Рет қаралды 1,185
သီတာပြုံး - အပိုင်း (၁)
စာရေးသူ - သိန်းဖေမြင့်
စာဖတ်သူ - ခွန်းရှ
ကြာချိန် - ၅ နာရီ ၃၃ မိနစ်
အမှာစကား....
လွန်ခဲ့သော ၁၅ နှစ်ကျော်ကျော်လောက်တုန်းကကျွန်တော်သည် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီအတွက် “သီတာပြုံး” ဟူသော ဇာတ်ညွှန်းတစ်ခုကို ရေးခဲ့လေသည်။
ပန်းချီဆရာ၊ စာရေးဆရာ စသော အနုပညာရှင်များသည် လုပ်သားပြည်သူတို့ဘဝထဲသို့ တိုးဝင်ကာ ရေးကွက်ရှာရမည်ဟူသော အညွှန်းနှင့် “အလုပ်” ဟူသည် မည်မျှပင် နိမ့်ကျလင့်ကစား ဂုဏ်ရှိသည်ဟူသော အဆိုတို့ကို ဇာတ်ကွက်ဇာတ်လမ်းဆင်၍ တင်ပြခဲ့လေသည်။
ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီသည် အကြောင်းအကြောင်းကြောင့် ထိုဇာတ်ညွှန်းကို ရုပ်ရှင်မရိုက်ဖြစ်ခဲ့ချေ။ ရေးခငွေမှာလည်း အပြည့်အလျှံရပြီး ဖြစ်ရကား ကျွန်တော့်မှာ ဘာမှမပြောသာချေ။ တစ်နေ့သော် ရုပ်ရှင်အဖြစ်ဖြင့် တွေ့မြင်ရလိမ့်နိုးနှင့် စောင့်၍ကာသာ နေခဲ့ရပေတော့သည်။
မကြာမီကမူ မင်းသား ဝင်းညွန့်နှင့် ဒါရိုက်တာသက်လယ်တို့သည် သူတို့ရုပ်ရှင်သမားအချင်းချင်း ရင်းနှီးမှု ရှိသည့်အားလျော်စွာ ဗြိတိသျှဘားမားရုပ်ရှင်ခြံထဲ မွှေနှောက်ကြရင်း “သီတာပြုံး” ကို သွားတွေ့ကြလေသည်။ သူတို့အချင်းချင်း သဘောတူညီချက်ရယူကာ ဒါရိုက်တာသက်လယ်က မိုးကောင်းရုပ်ရှင်အတွက် “သီတာပြုံး” ကို ရုပ်ရှင်ရိုက်ကူးနေပြီဖြစ်၏။ “အရှေ့က နေဝန်းထွက်သည့်ပမာ” ကို ရေးပြီးနောက်ဝတ္ထုရှည်တစ်ပုဒ်မျှ မရေးဖြစ်သော ကျွန်တော်သည် ယခုအချိန်တွင် ဝတ္ထုရှည်ရေးချင်သော စိတ်ဆန္ဒ တဖွားဖွား ဖြစ်ပေါ်နေပေသည်။ ဗိုလ်တထောင်သတင်းစာကလည်း အသွင်သစ် အဆင်အပြင်သစ်များဖြင့် ပုံနှိပ်ထုတ်ဝေမည့်အချိန်နှင့်လည်း ကြုံကြိုက်နေပြန်သည်။ ထိုကြောင့် “သီတာပြုံး”ကိုဝတ္ထုအဖြစ်ဖြင့် ပြန်လည်ရေးသားလိုက်ရပါသတည်း။
သိန်းဖေမြင့်။ ။
[ယခု စာအုပ်များ ကို ကြော်ငြာ မပါဘဲ .mp3 နဲ့ လိုချင်ရင် အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။]
အဖွဲ့ဝင်လိုပါက အခု link မှတစ်ဆင့် (သို့မဟုတ် ) facebook messenger မှတစ်ဆင့် စာပို့ထားပေးပါ။
✅ link
m.me/listenersh...
(သို့) viberlink
invite.viber.c...