Рет қаралды 306,295
တော်လှန်ရေး ဘက်တော်သား လူရွှင်တော် ဝိုင်းကျော် ရဲ့ ဈာပနအခမ်းအနား
မေ ၊ ၂၄
ဟားငါးကောင် အငြိမ့်အဖွဲ့ဝင် အသက် ၃၈ နှစ်အရွယ် လူရွှင်တော် ဝိုင်းကျော်ဟာ အသဲရောဂါ ဆေးကုသမှုခံယူနေရင်း မေလ ၂၂ ရက်နေ့က မဲဆောက်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။
ဒီကနေ့မှာတော့ သူ့ရဲ့ ဈာပနအခမ်းအနားကို ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
ဟားငါးကောင် အငြိမ့်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ပိုးလေး၊ဝိုင်းကျော်၊ တိုင်းကျော်၊ တိုးကျော်နဲ့ ပြည်ကျော်တို့ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေးကို အငြိမ့်ပွဲတွေ ဆင်နွဲပြီး ပါဝင်ခဲ့ကြသလို ရုပ်ရှင်ဇာတ်လိမ်းတိုတွေလည်း ရိုက်ကူးပုံဖော်ခဲ့ကြတာပါ။
လူရွှင်တော် ဝိုင်းကျော်ကွယ်လွန်ချိန်မှာတော့ ဇနီးနဲ့ သားနှစ်ဦးကျန်ခဲ့တယ်လို့သိရပါတယ်။