#

  Рет қаралды 23,381

DHAMMA KARMA CHANNEL

DHAMMA KARMA CHANNEL

Күн бұрын

#သာသနာနှစ်(၅၀၀၀)#ပြည့်သော်_ဖြစ်လာမည့်_အကြောင်းအရာ ( ၁၇)#ချက်
===============
ဓမ္မပဒကျမ်း အတွဲ( ၄) စာအုပ် စာမျက်နှာ ၃၆ . ၃၇ မှ ကူးယူဖော်ပြသည်။
#Credit_to_owner....✍
၁။ ကမ္ဘာတစ်ဝန်းက ဘုရားဓာတ်တော်တွေ ဗောဓိညောင်ပင်သို့ ပြန်စုပြီး နိမ္မိတဘုရား အဖြစ် တကြိမ်တရားဟောမည်။
၂။တရားဟောသောအခါ နတ်ဗြဟ္မာများ ဝိဇ္ဇာပုဂ္ဂိုလ်များ အရိယာသောတာပန်များ သူတော်စဉ်ရသေ့များ တရားနာကြားပြီး ကျွတ်တမ်းဝင်ကြမည်။
၃။တရားဟောပြီးသောအခါ နိမ္မိတဘုရားသည် ဓာတ်တော် ပြန်ဖြစ်ကာ ဓာတ်တော်သည်လည်း ထိုနေရာတွင် တေဇောဓာတ်မီးလောင်ကာ ချုပ်ငြိမ်းသွားတော့မည်။
၄။ထိုအချိန်တွင် လူသက်တမ်းက ၁၀ နှစ်သာရှိတော့ပြီး ၅ နှစ်တွင် အိမ်ထောင်ပြုကြမည်။
၅။ကြီးသူကိုရိုသေခြင်းမရှိတော့ဘဲ လောဘ ဒေါသ မောဟ များက အတိုင်းအဆမရှိ အားကြီးမည်။
၆။မကောင်းမှုဒုစရိုက်တွေသာ များပြီး ခိုးဆိုးလုနှိုက်သတ်ဖြတ်ကြပြီး တရားဥဒေ ကင်းမဲ့မည်။
၇။ တကမ္ဘာလုံး စစ်မီးများသာတောက်ပြီး လူများစွာ သေကြမည်။ စစ်မဖြစ်သော နေရာတွင် ကပ်သုံးပါးနှိပ်စက်၍ သေကြမည်။
၈။စစ်ဘေး ကပ်ဘေး ရန်ဘေးများ ကြောင့် သူတော်ကောင်း အနည်းစုသည် တောနက်ထဲ ဝင်ပုန်းကြမည်။
၉။ ကမ္ဘာတစ်ခုလုံး ကလူသားများ စစ်မီး ကပ်ဘေး များကြောင့် သေဆုံးကြသောအခါ တောနက်ထဲက သူတော်ကောင်း အနည်းစုသာကျန်မည်။
၁၀။ မြို့တိုင်းရွာတိုင်းသည် ပျက်စီးကာ လူသေများ အပုပ်များ ပြည့်နှက်နေကာ အချိန်ကြာသော် တောကြီးဖုံးအုပ် ကာ တောနက်ဖြစ်သွားမည်။
၁၁။ သူတော်ကောင်းတို့ နေသောတောနက်များသည် မြို့သစ်များ မြို့ကြီးများ ဖြစ်လာမည်။
၁၂။ သူတော်ကောင်းများသာ ရှိ၍ ကမ္ဘာတွင်အေးချမ်းသာယာမည်။ တက်ကပ်ပြန်ဖြစ်လာမည်။
၁၃။ လူ့သက်တမ်း ၁၀ နှစ် မှသည် တဖြည်းဖြည်းပြန်ရှည်ကာ တစ်သိန်းတမ်းအထိရှည်မည်။
၁၄။တစ်သိန်းတမ်းအထိရှည်ပြီး ဆုတ်ကပ်ပြန်ဖြစ်ကာ နှစ်ရှစ်သောင်းတမ်းတွင် အရိမေတ္တယ မြတ်စွာဘုရားပွင့်လိမ့်မည်။
၁၅။ အရိမေတ္တယ ဘုရားသည် လည်း သာသနာတော် နှစ် သုံးသိန်းခြောက်သောင်းထားခဲ့လိမ့်မည်။
၁၆။ ထိုသုံးသိန်းခြောက်သောင်းပြည့်သော် ဘုရားငါးဆူပြည့်၍ ဤ ဘဒ္ဒကမ္ဘာကြီး ပျက်စီးသွားမည်။
၁၇။ ပျက်စီးပြီးနောက် ( မဏ္ဍ)ကမ္ဘာအသစ်ပြန်ဖြစ်မည်။ ထိုကမ္ဘာတွင် ဘုရား နှစ်ဆူ ပွင့်မည်။
ဤအကြောင်းအရာများသည် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါ ရှင်သာရိပုတ္တရာမှ မေးလျောက်သဖြင့် မြတ်စွာဘုရားက ဖြေကြားခဲ့လေသည်။ သာသနာငါးထောင်ပြည့်သော် ဗောဓိညောင်ပင်တွင် ဓာတ်တော်များပြန်စုရန် မြတ်စွာဘုရားက ပရိနိဗ္ဗာန် မပြုခင် ဘုရားရှင်ကိုယ်တိုင် အဓိဌာန်ထားရှိခဲ့လေသည်။
(သာသနာ နှစ်(၅၀၀၀)ဆိုသည် မှာ ဘုရားပရိနိဗ္ဗာန်ပြုသည့်နေ့မှ စ၍ ရေတွက်လေသည်။ယခုဆိုလျင် သာသနာနှစ် ၂၅၆၄ ခုနှစ်ရှိပြီဖြစ်လေသည်။) ၆၇
ထိုနောက် မြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာအား ဟောကြားသည်မှာ ချစ်သား
ငါဘုရား၏သာသနာ နှစ်ငါး(၅၀၀၀) အတွင်းမှာ
သာသနာပြု မင်းငယ် (၁၀၇)ပါး နဲ့ သာသနာပြု မင်းကြီး ( ၂)ပါး ပေါ်ထွန်းလိမ့်မယ်။
ရှင်သာရိပုတ္တရာ။ ဘယ်လိုမင်းကြီး မင်းငယ်လဲဘုရား
ချစ်သား သာရိပုတ္တရာ မင်းငယ်ဆိုသည်မှာ မိမိအုပ်ချုပ်သော တိုင်းပြည်တွင်း ၌ ငါဘုရား၏ သာသနာကို ထွန်းလင်းစေသည်။ မင်းကြီးဆိုသည်မှာ ငါဘုရား၏ သာသနာအား အရပ်လေးမျက်နှာကို ဖြန့်ကျက်လိမ့်မည်။
ထိုမင်းကြီး ( ၂) ပါးသည် ငါဘုရား၏ သာသနာနှစ် (၅၀၀၀)တွင် (၂၅၀၀)တိုင်းတွင် တစ်ပါးစီပေါ်လိမ့်မည်။
ပထမ မင်းတစ်ပါးသည် ငါဘုရား၏သာသနာ နှစ် ( ၅၀၀)အတွင်း ပေါ်မည်ဖြစ်ပြီး တိုင်းနိူင်ငံ ပေါင်းများစွာကို ဖြန့်ကျက်ထွန်းလင်းစေမည်။
ဒုတိယ မင်းတစ်ပါးသည် ငါဘုရား၏ သာသနာနှစ် (၂၅၀၀)ပြည့်ပြီး ကျန်ရှိသောနောက်ထပ်(၂၅၀၀) နှစ်အတွင်းပေါ်လိမ့်မည်။ငါဘုရား၏ သာသနာနှစ် ( ၂၆၀၀)တွင်ဖြစ်လိမ့်မည်။ထိုမင်းသည် စစ်မက်ကိုမလိုလားသော အေးချမ်းသောမင်းဖြစ်ကာ ငါဘုရား၏ တရားဓမ္မကို မွေ့လျော် ကျွမ်းကျင်ပြီး သာသနာတော်အား ဇမ္မူတစ်ခွင့်ဖြန့်ကျက်လိမ့်မယ် ချစ်သား သာရိပုတ္တရာ။
ဓမ္မပဒကျမ်း အတွဲ( ၄) စာအုပ် စာမျက်နှာ ၃၆ . ၃၇ မှ ကူးယူဖော်ပြသည်။
#Credit_to_owner....✍
#DHAMMA KARMA Channel
#buddha
#dhamma
#buddhism
#buddhist
#တရားတော်
#တရားတော်များ
#တရားတော်များစုစည်းရာ
#dhammachannel
#မြတ်စွာဘုရား
#buddhateachings
#buddhaquotes
#buddhastory
#buddha_stories
#buddhainspired
#buddhapurnima2023
#buddha_face_carving

Пікірлер: 15
Blue Food VS Red Food Emoji Mukbang
00:33
MOOMOO STUDIO [무무 스튜디오]
Рет қаралды 34 МЛН
At the end of the video, deadpool did this #harleyquinn #deadpool3 #wolverin #shorts
00:15
Anastasyia Prichinina. Actress. Cosplayer.
Рет қаралды 16 МЛН
ငါ ဘုရား မဖြေပါရစေနဲ့
11:11
Blue Food VS Red Food Emoji Mukbang
00:33
MOOMOO STUDIO [무무 스튜디오]
Рет қаралды 34 МЛН