သုတသောမ နှင့် လူ့ဘီလူး အပိုင်း - ၅ (ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ)

  Рет қаралды 31,555

ဓမ္မ ဟိတ ဓရ

ဓမ္မ ဟိတ ဓရ

4 жыл бұрын

သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေဘဝန္တွ'န္တရာယာ ၊ သုခီ ဒီဃာယုကော ဘဝ။ အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တု အာယု ဝဏ္ဏော သုခံ ဗလံ။
" သဗ္ဗီတိယော ဝိဝဇ္ဇန္တု "
ဘေးရန်ခပ်သိမ်းတို့ ကင်းငြိမ်းကြပါစေကုန်သတည်း။
" သဗ္ဗသောကော ဝိနဿတု "
စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းပါစေကုန်သတည်း။
"သဗ္ဗရောဂေါ ဝိနဿတု "
ရောဂါခပ်သိမ်းတို့ ကင်းငြိမ်းပါစေကုန်သတည်း။
" မာ တေဘဝန္တွ'န္တရာယာ "
သင်တို့ ဘေးရန် အန္တရာယ် ဘာတစ်ခုမျှ မရှိကြပါစေကုန်သတည်း။
"သုခီ ဒီဃာယုကာ ဘဝန္တု "
ကိုယ်စိတ်နှစ်ပါး ချမ်းချမ်းသာသာ
အသက်ရှည်ကြပါစေ ကုန်သတည်း။
"အသောကာ ဒီဃာယုကာ ဘဝန္တု"
စိုးရိမ်ကင်းကွာ စိတ်ချမ်းသာစွာဖြင့်
အသက်ရှည်ကြပါစေကုန်သတည်း။
"အရောဂါ ဒီဃာယုကာ ဘဝန္တု"
အနာကင်းကွာ ကျန်းမာစွာဖြင့်
အသက်ရှည်ကြပါစေကုန်သတည်း။
"အဘိဝါဒန သီလိဿ"
ဘုရား တရား သံဃာ ရတနာသုံးပါးနှင့်မိဘဆရာကို ရှိခိုးသော အလေ့အကျင့် ရှိကြပေကုန်သော။
ဝုဍ္ဎာပစာယိနော
ကြီးကုန် ကြီးကုန်သော
ပုဂ္ဂိုလ်တို့ကို အရိုအသေပြုတတ်သော
အလေ့အကျင့် ရှိကြကုန်သော
သင်သူတော်ကောင်း အပေါင်းတို့မှာ ။
အာယု စ
အသက်တမ်းရှည်ခြင်းဖြင့်လည်းကောင်း။
ဝဏ္ဏော စ
ရုပ်အဆင်း ကောင်းခြင်းလည်းကောင်း။
သုခံ စ-ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းလည်းကောင်း။
ဗလံ စ
ကိုယ်အားဉာဏ်အားနဲ့ ပြည့်စုံခြင်းလည်းကောင်း။
အရောဂါစ
အနာကင်းကွာ ကျန်းမာခြင်းလည်းကောင်း။
ဣတိ ဤသို့ ပဉ္စဓမ္မာ
အကျိုးတရား ဤငါးပါးတို့သည်။
နိစံ္စ-အမြဲ မပြတ် တစ်သက်ပတ်လုံး ။
ဝဍ္ဎန္တု - တက်လာသော နေလို ၊တိုးလာသော ရေလို တစ်နေ့တခြား တိုးတက် စည်ကားကြပါစေကုန်သတည်း။
(သာဓု-သာဓု-သာဓု)

Пікірлер: 11
@maungkhinzaw111
@maungkhinzaw111 5 ай бұрын
🙏🙏🙏
@rescue8150
@rescue8150 2 жыл бұрын
{အပ္ပမာဒတရား၌ & မွေ့လျော်ကြကုန်လော့} & (ဤစိတ်သည် ရှေးအခါက အလိုရှိရာ အာရုံကို လိုက်စားလျက် အလိုရှိတိုင်း ကောင်းနိုးရာရာ လှည့်လည်ကျက်စားခဲ့လေပြီ ချွန်းကိုင်သောဆင်ထိန်းသည် အမုန်ယစ်သောဆင်ကိုနိုင်သကဲ့သို့ ငါသည် ယခု ထိုစိတ်ကို အသင့်အတင့် နှစ်လုံးသွင်း ဆင်ခြင်းဖြင့် နှိပ်ပေအံ့။) & (မမေ့မလျော့သော အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊ မိမိစိတ်ကို စောင့်ရှောက်ကြကုန်လော့၊ ညွန်၌ ကျွံနစ်သော ဆင်သည် မိမိကိုယ်ကို ညွန်ပျောင်းမှထုတ်သကဲ့သို့ သင်တို့သည် ကိလေသာညွန်ပျောင်းမှ မိမိကိုယ်ကို ထုတ်နုတ်ကြကုန်လော့၊) & (ပညာရင့်၍ ကောင်းစွာနေထိုင်လေ့ရှိသော တည်ကြည်သော အတူကျင့်ဖော် ပညာရှိ အဆွေခင်ပွန်းကို အကယ်၍ ရခဲ့မူ ထိုအဆွေခင်ပွန်းနှင့် အတူတကွ ဘေးရန်အားလုံးတို့ကို နှိပ်နင်းလျက် ဝမ်းမြောက်ဝမ်းသာ သတိရှိစွာ ကျင့်ရာ၏။) & (ပညာရင့်၍ ကောင်းစွာနေထိုင်လေ့ရှိသော တည်ကြည်သော အတူကျင့်ဖော်ပညာရှိ မရခဲ့မူ မင်းသည် နိုင်ပြီးသောတိုင်းပြည်ကိုစွန့်၍ ထွတ်သကဲ့သို့လည်းကောင်း၊ မာတင်္ဂဆင်မင်းသည်တော၌ တစ်ကောင်တည်းလည့်လည် သကဲ့သို့လည်းကောင်း တစ်ယောက်တည်းကျင့်ရာ၏ တစ်ယောက်တည်းကျင့်ခြင်းသည်မြတ်၏ လူမိုက်၌ အဆွေခင်ပွန်းမရှိ၊) & (မာတင်္ဂဆင်မင်းသည်တော၌ တစ်ကောင်တည်း ကြောင့်ကြမဲ့ လှည့်လည်သကဲ့သို့ တစ်ကောင်တည်း ကြောင့်ကြမဲ့ ကျင့်ရာ၏ မကောင်းမှုကို မပြုရာ၊) &(အဆွေခင်ပွန်းရှိခြင်းသည် အရေးကိစ္စပေါ်ပေါက်သည့်အခါ ချမ်းသာ၏ ရရသမျှသော ပစ္စည်းဥစ္စာဖြင့် ရောင့်ရဲခြင်းသည် ချမ်းသာ၏။) ဓမ္မပဒ'ဆိုပါသည်။ ထိုကြောင့် အလုံးစုံသော ဆင်းရဲချမ်းသာကို ပယ်သတ်ဖို့ တရားဘာဝနာ ဝိပဿနာရှုပွားပြီး ဝိပဿနာဥာဏ်မှ မဂ်ဥာဏ်သို့ကူးပြောင်းရန်အတွက် သတိပဋ္ဌာန်တရားကို နေရာတိုင်း အချိန်တိုင်း ရှုမှတ်ကြိုးစားကြပါစို့။ သာဓု သာဓု သာဓု။
@srtmar2401
@srtmar2401 Жыл бұрын
မြန်မာနိုင်ငံငြိမ်းချမ်းသာယာဖို့မအလကိုဆုးံမနှိုင်တဲ့သူပေါ်ပေါက်ပါစေ
@user-rc7zh8nl2v
@user-rc7zh8nl2v 4 ай бұрын
သာဓု သာဓု သာဓုဘုရား
@kyawmyint3922
@kyawmyint3922 3 жыл бұрын
Sadhu Sadhu Sadhu
@kaymarbhujail6899
@kaymarbhujail6899 3 жыл бұрын
Sadhu sadhu sadhu 🙏🙏🙏
@ayeminoo4137
@ayeminoo4137 9 ай бұрын
ကျေးဇူး ကြီးမြတ်လှပါသည် အရှင်ဘုရား သာဓုသာဓုသာဓုပါ အရှင်ဘုရား
@chuchu7414
@chuchu7414 2 жыл бұрын
Po poဆိုတာဘာပါလဲဘုရား.
@minthihanaingpk134
@minthihanaingpk134 3 жыл бұрын
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
@kaymarbhujail6899
@kaymarbhujail6899 3 жыл бұрын
Sadhu sadhu sadhu 🙏🙏🙏
DEFINITELY NOT HAPPENING ON MY WATCH! 😒
00:12
Laro Benz
Рет қаралды 58 МЛН
아이스크림으로 체감되는 요즘 물가
00:16
진영민yeongmin
Рет қаралды 60 МЛН
DEFINITELY NOT HAPPENING ON MY WATCH! 😒
00:12
Laro Benz
Рет қаралды 58 МЛН