Рет қаралды 34,682
မိတ်ကပ်လိမ်းတော့မယ်ဆိုရင်တော့ Skin Care လေးတွေ အောက်ခံအဖြစ်လိမ်းပြီးမှ လိမ်းတာကတော့ အသားအရေကိုပိုပြီး ထိန်းသိမ်းပေးရာရောက်ပါတယ်။ အသားအရေပျက်ဆီးမှာလဲ မပူရတော့သလို မိတ်ကပ်သားကိုလည်း ပိုပြီးကြာရှည်စွဲမြဲစေမှာပါ။ ဒါ့ကြောင့်ဒီတစ်ပတ်မှာတော့ Skin Care ကနေ မိတ်ကပ်လိမ်းတဲ့အထိ အဆင့်ဆင့်လိမ်းခြယ်နည်းကို ပြသပေးလိုက်ပါတယ်။ Camella Myanmar ရဲ့ Skin Care ပစ္စည်းလေးတွေအပြင် မိတ်ကပ်ပစ္စည်းလေးတွေကိုပါ မိတ်ဆက်ပြောပြပေးထားတာကြောင့် ကြည့်ရှုပေးကြပါဦး။
Make Up Artist နဲ့ Beauty Blogger တစ်ဦးဖြစ်တဲ့ မဝင်းမင်းသန်း (Yangon In My Heart) နဲ့ 7DayTV တို့ ပူးပေါင်းတင်ဆက်မယ့် The Best Beauty Tips အစီအစဉ်ကို အပတ်စဉ် ကြာသပတေးနေ့တိုင်း 7Day TV မှာစောင့်မျှော်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။