Рет қаралды 99,412
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
- တရုတ်နဲ့ ပတ်သက်တဲ့ သဘောထား ၃ ခုကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး အမျိုးသားညီညွှတ်ရေး အစိုးရ NUG ဟာ အမေရိကန်ရဲ့ အထောက်အပံ့တွေ ရယူနေတယ်လို့ စွပ်စွဲထား။
- အောက်တိုဘာ ၁ ရက်နေ့စပြီး နိုင်ငံတဝန်း သန်းခေါင်စာရင်း ကောက်ယူဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေမှာလည်း စာရင်းကောက်ယူမှုတွေ လုပ်မယ်လို့ ဆို။
- အစ္စရေး နဲ့ ဟစ်ဇ်ဘိုလာ တို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန် ၂၁ ရက်ကြာ အပစ်ရပ်ရေး သဘောတူညီဖို့ အမေရိကန်၊ ယူကေနဲ့ အီးယူတို့က ဦးဆောင် ကြိုးပမ်းနေကြတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း