Рет қаралды 14,916
လူရွှင်တော် ကောင်းကျော် နှင့် လူရွှင်တော် အသင်း (ရန်ကုန်) အဖွဲ့သား စုပေါင်းပြီး သက်ကြီး လူရွှင်တော် ဦးစံမိုး ကို ထောက်ပံ့ ငွေကျပ် (၃၃၀,၀၀၀) အပြင် ဆန်၊ ဆီ၊ စားသောက်ကုန် ပစ္စည်းများ၊ ဆေးဝါးများဖြင့် စက်တင်ဘာလ (၈) ရက်နေ့ က အိမ်တိုင်ရာရောက် ကန်တော့ ခဲ့ကြပါတယ်။
“မြန်မာပြည် လှည့်ပြီး ရီစရာ ပြောလာခဲ့တာ အနှစ် (၅၀) ကျော် ပြီ။ အခု ရီစရာ မပြောရတာ (၆) လ ကျော်ပါပြီ။ အခုလို သက်ကြီးလူရွှင်တော်တွေ ကို နှစ်စဉ်နှစ်တိုင် မပျက်မကွက် ထိုက်ထိုက်တန်တန် ကန်တော့ကြလို့ အင်မတန် ပီတိ ဖြစ်ရပါတယ်” လို့ ဝါရင့် လူရွှင်တော် ဦးစံမိုး က ပြောပါတယ်။
Myanmar Celebrity TV Update: Yangon Comedian Team donated Cash & Food to Elderly Needy Comedian, San Moe, on September 08. #MyanmarComedian #SanMoe #KaungKyaw