Рет қаралды 28
Q: ဆရာ Alex အနေနဲ့ လုပ်ငန်းတစ်ခုမှာ Team ကို manage လုပ်တဲ့အခါ/ lead လုပ်တဲ့အခါ ဘယ်အရာက အရေးကြီးဆုံးလို့မြင်ပါသလဲခင်ဗျ။
A: Team တစ်ခုကို lead လုပ်တယ် manage လုပ်တယ်ဆိုတဲ့နေရာတွေမှာ ကျွန်တော့်အနေနဲ့ အရေးအကြီးဆုံး ဘယ်နေရာလဲလို့ ပြောတယ်ဆိုလို့ရှိရင်တော့ ကျွန်တော့်အနေနဲ့ ကျွန်တော့် personal ပေါ့နော်..အရင်ဆုံးပြောရတာ အဲ့ဒါ..ကျွန်တော့်အနေနဲ့မြင်တာက Communication ပါ။ အရာအားလုံးရဲ့ management, leadership အရာအားလုံးရဲ့ အခြေခံအကျဆုံးက Communication ပါ။ ဘယ်နေရာမှာသွားပြီးတော့ လူတွေက ပြဿနာတက်ကြလဲဆိုတော့ ကိုယ်ပြောချင်တာပြောလိုက်တယ် ဒါပေမဲ့ ကိုယ်ပြောချင်တဲ့ ပွိုင့်ကို လက်ခံတဲ့သူက အတိအကျမရဘူး။ ဆိုတော့ Communication က ဒီ leadership..management level မှာ အရေးအကြီးဆုံးပါပဲ။ ဘာလို့ဆိုတော့ လူတိုင်းကကိုယ်မဟုတ်ဘူး။
ကျွန်တော် HoD (Head of Department) တွေဘယ်လိုခေါ်မလဲ..ကျွန်တော့် team ထဲမှာရှိနေတဲ့ owners တွေပေါ့နော်..ကျွန်တော်တို့ Level One ရဲ့ owners တွေ၊ Level UP ရဲ့ owners တွေ၊ Level UP ရဲ့ Business HoD တွေ၊ Level One ရဲ့ HoD တွေဆိုလို့ရှိရင် ကျွန်တော် အမြဲတမ်းပြောတယ်။ ကျွန်တော်တို့ mangement level ကနေပြီးတော့မှ execution level ကိုစကားပြောတဲ့ အချိန်တွေမှာ ကိုယ်က ကိုယ့်ရဲ့အတွေ့အကြုံနဲ့ပြောလိုက်တာ ဒါပေမဲ့ execute လုပ်နေတဲ့သူတွေက ကိုယ့်လောက်အတွေ့အကြုံမရှိတဲ့အချိန်မှာ ကိုယ်ပြောတာကို (၁၀၀) ရာခိုင်နှုန်းမရဘူး.. ဘယ်သောအခါမှမရဘူး။ အဲ့တော့ သူတို့ရတာသည် သူတို့ရဲ့ အတွေ့အကြုံ သူတို့ရဲ့နားလည်မှုနဲ့ ပြန်ချင့်ချိန်ပြီးတော့ (၄၀)ရာခိုင်နှုန်း၊ (၅၀)ရာခိုင်နှုန်း၊ (၆၀)ရာခိုင်နှုန်းရသွားတာ။ ဆိုတော့ အဲ့ဒီ Communication ကို ကျွန်တော်တို့ကောင်းကောင်းလုပ်နိုင်တယ်ဆိုလို့ရှိရင် ဒါသည် Great Manager လို့တော့ ကျွန်တော့်အနေနဲ့ကတော့ယူဆတယ်ပေါ့နော်။
ဆိုတော့ ဒီနေရာတွေမှာ ကျွန်တော့်အနေနဲ့ ဘာလုပ်လေ့ရှိလဲဆိုတော့ ကျွန်တော်လုပ်တာကတော့ regular check-in လေးတွေ ကျွန်တော်လုပ်တယ်။ ဥပမာ ကျွန်တော်တို့ဘယ်လိုခေါ်မလဲ meet points တွေပေါ့လေ..ကျွန်တော်တို့ Monday တိုင်းမှာ ကျွန်တော်တို့ ဒီ Creative နဲ့ Account နဲ့ meeting တွေရှိမယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ Wednesday, Thursday တိုင်းမှာ Business Development နဲ့ Finance နဲ့ meeting တွေရှိမယ်။ အဲ့တော့ ကျွန်တော်တို့ team အချင်းချင်း အချိတ်အဆက်မိအောင်နဲ့ အဆင်ပြေပြေ ကျွန်တော်တို့ process လုပ်လို့ရအောင် ဆိုပြီးတော့မှ checkpoint meeting လေးတွေကျွန်တော်တို့က ထားပေးရတယ်..ဆိုတော့ ဒါကတစ်ပိုင်း။
ပြီးလို့ရှိရင် ကျွန်တော်တို့ open feedback ပေါ့နော်..ဘာလို့ဆိုတော့ အများစုကကျတော့ဗျာ ငါခိုင်းတာလုပ်၊ ငါပြောတာလုပ်..ကျွန်တော့်ငယ်ငယ်တုန်းက (၉)တန်း၊ (၁၀)တန်းမှာတုန်းက ကျွန်တော့်ဆရာ သင်ပေးတာရှိတယ်။ ငါတို့ကတဲ့ အ သုံးလုံးတော့ကျေလာတယ်တဲ့..ဒါပေမဲ့ အသက်ကြီးလာတဲ့အချိန်မှာတဲ့ ငါတို့က”ခ”သုံးလုံးကျေဖို့လိုတယ်တဲ့..ဘာလဲဆရာ “ခ”သုံးလုံးဆိုတော့..ခေါ်ရင်လာ ခိုင်းရင်လုပ် ခံမပြောနဲ့ ဆိုတဲ့စကားသုံးလုံး။ ဆိုတော့ ကျွန်တော်တို့က “ခ”သုံးလုံးကျေတယ်ပေါ့နော်။ ဆိုတော့ “ခ”သုံးလုံး ကျေတဲ့အချိန်မှာ ဘာဖြစ်လာလဲဆိုတော့ feedback ကျွန်တော်တို့က အားနည်းသွားတယ်။ အဲ့တော့ ခေါ်ရင် ဟုတ်ဟုတ်ဟုတ် လာခဲ့ သိတယ်မလား..ခိုင်းရင်လည်း ခိုင်းတဲ့ဟာတွေပဲလုပ်လိုက်တယ် ပြန်လည်းမပြောဘူး။
ဒါပေမဲ့ ကျွန်တော်တို့ခံစားရတာကို ကျွန်တော်တို့ရဲ့ Managers တွေ၊ ကျွန်တော်တို့ရဲ့ C-levels တွေ၊ ကျွန်တော်တို့ရဲ့ Seniors တွေ၊ ကျွန်တော်တို့ရဲ့ Mentors တွေ မသိကြတော့ဘူး။ ဆိုတော့ အဲ့ဒီလိုမျိုး ဖြစ်အောင်လုပ်မယ့်အစား ကိုယ့်ရဲ့ team ထဲမှာ open feedback ပေါ့နော်..ကျွန်တော်တို့ transparency ရှိရှိ ကျွန်တော်တို့ဘယ်လိုခေါ်မလဲ ကျွန်တော် Yoma Bank မှာ နားလည်ခဲ့ရတာ ကျတော့ အဲ့လိုမျိုး ကျွန်တော်တို့ speak out policy တစ်ခုခုပေါ့လေ။ အဲ့တော့ အချိန်မရွေး CEO ကို ကြိုက်တဲ့သူက လာပြီးပြောပိုင်ခွင့်ရှိလား၊ အချိန်မရွေး CHRO ကိုလာပြီးပြောပိုင်ခွင့်ရှိလား၊ တံခါးဖွင့်ပေးထားလား ဆိုတဲ့ပုံစံမျိုးက အများကြီးကျွန်တော်တို့ အရေးကြီးတယ်ပေါ့လေ။ ဆိုတော့အဲ့ဒီ open feedback ကျွန်တော်တို့လုပ်သင့်တယ်။ maybe နောက်ဆုံးဘာပါလုပ်သင့်လဲ ဆိုတော့ ကျွန်တော်တို့ anonymous survey ပေါ့နော်..anonymous survey ဆိုတဲ့ဟာမျိုးက ကျတော့ ကိုယ့်နာမည်မပြောဘဲနဲ့ ကျွန်တော်တို့ feedback တစ်ခုခု ပေးလို့ရအောင်အထိကိုတော့ လုပ်သင့်တယ်လို့တော့မြင်တယ်။
#marketing #digitalmarketing #market #career #askalex #askalexmm