ရွှေတိဂုံမတိုင်ခင်ထဲကတည်ခဲ့တဲ့ ရန်ကုန်တိုင်းက သမိုင်းဝင်ဒေးစွန်ပါဘုရား (Feat: three little monks)

  Рет қаралды 905

Hlaine says

Hlaine says

Күн бұрын

မင်္ဂလာပါ ။
ဒီတစ်ပတ်တော့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာရှိတဲ့ သမိုင်းဝင်ဒေးစွန်ပါဘုရားကို ခေါ်သွားပါမယ် ။
ကော့မှူး တရုတ်ကုန်းကျေးရွာမှာရှိပြီး လမ်းမတန်းမှာပဲမလို့ သွားလာရလွယ်ကူအဆင်ပြေပါတယ် ။
ခရီးစရိတ်အနေနဲ့
ပန်းဆိုးတန်း - ဒလ (200ks)
ဒလ - တရုတ်ကုန်းရွာ (ကွမ်းခြံကုန်းနဲ့ ကော့မှူးကြား) - 2500ks
total 5400ksပဲ ကုန်ကျပါမယ် ။
ဒေးစွန်ပါဆိုရင် ပဲခူးကိုပဲသိကြတာဖြစ်ပြီး ဒီဘုရားက ကျိုက်တဂိုးနွတ်လို့လည်း သိကြပါတယ် ။
ရွှေတိဂုံမတိုင်ခင်ထဲက တည်ခဲ့တာမို့ နှစ်ပေါင်း၂၆၀၀ ကျော်သက်တမ်းရှိပြီး ကျိုက်တဂိုးနွတ်ဆိုတာ မွန်လို စမ်းချောင်းကြီးလို့အဓိပ္ပါယ်ရပါတယ်တဲ့ ။
စမ်းချောင်းရော ဘုရားရော နာဂစ်အပြီးမှ ပြန်လည်ထုတ်ဖော်မွန်းမံထားတာဖြစ်ပြီး ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးစေတီတစ်ဆူပါ ။
အနီးနားမှာမုန့်ဆိုင်ဘာညာလည်းရှားလို့ မုန့်တွေ ထမင်းတွေယူလာပြီး daytripသွားဖူးဖို့သင့်တော်ပါတယ် ။
ကိုရင်လေးတွေလည်းရှိလို့ ကိုရင်လေးတွေကိုကျွေးဖို့ မုန့်ရော သကြားလုံးတွေ ခွေး၊ကြောင်လေးတွေကိုကျွေးဖို့ မုန့်တွေလည်း ယူလာခဲ့ပါနော် ။
လာရတာတန်စေမယ့် သမိုင်းဝင်နေရာတစ်ခုဖြစ်ကြောင်းပြောကြားရင်းးးး
ဟုတ်ကဲ့! ကျွန်မ မလှိုင်းပါ ။
#budget #travel #vlog

Пікірлер: 2
@bigfoot839bigfoot5
@bigfoot839bigfoot5 10 ай бұрын
13:56အဲ့ငှက်ပျောပင်ကတောဝင်နေတဲ့တောငှက်ပျောပင်ပါ။ဘယ်ငှက်ပျောမျိုးဖြစ်ဖြစ်အဲ့လိုအဖူးပါမကျန်တခိုင်လုံးမိုးပေါ်ထောင်ပြီးထွက်လာတယ်ဆိုကတည်းကတောဝင်တာလို့အလွယ်သိနိုင်ပါတယ်။အဲ့အသီးတွေကအထဲမှာအစေ့တွေအပြည့်နဲ့မို့စားမရပါဘူး။တောဝင်သက်ကြာသွားလေအပင်ညှက်လာပြီးအဖီးအသီးအရေအတွက်ရောအရွယ်ပါကျကျလာပါတယ်။တောဝင်သက်အရမ်းကြာသွားတဲ့တောငှက်ပျောအစစ်တွေကတော့အဖူးအခိုင်အသီးတစ်ခုမှဘယ်တော့မှကိုမထွက်တော့တာပါ။
@hlainesays
@hlainesays 10 ай бұрын
လမ်း​ပြတဲ့ကိုရင်လေးတွေကတော့ သူတို့စားနေကျ အထဲမှာအစေ့မရှိဘူးလို့ပြောပါတယ်။ အဲ့အခိုင်လည်း သူတို့စားဖို့ခူးသွားကြတယ် ။ သင်္ကန်းနဲ့အုပ်ထားရင်မှည့်သွားတာ စားရင်ချိုနေရောလို့ပြောတယ် ။
Alms Round - A Beautiful Tradition Of Buddhism | Ba Vang Pagoda Vietnam
23:44
Thich Truc Thai Minh
Рет қаралды 1,7 МЛН
إخفاء الطعام سرًا تحت الطاولة للتناول لاحقًا 😏🍽️
00:28
حرف إبداعية للمنزل في 5 دقائق
Рет қаралды 77 МЛН
А что бы ты сделал? @LimbLossBoss
00:17
История одного вокалиста
Рет қаралды 8 МЛН
Who’s the Real Dad Doll Squid? Can You Guess in 60 Seconds? | Roblox 3D
00:34
Миллионер | 1 - серия
34:31
Million Show
Рет қаралды 2,8 МЛН
ජනාධිපති AKD  Excellent | Tissa Jananayake with Life (EP 145)
22:35
Tissa Jananayake with Life
Рет қаралды 154 М.
إخفاء الطعام سرًا تحت الطاولة للتناول لاحقًا 😏🍽️
00:28
حرف إبداعية للمنزل في 5 دقائق
Рет қаралды 77 МЛН