Рет қаралды 180,800
သုဝဏ္ဏ မြို့ဦးစေတီကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သော မိန့်ခွန်း
"ကျွန်မတို့ အားလုံး အင်မတန်မှ သတိနဲ့ ပြည့်ဝရပါလိမ့်မယ်။ ကျွန်မတို့ နိုင်ငံကို ကျွန်မတို့ အေးချမ်းစေချင်တယ်။ ချမ်းသာစေချင်တယ်။ တိုးတက်စေချင်တယ်။ ဒီရွေးကောက်ပွဲဟာ ဒီလို အေးချမ်းရေး၊ ညီညွှတ်ရေး၊ တိုးတက်ရေးအတွက် အခြေချလိုက်တဲ့ ပွဲကြီးတစ်ခု ဖြစ်စေချင်ပါတယ်။ အဲဒီတော့ ကျွန်မတို့ ဒီရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ကျွန်မတို့ ပြည်သူလူထုက ဘယ်လောက် စည်းကမ်းရှိရှိ၊ ဘယ်လောက်မှန်မှန်၊ ဘယ်လောက် စိတ်ထားပြည့်ဝစွာနဲ့ ဒီရွေးကောက်ပွဲကို ဖြစ်မြောက်အောင် လုပ်သွားတယ်ဆိုတာ တစ်ကမ္ဘာလုံးက မြင်စေချင်တယ်။ အသိအမှတ်ပြုစေချင်တယ်။ ဒါကြောင့် ကျွန်မတို့ နိုင်အောင်လုပ်မယ်။ မှန်ကန်တဲ့နည်းနဲ့ နိုင်အောင်လုပ်မယ်။ ကျွန်မတို့ ပြည်သူတွေ မခံချင်အောင်လို့ ဆွတာရှိရင် အဲဒီဟာတွေကို ဒါကြောင့်မို့လို့ လမ်းမလွှဲပါစေနဲ့။ ကိုယ့်ရဲ့ စိတ်ဓာတ်က ပိုပြီးတော့ ခိုင်သလား။ အဖျက်သမားတွေရဲ့ စိတ်ဓာတ်က ပိုပြီးတော့ ပြင်းသလားဆိုတာ ပြိုင်ကြစို့လို့ ကျွန်မက ဒီလိုပဲ ပြောချင်ပါတယ်"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွေအနက် အကြီးကျယ်ဆုံးဖြစ်တဲ့ သုဝဏ္ဏ မြို့ဦးစေတီကွင်း ဟောပြောပွဲကို နိုဝင်ဘာ ၁ ရက်၊ ညနေ ၄ နာရီကျော်မှာ စတင်ခဲ့ပါတယ်။ ရန်ကုန်မြို့အတွက် ပွဲသိမ်းသတ်မှတ်နိုင်ပြီး ရန်ကုန်လူထုရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတဲ့ပွဲကို ကွင်းပြည့်လျှံတဲ့အထိ လူသိန်းချီ လာရောက်ကြတာကို တွေ့ရပါတယ်။