Рет қаралды 73,732
သောလယ်ထာ့ အာဏာသိမ်းစစ်တပ်စခန်းကို KNU/KNLA တပ်မဟာ(၅) သိမ်း
ရုပ်သံမှတ်တမ်း
ကရင်ပြည်နယ် - ၂၀၂၁ ဧပြီ ၂၇ (မော်ကွန်း)
မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံ နယ်စပ်မှာရှိတဲ့ ကရင်ပြည်နယ်ထဲက သောလယ်ထာ့(မဲစန်လက်)က အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို KNU/KNLA တပ်မဟာ (၅) က ဒီကနေ့ နံနက် အစောပိုင်းမှာ သိမ်းယူခဲ့တယ်လို့ KNU ရဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၂၇) ရက်နေ့ကလည်း ထိုင်း - မြန်မာနယ်စပ်က ထီးမူးထာ အာဏာသိမ်းစစ်တပ်စခန်းကို KNU က သိမ်းပိုက်ခဲ့ပါသေးတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်နဲ့ကချင်ပြည်နယ်မှာ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုတွေ တိုင်းရင်းသားတပ်ဖွဲ့တွေက ပြုလုပ်နေပြီး အာဏာသိမ်းစစ်တပ်ဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပြန်လည်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာလည်း စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးခဲ့ရပြီး နေရပ်စွန့်ခွာထွက်ပြေးရတာကြောင့် အကူအညီတွေ လိုအပ်နေပါတယ်။
ရုပ်သံမှတ်တမ်း - KNU / KNLA Army Channel