The New Meaning of Success (Full Episode)

  Рет қаралды 702

Sayar Henry

Sayar Henry

2 жыл бұрын

အခုလို နိုင်ငံရေးအရိပ်မည်းကြီး လွှမ်းမိုးခံထားရတဲ့ နောက်ခံကားချပ်ကြီးနဲ့ အသက်ရှင်ရတဲ့အခါ လူတိုင်းဟာ အနာဂတ်မရေရာတဲ့အတွက် အရင်တုန်းကလို ဘယ်နေ့ဘယ်လလောက်မှာ ဘာတွေပြီးမြောက်ရမယ်ဆိုတဲ့ စီစဉ်တက်ကြွမှုတွေ၊ 'အောင်မြင်မှု' ဆိုတဲ့ စကားလုံးတွေနဲ့ ဝေးကွာသထက်ဝေးကွာလာပြီး တစ်ရက်တာချင်းစီကိုပဲ အာရုံစိုက်ပြီးဖြတ်သန်းနေရတော့တာမျိုးတွေဖြစ်လာပါတယ်။ ဒီအခါမျိုးမှာ စိတ်အကျမလွန်သွားအောင် ထိန်းထိန်းသိမ်းသိမ်းနေတတ်ဖို့ဆိုရင် SUCCESS ဆိုတဲ့ စကားလုံးအပေါ် ကျွန်တော်တို့အရင်ကနားလည်ထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုပုံမျိုးနဲ့သွားလို့မရတော့ပါဘူး။ အဲဒါကြောင့် ကျွန်တော်ကတော့ ဒီကာလအတွင်းမှာ SUCCESS ဆိုတာကို အဓိပ္ပာယ်အသစ်တစ်ခုဖွင့်ဆိုပြီး တစ်ရက်တာချင်းကို နေထိုင်ဖြတ်သန်းနေပါတယ်။
အဲဒီ The New Meaning of Success ဆိုတဲ့ အကြောင်းကို ကျွန်တော့် ပေါ့ကဒ်စ်ထဲမှာ July 3 တုန်းက ပြောခဲ့ပါတယ်။ အဲဒီ episode ကို နားထောင်ပြီးသူတွေအတွက်တော့ ဒီဗီဒီယိုကအသစ်မဟုတ်ပါဘူး။
ဒါပေမယ့် -
(၁) အကြောင်းအမျိုးမျိုးကြောင့် Podcast apps တွေသုံးဖို့အဆင်မပြေလို့နားမထောင်ဖြစ်တဲ့သူတွေ
(၂) Podcast ထဲက မြန်မာလိုအပုဒ်တွေပဲနားထောင်ဖြစ်ပြီး အင်္ဂလိပ်လိုအပုဒ်တွေကို အချိန်ပေးနားမထောင်ဖြစ်သေးသူတွေ
(၃) ကျွန်တော့် podcast ကို အင်္ဂလိပ်စာလေ့လာရာမှာ ဘယ်လိုအသုံးပြုလို့ရနိုင်တယ်ဆိုတာကို မမြင်သေးတဲ့ IELTS ကျောင်းသားတွေ
(၄) ကျွန်တော့် Video Lessons တွေအကြောင်းကို အခုနောက်ပိုင်းမှသိတဲ့သူတွေ
အတွက်တော့ အကျိုးရှိသွားမယ်ထင်ပါတယ်။
ပြီးတော့ အင်္ဂလိပ်စာဖတ်ရမှာပျင်းနေတဲ့သူဆိုရင်လည်း ဒီဗီဒီယိုလေးဖွင့်ထားပြီး ကျွန်တော့်အသံနဲ့တွဲနားထောင်ရင်းဖတ်ဖြစ်သွားနိုင်တာပေါ့။
=========================
Podcast အကြောင်းအကျဉ်းချုံး ဖော်ပြချက်
👇👇👇👇👇
'Voice of Sayar Henry' သည် မြန်မာလူငယ်များအတွက် နိုင်ငံတကာမှ Audio Books & Podcasts များကို အင်္ဂလိပ်ဘာသာဖြင့် တိုက်ရိုက်နားထောင်ချင်လာ နားထောင်ရဲလာ နားထောင်တတ်လာအောင် smooth transition တစ်ခုသဖွယ်အထောက်အပံ့ပေးနိုင်မည့်၊ စိတ်တံခါးဖွင့်ပေးနိုင်မည့် Podcast တစ်ခုဖြစ်သည်။ Episode တိုင်းကို Sayar Henry ကိုယ်တိုင်ရေးသားပြီး ရှင်းလင်းပီသစွာကြားနိုင် နားလည်နိုင်အောင် အသံသွင်းပြီး နိုင်ငံတကာအဆင့်မီအောင် ကြိုးစားထားပါသည်။ အင်္ဂလိပ်ဘာသာနှင့်ရော မြန်မာဘာသာနှင့်ပါ တင်ဆက်ပေးထားပြီး Language Learning, Self-improvement, Productivity နှင့် Lifestyle Design ကို စိတ်ဝင်စားသူများ၊ Originality နှင့် Creativity ကို တန်ဖိုးထားသူများ၊ IELTS/TOEFL စာမေးပွဲများကိုပြင်ဆင်နေသူများ သဘောကျနိုင်ပါသည်။
Anchor, Spotify, Apple Podcasts, Google Podcasts စသည်တို့တွင် Full Episodes များကို အခမဲ့ နားဆင်နိုင်ပါသည်။
🎧 anchor.fm/sayar-henry
=========================
သင်တန်းစုံစမ်းသူများအောက်တွင်ဆက်ဖတ်ပါ။
👇👇👇👇👇
အင်္ဂလိပ်စာနှင့် အဆက်မပြတ်အောင် လေ့လာချင်သူများ အဆင်ပြေအောင် The Library အစီအစဉ်ကို ပြုလုပ်ပေးထားပါသည်။ Library Membership ပြုလုပ်ထားလျှင် အခြားမည်သည့်သင်တန်းများတွင်မှမရနိုင်သော Exclusive Video Courses & Resources များကို access လုပ်ခွင့်ရကာ ဆိုရှယ်မီဒီယာပေါ်ကထွက်ပြီး အင်္ဂလိပ်စာကို စိတ်အေးလက်အေး လေ့လာနိုင်ပါမည်။
Google Classroom ၏ content management စနစ်ကို အသုံးပြုထားသည့် The Library ထဲတွင် Foundation မှ Intermediate အထိ English Grammar Concepts များကို ပြည့်စုံစနစ်ကျစွာ ရှင်းပြသင်ကြားပေးထားသည့် Video Lessons များ၊ Podcast ထဲတွင် အသုံးပြုထားသည့် Upper-intermediate နှင့် Advanced level ရှိသည့် ဝါကျများအကြောင်းကို ရှင်းလင်းသင်ကြားပေးသည့် ဗီဒီယိုများ၊ ဆိုရှယ်မီဒီယာပေါ်တွင်မရနိုင်သည့် Special Lectures များအပြင် Google Meet ကိုအသုံးပြုပြီး အခါအားလျော်စွာပြုလုပ်ပေးတတ်သည့် Language Learning နှင့် သက်ဆိုင်သည့် Workshop များ စသည်တို့ကို ရနိုင်ပါသည်။
=========================
Library Membership ရဖို့ ဘာလုပ်ရမလဲ
👇👇👇👇👇
Library Team သို့ Email ပို့ပေးရပါမယ်။
To: library.eng.henry@gmail.com
Subject: "Membership Request"
Text Box ထဲမှာ
(1) Full Name in English
(2) Gmail
(3) Preferred Payment Method (AYA, KBZ, CB, WAVE, KPAY)
အဲဒါတွေ ထည့်ရေးပြီး ပို့လိုက်ပါ။
Library ဘက်က ပြန်ပို့ပေးတဲ့ သက်ဆိုင်ရာအကောင့်နံပါတ်ကို Member fee (20000 MMK for 3 Months) ငွေလွှဲလိုက်ပြီးပြီဆိုရင်တော့ ငွေလွှဲ screenshot လေးနဲ့ Reply ပြန်လိုက်ပါ။
နာရီပိုင်းအတွင်း membership active ဖြစ်သွားကြောင်း Information Details ကို Library ဘက်ကပြန်ပို့လာပါလိမ့်မယ်။
=========================
NOTE: Sayar Henry started this KZbin channel in 2013 with a simple purpose to help Myanmar students consume free educational contents and to share his ideas related to language learning. Earlier videos were created with extremely limited resources in Myanmar. There was also a hiatus on this channel between 2015 and 2018 as most Myanmar students at the time were not as active on KZbin as on Facebook. But because of the rise in the number of active KZbin viewers in Myanmar recently, Sayar Henry is back on the channel in 2019. Since then, he has been creating educational content which are better than the ones he did when he was younger. In 2021, he also started "Voice of Sayar Henry" Podcast for the People of Myanmar who are in need of even more educational and inspirational content as the country is suddenly turned into a failed state because of a military coup d'état.

Пікірлер: 5
@phyomin3252
@phyomin3252 2 жыл бұрын
ကျေးဇူးတင်ပါတယ်ဆရာ
@chawsuleiaung9058
@chawsuleiaung9058 Жыл бұрын
Dear respectful Saya, your voice is so catchy and attractive. I'm very impressed with your natural speaking. I love listening to your podcasts.
@SayarHenry
@SayarHenry Жыл бұрын
I'm glad you're enjoying my podcast! May I invite you to come visit my website where you can choose to listen only the English episodes or Burmese episodes as you like. Here are the links to those pages: (1) sh-learningculture.com/english (2) sh-learningculture.com/burmese
@chawsuleiaung9058
@chawsuleiaung9058 Жыл бұрын
@@SayarHenry Yes, Saya. I do appreciate yours. I love to listen to Burmese as well as English episodes too. I'm literally become a maniac of your voice in Burmese or English.🤩 Thank you so much saya.
@SayarHenry
@SayarHenry 2 жыл бұрын
အင်္ဂလိပ်စာဖတ်ရမှာပျင်းနေတဲ့သူဆိုရင် ဒီဗီဒီယိုလေးဖွင့်ထားပြီး ကျွန်တော့်အသံနဲ့တွဲနားထောင်ရင်းဖတ်ဖြစ်သွားနိုင်မယ်လို့မျှော်လင့်ပါတယ်။
Learn 5 People-Related Adjectives
12:19
Sayar Henry
Рет қаралды 70
Can You Draw A PERFECTLY Dotted Line?
00:55
Stokes Twins
Рет қаралды 101 МЛН
THEY WANTED TO TAKE ALL HIS GOODIES 🍫🥤🍟😂
00:17
OKUNJATA
Рет қаралды 20 МЛН
Khó thế mà cũng làm được || How did the police do that? #shorts
01:00
Learn English With My Podcast
1:47:40
Sayar Henry
Рет қаралды 619
16 Minutes in class
16:12
Sayar Henry
Рет қаралды 263
Let's Practice English Together
57:13
Sayar Henry
Рет қаралды 1,1 М.
Let's Read English Together (+ Exercise)
22:16
Sayar Henry
Рет қаралды 544
Let's Practice English (40 Minutes in The Library)
42:26
Sayar Henry
Рет қаралды 267
နှစ်ကူးစကားဝိုင်း
2:00:45
Sayar Henry
Рет қаралды 491
Can You Draw A PERFECTLY Dotted Line?
00:55
Stokes Twins
Рет қаралды 101 МЛН