Рет қаралды 105,350
သောတာပန်ပုဂ္ဂိုလ်မှာ ဘေးရန်ငြိမ်းနေတယ်လို့ ဆိုထားပါတယ်။ ပြီးတော့လည်း ဘာသာရေးယုံကြည်ချက်ဟာ အသိဉာဏ်သက်ဝင်ပြီး ယုံကြည်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်နေပါတယ်။
ပဋိစ္စသမုပ္ပါဒ်ကို နားလည်ပြီး ကြောင်းကျိုးဆင်ခြင်ဉာဏ်ကို ရရှိထားတဲ့သူ လို့လည်း တရားတော်ထဲမှာ ဆိုထားပါတယ်။
ဒီဘဝမှာ သောတာပန်ဖြစ်အောင် သူတော်ကောင်းနဲ့ ပေါင်းသင်းပြီး သူတော်ကောင်း တရားနာ၊ ပြီးတော့ မှန်ကန်တဲ့ နှလုံးသွင်းမှု ရှိနိုင်တဲ့သူ ဖြစ်ပြီး လောကုတ္တရာနဲ့ လျောညီတဲ့ အကျင့်ကို ကျင့်ရင် သောတာပန် ဖြစ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။
#သောတာပန်
#နန္ဒမာလာဘိဝံသ
#DhammaEdu_နန္ဒမာလာဘိဝံသ