Рет қаралды 59,337
ဘာဖြစ်လို့မင်းနဲ့ငါရဲ့ ချမ်းသာမှုက ကွာခြားရတာလဲ ?
.
** အလုပ်ချိန်မှာ
မင်း Facebook သုံးတယ် ၊ Coffee သောက်တယ် ၊ အလုပ်ပေါ်အရေးမထားဘူး
၊ဒါကြောင့် မင်း အိုဗာတိုင် ဆင်းရတယ်။
.
ငါ-အလုပ်ကိုမြန်မြန်ပြီးအောင်ငါအရင်ကြိုးစာတယ် ။ အိုဗာတိုင် ဆင်းစရာမလိုအောင် ငါကြိုးစားတယ်။
ဒါမှ ငါ့မှာအလုပ်ချိန်အပြင် အချိန်ပိုရှိမှာလေ
** ရုံးဆင်းချိန်မှာ
မင်း--သူငယ်ချင်းနဲ့ မင်း Beer သောက်တယ် ၊ လက်ဖက်ရည်ဆိုင်ထိုင်တယ်
ဒါမှ မဟုတ် မင်းအပြင်ကို ထွက်လည်တယ်
.
ငါ-KZbin မှာ ဟင်းချက်နည်း တွေငါအိမ်မှာ ထိုင်ကြည့်တယ်၊လေ့လာတယ်
ပြီးတော့ ငါလက်တွေ့ ဆန်းလုပ်ကြည့်တယ်
.
.
** ရုံးပိတ်ရက်
မင်း ----အိပ်ရာထနောက်ကျတယ် ၊ (ရှောပင်ဒစင်တာ)shopping center မှာလျှောက်ပတ်တယ် ၊ နယ်ဘက်သွားလည်တယ်
.
ငါ ---မနက်အစောကြီးထတယ် ၊ ငါ KZbin မှာသင်ထားတဲ့ဟင်းချက်နည်းနဲ့ ငါတစ်ခုခုချက်ပြီးငါရောင်းတယ် ။ အစကတော့ ဝယ်တဲ့ သူသိပ်မရှိပေမဲ့ ။ ငါကောင်းသထက်ကောင်းအောင် ငါကြိုးစားတယ်
.
.
** ရက်ရှည်ရုံးပိတ်ရက်
မင်း --မင်းခရီးထွက်လည်တယ်၊ ကမ်းခြေသွားမယ် ဓာတ်ပုံရိုက်တယ်
Facebook ပေါ်တက်ကြွားတယ်
ငါ---- Online ကနေကိုယ်ရောင်းချင်တဲ့ အရာကို ဘယ်လိုရောင်းရမှာလဲဆိုတာ ငါအိမ်မှာ လေ့လာတယ်
.
.
** ပိတ်ရက်လဲပြီးရော
မင်း ---- ပိုက်ဆံ ပြောင်ရော
ငါ ---- အွန်လိုင်းကနေတဆင့် ဝင်ငွေ နောက်တစ်လမ်းရှိပြီ
.
.
** နောက် ၂ နှစ် ၃ နှစ် ကြာသွားတဲ့အခါ
မင်း ---- ဘဝက အရင်အတိုင်းဘဲ ဘာမှမပြောင်းလဲဘူး
ပြီးတော့ ဒီအကြောင်းပြချက်တွေနဲ့ တိုင်ပတ်နေ တယ်
ငါအဆင်သင့်မဖြစ်သေးဘူး
ငါအရင်းအနှီး လိုသေးတယ်
ငါအခွင့်အရေးမရှိသေးဘူး
.
ငါ ---- ငါရောင်းတဲ့အစားအစာတွေ သဘောကျတဲ့သူရှိလာတော့၊ ငါဆိုင်ခွဲအများကြီးဖွင့်တယ် အလုပ်သမားကိုငါရာခိုင်နှုန်းခွဲပေးတော့ ငါကိုယ်တိုင်သွားထိုင်ရောင်းစရာမလိုဘူး
ပြီးတော့ ငါ့ရဲ့ Online စီးပွားရေးက အစက နဲနဲတော့ ရောင်းရတယ် ၃၊၄ ကြိမ်လောက် ငါကျရှုံးတယ်
ငါ့လိုအပ်ချက်ကို ငါပြုပြင်တယ် ၊ နောက်ဆုံးတော့ ငါ့ online ပေါ်ကဆိုင်လဲ နာမည်ရနေပြီ ။
.
.
** ဆယ်နှစ်လောက်ကျော်သွားတဲ့အခါ
မင်းငါ့ကိုကြည့်တဲ့အမြင် ----
အေးပါကွာ မင်းတော်တော်ကံကောင်းတာပဲ အခွင့်အရေးကမင်းဆီပဲဝင်ဝင်လာတယ်တဲ့
တကယ်မေးပါရစေ မင်းဘယ်က အချိန်ပိုရှိလို့ လုပ်နိုင်တာလဲ ??
ငါ မင်းလိုသာ အချိန်ပိုရှိရင် ငါလဲလုပ်နိုင်ပါတယ်ဟာ
ငါတို့ လူတွေက ကံကွာတယ်ကွာ မင်းအရင်ဘဝက ကောင်းမှုတွေအများကြီးလုပ်ခဲ့လို့နေမှာ
ဒါကြောင့်မင်းအမြဲတမ်းကံကောင်းနေတာ
.
ငါမင်းကိုကြည့်တဲ့အမြင် -----
မင်းဘယ်သိမှာလဲ ငါဒီနေရာရောက်ဖို့ ဘယ်လောက်ထိပေးဆပ်ရလဲဆိုတာ
မင်းကိုပြောပြတယ် ၊ မင်းကို သတိပေးတယ် ၊ မင်းက ခေါင်းထဲမှမထည့်တာ
၊ တခါတလေ မင်းထိုင်ပြီးတွေးတာကို မြင်ပါတယ်
ဒါပေမဲ့ မင်းလက်တွေ့ချလုပ်တာကို ငါဘယ်တော့မှ မမြင်ဘူး
မင်းသူများမှားတယ်ဆိုပြီး အပြစ်တင်တယ် ၊ ကိုယ့်ကိုကိုယ်ဘယ်တော့မှ အပြစ်မတင်ဘူး
မင်းငါ့ကိုချီးကျူးတဲ့အချိန်မှာ ငါလဲပြုံးပြတယ်
.
ဟုတ်မှာပေါ့ ငါကံကောင်းပါတယ်
မင်းထက်ငါကြိုးစားချင်တဲ့စိတ်ရှိတဲ့အတွက်ကြောင့်ဘဲ
လူတယောက်နဲ့တယောက် ချမ်းသာကြွယ်ဝမှုချင်းမတူတာ၊ တယောက်က ချမ်းသာပြီး တယောက်ကဆင်းရဲနေတာဟာ ကြိုးစားအားထုတ်မှု၊ စဉ်းစားတွေးခေါ်မှုပေါ်မှု၊ လေ့လာသင်ယူမှု စတဲ့အချက်တွေပေါ်မှာ အများကြီးမူတည်တယ်
ဒါတွေတင်ဘဲလား? မကသေးပါဘူး
ဆက်ကြည့်ကြရအောင်