တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်ဘက်က ခုနစ်ဦးသေဆုံး | MAWKUN

  Рет қаралды 3,111

MawKun Magazine

MawKun Magazine

5 ай бұрын

ဆားလင်းကြီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်ဘက်က ခုနစ်ဦးသေဆုံး
ဆားလင်းကြီး - ၂၀၂၄ ဖေဖော်ဝါရီ ၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မနေ့က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်တဲ့တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က ခုနစ်ဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိရပါတယ်။
မနေ့ နံနက် ၅း၀၀ နာရီလောက်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးအုပ်စု၊ ထန်းတောရပ်ကွက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အာဏာသိမ်းစစ်တပ်ကို သွားရောက်တိုက်ခိုက်ခဲ့တာပါ။
"မနက်၅း၀၀ရီကတည်းက ရန်သူ့အနား ချဥ်းကပ်နိုင်ခဲ့တာ။ နေ့တိုင်းကင်းစောင့်နေတဲ့ စခကင်းဘန်ကာတွေဆီကစောင့်နေတာ။ ကျွန်တော်တို့ မိုင်းတွေခင်းပြီးစောင့်နေတယ်။ ၆း၀၀ နာရီမထိုးခင် ‌သူတို့ညောင်ပင်ကြီးစခန်းကနေ ထွက်လာတယ်။ ကျွန်တော်တို့ စောင့်တဲ့နားမရောက်ခင် ခွေးဟောင်တော့ စကစတပ်သားတွေရပ်တန့်သွားတယ်။ အဲဒီတော့ မထူးဘူးဆိုပြီး စပစ်တော့ပဲ"လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Young People Force ရဲ့ခေါင်းဆောင် ကိုလက်ရာက မော်ကွန်းကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က ၁၀ ဦးမှာ ခုနစ်ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်ကျဆုံးတာမရှိဘူးလို့ သူကပြောပါတယ်။
"နောက်က စစ်ကူလာပြီးပစ်တာရောကြောင့် လက်နက်တွေတော့ မကောက်နိုင်ခဲ့ဘူး။ ၆း၄၀ အချိန်ခန့်မှာတော့ အောင်မြင်စွာစုတ်ခွာနိုင်ခဲ့တယ်"လို့ သူကပြောပါတယ်။
ဒီတိုက်ပွဲမှာ Young People Foceနဲ့ Salingyi GZတို့ ပါဝင်ခဲ့ပြီး အဲဒီအဖွဲ့တွေဟာ ဆားလင်းကြိီးမြို့နယ် ပကဖအောက်ကနေ စစ်ရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေဖြစ်တယ်လို့လည်း သိရပါတယ်။
ရုပ်သံ -

Пікірлер
မနက်ခင်းသတင်း (၂၀၂၄ ဇူလိုင် ၂၄ ရက်)
5:13
RFA လွတ်လပ်တဲ့အာရှအသံ
Рет қаралды 27 М.
КАК ДУМАЕТЕ КТО ВЫЙГРАЕТ😂
00:29
МЯТНАЯ ФАНТА
Рет қаралды 9 МЛН
تجربة أغرب توصيلة شحن ضد القطع تماما
00:56
صدام العزي
Рет қаралды 58 МЛН
КАК ДУМАЕТЕ КТО ВЫЙГРАЕТ😂
00:29
МЯТНАЯ ФАНТА
Рет қаралды 9 МЛН