 486 М.
ССЫЛКА НА ИГРУ В КОММЕНТАХ #shorts
0:36
Паша Осадчий
Рет қаралды 8 МЛН
«Жат бауыр» телехикаясы І 30 - бөлім | Соңғы бөлім
52:59
Qazaqstan TV / Қазақстан Ұлттық Арнасы
Рет қаралды 340 М.