Рет қаралды 34,206
လူတိုင်းလူတိုင်းမှာ အချိန်အခါ အခြေအနေအလိုက် စိတ်ရွှင်လန်းတက်ကြွချိန်၊ စိတ်ဓာတ်ကျ အားငယ်ချိန်တွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ အစွန်းရောက်လောက်အောင် စိတ်အတက်အကျ ပြင်းထန်တာမျိုး ခဏခဏ ဖြစ်လာရင်တော့ ကိုယ့်မှာ Bipolar Affective Disorder လို့ ခေါ်တဲ့ ဘိုင်ပိုလာ စိတ်ကြွစိတ်ကျ ရောဂါ ဖြစ်နေပြီလားဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။
နာမည်ကြီး အနုပညာသည်တွေကအစ ဝန်ကြီးချုပ်လို ပုဂ္ဂိုလ်မျိုးအထိ ခံစားဖူးကြတဲ့ ဘိုင်ပိုလာ စိတ်ကြွ စိတ်ကျရောဂါအကြောင်း သိထားသင့်တာတွေကို ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ယူကေနိုင်ငံက စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီး ဒေါက်တာ နွဲ့ဝင်းသိန်းက ရှင်းပြထားပါတယ်။
ဘီဘီစီမြန်မာပိုင်း