Рет қаралды 303,675
ဘရော်နီကာ အာဂျင်တီးနားသူကို နိုင်ပြီ
သံလွင်ခက်
သြဂုတ် ၄၊ ၂၀၂၄။
ဒီနေ့ည ကျင်းပခဲ့တဲ့ Thai Fight 54 KG တန်းယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတဲ့ပွဲစဉ်မှာ ကယန်းတိုင်းရင်းသူ ဘရော်နီကာက အာဂျင်တီးနားနိုင်ငံသူ ဖလော်ရန်ဆီယာကို အနိုင်ရရှိခဲ့ပါတယ်။
ထိုင်းရိုးရာ မွေ့ထိုင်းပြိုင်ပွဲမှာ ဘရော်နီကာဟာ ၂ နှစ်တာအတွင်း ပွဲစဉ် ၂၀ ထိုးသတ်ခဲ့ပြီး ၁၈ ပွဲနိုင် ၂ ပွဲရှုံးရလာဒ်ကို ပိုင်ဆိုင်ထားခဲ့သူပါ။
လက်ရှိပွဲစဉ်မှာလည်း ပြိုင်ဘက်ကစားသမား ဖလော်ရန်ဆီယာကို အထိနာအောင် ထိုးသတ်နိုင်ခဲ့တဲ့အတွက် အမှတ်ပေးဒိုင်တွေရဲ့ အနိုင်ဆုကို ရရှိခဲ့ပါပြီ။