ဆွမ်းဆန်ခံပြီး နွမ်းပါးသူတွေကိုပြန်လှူပေးနေတဲ့ ဆရာလေးခေမာရံသီ

  Рет қаралды 16,953

NewsWatch Myanmar

NewsWatch Myanmar

Күн бұрын

သုညတ ဓမ္မရံသီတရားရိပ်သာရဲ့ ဦးစီးပဓာန နာယကဆရာလေးခေမာရံသီဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုခါးစည်းခံနေရတဲ့ ကျောမွဲပြည်သူတွေကို ဖေးမကူညီဖို့အတွက် ဆွမ်းဆန်စိမ်းခံပြီး ကုသိုလ်ယူနေသူဖြစ်ပါတယ်။
ဆရာလေးဟာ ရရှိတဲ့ ဆွမ်းဆန်တွေကို ဆင်းရဲနွမ်းပါးသူတွေဆီအရောက်သွားပြီး တဆင့်ပြန်လည်လှူဒါန်းပေးနေတာဖြစ်ပါတယ်။
ဆရာလေးရဲ့ သုညတ ဓမ္မရံသီတရားရိပ်သာမှာ တရားရိပ်ခိုလှုံနေသူ လူပေါင်း ၃၀၀ ကျော်ရှိပြီး အားလုံးအတွက် အရိပ်အမိုးအပြင် စားရေးသောက်ရေးအတွက်လည်း အပြည့်အဝတာဝန်ယူကာ ဗုဒ္ဓသာသနာ စည်ပင်ပြန့်ပွားရေးအတွက် တတပ်တအား ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။
ဆရာလေး ခေမာရံသီကို မိုးကုတ်မြို့မှာမွေးဖွားခဲ့ပြီး ရန်ကုန်မြို့မှာ ကြီးပြင်းခဲ့ပါတယ်။ ဖခင်ဦးစိုးထွန်းနဲ့ မိခင်ဒေါ်မေစီတို့ရဲ့ သမီး သုံးဦးအနက် ဆရာလေးဟာ အကြီးဆုံးသမီးဖြစ်ပါတယ်။
ရွှေဆိုင်လုပ်ငန်းလုပ်ကိုင်ကာ ပူပင်ကြောင့်ကျမဲ့ဘဝကို ပိုင်ဆိုင်သူမိန်းကလေးဖြစ်ပေမယ့် အသက် ၂၄ နှစ်မှာတော့ ခင်ပွန်းနဲ့ အသက် တစ်နှစ်သာသာရှိသေးတဲ့ ရင်သွေးလေးကိုစွန့်ပြီး သာသနာ့ဘောင်ထဲ အပြီးတိုင် ဝင်ရောင်ခဲ့ပါတယ်။
သုညတဓမ္မရံသီ တရားရိပ်သာသည် သစ်တပင်ကောင်း ငှက်တသောင်းဆိုဘိသကဲ့သို့ ဗုဓ္ဒဘုရားရှင်၏ တရားရိပ်၌ ခိုလှုံဝင်ရောက်လိုသည့် လူယောကျ်ား၊ လူမိန်းမ၊ ရှင်ရဟန်းနှင့် သာသနာ့နွယ်ဝင် သီလရှင်များအားလုံးအတွက် အေးမြသည့်အရိပ်တခု၊ သံသရာမှ ထွက်မြောက်ရာလမ်းရှာဖွေရာတွင် အထောက်အပံ့ကောင်းတခုအဖြစ် ဖြစ်လျှက်ရှိနေပါသည်။

Пікірлер: 25
Will A Guitar Boat Hold My Weight?
00:20
MrBeast
Рет қаралды 261 МЛН
Остановили аттракцион из-за дочки!
00:42
Victoria Portfolio
Рет қаралды 3,9 МЛН
သစ္စာလေးပါး တရားတောင်း"​​တေးသံရှင်အိအိချွန် (ခ) ဆရာလေး မအဂ္ဂဉာဏီ
4:44
ဒေါက်တာအရှင် အဂ္ဂဇေယျ - ရွှေမိုးမြေဆရာတော်
Рет қаралды 25 М.
17.4.2022 တရားအားထုတ်နည်း အတိုချုပ်
53:36
ဆရာလေး ခေမာရံသီ Khema Ranthi
Рет қаралды 26 М.
Will A Guitar Boat Hold My Weight?
00:20
MrBeast
Рет қаралды 261 МЛН