Topics Idea ဘယ်လိုထုတ်ရမလဲ? (Content Pillar)

  Рет қаралды 464

Alex Khine

Alex Khine

6 ай бұрын

Q: Content ရေးတဲ့ အခါ topics တွေကို အိုင်ဒီယာ ဘယ်လို ထုတ်ရမလဲခဗျ၊ ဥပမာ လက်ဖက်ဆိုပါတော့၊ ဘယ်လို ကွန်းတန့်မျိုးရေးတာ marketing အတွက် ပိုကောင်းလဲခဗျ။
A: အဲဒီတော့ကျွန်တော် တို့ brand ရဲ့ character တွေရပြီ။ ကျွန်တော်တို့ brand ရဲ့ တွေ tone of voice တွေရပြီ။ ကျွန်တော်တို့ brand ကဘယ်မှာရပ်တည်မှာလဲဆိုတဲ့ positioning statement ရပြီဆိုလို့ရှိရင် ကျွန်တော်တို့ကအဲဒီအချိန်မှာမှ အခုဒီမှာရေးထားတဲ့ဒီ content pillar ကိုကျွန်တော်တို့ကစပြီးချတာ။ ဆိုတော့ဒီ contact pillar ကိုစပြီးချတဲ့နေရာမှာလည်း ကျွန်တော်တို့အရင်ဆုံးတွေးတာက စောစောက ကျွန်တော်တို့ စဉ်းစားတယ်လေ။ customer တွေဘာကိုလိုချင်နေတာလဲ။ ဘာ challenge တွေရှိနေတာလဲဆိုတာကျွန်တော်တို့အမြဲတမ်းအခြေခံတယ်။ အဲဒီတော့ကျွန်တော်တို့ content မရေးခင်မှာ ကျွန်တော်တို့ကျတော့ဘာလုပ်ရလဲဆိုတော့ research လုပ်ရတယ်။ ဘယ်လို research လဲဆိုတော့ ကျွန်တော်တို့ account team ကထားပါတော့။ ကျွန်တော်တို့ကျတော့ marketing agency (level up) ဆိုတော့ကျတော့ကျွန်တော်တို့ရဲ့ account team က တခြားသော brand တွေရဲ့ page တွေကိုလိုက်ပြီးတော့ research လုပ်ရတယ်။ ကျွန်တော် comment တွေလိုက်ဖတ်ကြတယ်။ ပြီးလို့ရှိရင်ကျွန်တော့် strategist team ကနေပြီးတော့လည်းကျွန်တော်တို့ customer pain points တွေကိုကျွန်တော်တို့ identify လုပ်နိုင်မယ့် comment တွေ၊ survey တွေ ကျွန်တော်တို့အဲဒါတွေအရင်ဆုံးစလုပ်တယ်။ အဲဒီတော့အဲဒီကနေပြီးတော့မှကျွန်တော်တို့ data တွေထွက်လာတယ်။
အဲဒီတော့အဲဒီ data တွေကိုကျွန်တော်တို့က content pillar မှာကျွန်တော်တို့ကဘယ်လိုချလဲဆိုတော့ ဟိုအရေးကြီးတာကျွန်တော်တို့ရဲ့ brand ကဘယ်အတိုင်းအတာကိုရောက်နေပြီလဲဆိုတာကို ကျွန်တော်တို့ကသိဖို့အရေးကြီးတယ်။ ဆိုလိုချင်တာကလူမသိသေးဘဲနဲ့တော့ ဈေးရောင်းလို့တော့မရဘူးပေါ့လေ။ ဒါကြောင့်လည်းကျွန်တော်တို့က brand awareness လုပ်ဖို့လိုတာကိုး။ ကျွန်တော်တို့ local client တွေ၊ local business တွေ အထူးသဖြင့် start up business တွေပေါ့လေ။ ကျွန်တော်တို့ SME တွေအနေနဲ့က လိုအပ်တာကျွန်တော်နားလည်တယ်။ sales လိုအပ်တာကျွန်တော်နားလည်တယ်။ အဲဒီတော့ ကျွန်တောတို့ 100% awareness လုပ်ဖို့လည်း ကျွန်တောပြောတာမဟုတ်ဘူးပေါ့လေ. ဒါပေမဲ့ 100% awareness လုပ်ဖို့မဟုတ်ဘူးဆိုပေမဲ့ brand awareness approach လုပ်တဲ့ activities တွေ content တွေက brand ရောက်နေတဲ့နေရာပေါ့နော်။ ဥပမာအခုမှ brand ကစခါစဆိုလို့ရှိရင် (ထားပါတော့) တစ်နှစ်အောက်ပဲဖြစ်ဖြစ် fan တစ်သိန်းအောက်ပဲဖြစ်ဖြစ်ဆိုလို့ရှိရင် ကျွန်တော်တော့ 60% 70% လောက်ကို ဒီ brand ကို လူသိဖို့အတွက် fan follower တိုးဖို့ဘာဖို့ညာဖို့ဆိုတာထက် brand ကိုလူသိပေါ့နော်။ may be အဲ့ဒီ follower တိုးတဲ့ matrix ကလည်း brand ကိုလူသိတဲ့ဟာထဲမှာတစ်ခုအပါအဝင်ပေါ့လေ။ဆိုတော့ brand awareness တိုးလာအောင်ကျွန်တော်တို့က အရင်ဆုံးစစဥ်းစားတယ်။ အဲ့ဒီတော့ အဲ့ဒီ brand က ဘယ်နေရာရောက်နေတာလဲဆိုတဲ့ အခြေအနေပေါ်မှာအများကြီး မူတည်တာပေါ့နော်။ အဲဒီတော့ကျွန်တော်တို့ဒီ contact pillar ချတယ်ဆိုလို့ရှိရင်အဲဒီ brand က (ထားပါတော့) အခုဒီမှာလည်းမေးထားတာလက်ဖက်ဆိုလို့ရှိရင် လက်ဖက်ကသုပ်စားတာထက်စာလို့ရှိရင် တခြားဘာလုပ်စားလို့ရကျန်သေးလဲ။ လက်ဖက်ကမြန်မာနိုင်ငံအတွက်‌ မြန်မာတွေအတွက်တော်တော်ကြီးကို ရင်းနှီးပြီးသား food product တစ်ခုပေါ့လေ။ ဟုတ်။ ရင်းနှီးပြီးသား food product တစ်ခုဖြစ်တဲ့အတွက်ကြောင့် ဟိုလက်ဖက်သုပ်စားတာကဒါ brand တိုင်းကနေပြီးတော့ကြော်ငြာနေကြတာ။ အဲ့ဒီတော့လက်ဖက်သုပ်စားတာမဟုတ်ဘဲနဲ့။ တစ်ခုခု wow cycle တစ်ခုခု ဘာဖြစ်လို့ရနိုင်သေးလဲ။ ဆိုတော့အဲ့ဒီဟာသည်ကျွန်တော်တို့ရဲ့ brand winners တစ်ခုဖြစ်နိုင်တယ်။ ဥပမာ- လက်ဖက်ကို spaghetti နဲ့ထည့်စားတာတို့။ အဲ့ဒီ brand ကိုအရင်ဆုံးဖောက်ဖို့အတွက်ကို ကျွန်တော်တို့ကသူများမလုပ်ရသေးတဲ့တစ်ခုနဲ့ ကျွန်တော်တို့ position စဉ်းစားပြီးတော့မှအဲဒီဟာနဲ့ဖောက်ရတာဆိုတော့ကျတော့ အဲ့ဒီ position ပေါ်မှာ brand position လုပ်တဲ့အချိန်မှာ ကျွန်တော်တို့က ဘယ်လိုခေါ်မလဲ။ ဒီအစားအသောက်ပါတယ်ဆိုလို့ရှိရင်က အစားအသောက်ဆိုတာ အစားအသောက်ဆန်းသစ်တယ်ဆိုတဲ့ဟာမျိုးပါတယ်ဆိုလို့ရှိရင်က ကျွန်တော်တို့ကအဲ့ဒီအစားအသောက်ဆန်းသစ်တယ်ဆိုတဲ့နောက်ကိုကျွန်တော်တို့ကလိုက်ပြီးတော့ရေးရတာပေါ့လေ။ အဲ့ဒီတော့လက်ဖက်ကို သုပ်စားတာထက်စာလို့ရှိရင်အခြားနည်းတွေနဲ့ မြန်မာမှာလည်းလုပ်ကြပါတယ်။ ကျွန်တော်တို့ဟင်းချက်စားတာ။ ဝက်သားနဲ့ ဝက်လက်ဖက်စားတာတို့ ၊ ပြီးလို့ရှိရင် ကျွန်တော်တို့ကြက်သားနဲ့လက်ဖက်ကိုစားတာတို့ အဲ့ဒီလိုမျိုး food individuation လေးတွေ နည်းနည်းလေးထည့်သွားနိုင်တယ်ဆိုလို့ရှိရင်လူတွေကစိတ်ဝင်စားတယ်။ ပြီးတော့ ဒါက branding column ထဲမှာ။ အဲ့ဒီတော့ကျွန်တော်တို့က ဒီလူတွေဘာလိုအပ်လဲဆိုတဲ့ဟာပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့က content pillar လေးငါးခုလောက်ကိုချပြီးတော့ အဲ့ဒီအထဲမှာကျွန်တော်တို့ content တွေရေးကြ တာပေါ့လေ။ ဆိုတော့ အဓိကတော့ idea ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင် research က နှစ်ခုလုပ်လို့ရတယ်။ ခုနကကျွန်တော်ပြောတဲ့ customer ၊ ကျွန်တော်တို့ research လုပ်လို့ရတဲ့ဟာရှိတယ်။ ပြီးတော့ ဒုတိယတစ်ချက်ကကျတော့လေ ဟိုလက်ဖက်၊ လက်ဖက်ဆိုပြီးတော့မတွေးပဲနဲ့အခြားနိုင်ငံမှာရော အဲ့ဒီလိုမျိုး ခရမ်းချဉ်သီး ဆော့စ်ကို ဘာလုပ်စားကြသေးလဲဆိုတဲ့ research ကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲမဟုတ်ပဲနဲ့ တခြားနိုင်ငံရဲ့ ဥပမာ ဂျပန် ပဲပြောပြော တစ်ခုခုပေါ့လေ။ အဲဒီလိုမျိုးနေရာမျိုးတွေမှာကျွန်တော်တို့သွားပြီးတော့ အဲ့ဒီ page တွေ၊ အဲ့ဒီ TikTok တွေ၊ အဲ့ဒီ reel တွေ၊ အဲ့ဒီ KZbinတွေ စတဲ့နေရာတွေမှာ ကျွန်တော်တို့သွားကြည့်လို့ရတယ်။ ဆိုတော့ အဲ့ဒီကနေပြီးတော့မှ ကျွန်တော်တို့အိုင် idea တွေ ပိုရတာပေါ့နော်။ ဆိုတော့ အဲ့ဒီနည်းနဲ့တော့ကျွန်တော်တို့က idea generation ပိုသွားပါတယ်။

Пікірлер: 1
@sykentertainment2274
@sykentertainment2274 3 ай бұрын
မင်္ဂလာပါ အကို ။ တော်တော်များများက content writer and copy writer ကိုရော်နေကြတယ် ။ အလုပ်ခေါရင်လည်း copy writer ထက် content writer position ပဲ အဓိက ခေါ်လေရှိပါတယ် ။ အဲဒါကြောင့် content writer and copy writer ရဲ့ ကွဲပြားခြားနားပုံ အသေးစိတ်လေးတစ်ချက်ရှင်းပြပေးပါလားဗျ ? ပြီးတော့ content writer and copy writer က Income ဘယ်ဟာပိုများနိုင်လဲ အကို plz ?
Зачем он туда залез?
00:25
Vlad Samokatchik
Рет қаралды 3,3 МЛН
Sigma Kid Hair #funny #sigma #comedy
00:33
CRAZY GREAPA
Рет қаралды 34 МЛН
Эффект Карбонаро и нестандартная коробка
01:00
История одного вокалиста
Рет қаралды 9 МЛН
ဆိုတေး - မုန်းမေ့မရလို့ 
4:38