Рет қаралды 191,133
မဟာသက္ကရာဇ် (၁၁၁)ခုနှစ်တွင် သုဝဏ္ဏဘုမ္မိရွှေမြေမဟီသို့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်ကြွရောက်၍ ဆံတော်အမွေပေးဝေငှခြင်းပြုခဲ့ပါသည်။ ထိုအကြောင်းကြောင့် …
#ရွှေပါဒဇေယျာခကေလာသတောင်တော် -လို့ ကျိုက်ထီးဆရာတော်ဘုရားကြီး ဟောပြခဲ့သည့်အတိုင်း သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကကျေးရွာအနီးရှိ ကေလာသတောင်တော်ပေါ်တွင် ဆကေသမဟာဓာတုဝင် ကေလာသဆံတော်ရှင်စေတီတော်ကြီးအား အထူး တင့်တယ်သပ္ပါယ်လှစွာဖူးမြင်ရပါ၏။
ဗျာဒိတ်တော်အရ နှစ်ပေါင်းများစွာ တောဖုံးပျက်ပြုန်း ရှိရာမှ ကျိုက်ထီးဆောင်းဆရာတော် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မာဇောတိက ဓမ္မပါရဂူ ဒေါက်တာ ဘဒ္ဒန္တပညာဒီပမှ ဒုတိယဒီပ ကျိုက်ထီးဆောင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မာဇောတိက ဓဇ အရှင်နာဒီပနှင့် တပည့်အပေါင်းအား ဩဝါဒပြု၍ ဘုရားမြတ်ရှင် မိန့်မှာချက်နှင့်အညီ သုဝဏ္ဏဘုမ္မိဆံတော်ရှင်သာသနာတော်ကြီးအား ပြန်လည်ဖွင့်ဖော်ခဲ့ရာ ကေလာသဆံတော်ရှင်သည် သုဝဏ္ဏဘုမ္မိဆံတော်ရှင်ဘုရားအဆူဆူတွင် အဓိကမဏ္ဍိုင်စေတီတော်မြတ်ကြီးတစ်ဆူဖြစ်ပါသည်။
ဤဓမ္မပူဇာတေးသွားအား မန္တလေးသိန်းဇော်ရေးဖွဲ့သီဆို၍ ဂီတမှူးဦးသန်းဝင်းကြွယ် ဓမ္မသံစဉ်ပြုကာ စန္ဒရားသန်းဇော်အဖွဲ့နှင့် မန္တလေးသိန်းဇော်၏ အဇဋာအနုပညာမှ ဂါရဝပြုပူဇော်တင်ဆက်ပါသည်။