Рет қаралды 7,546
ဒီဗီဒီယိုမှာတော့ အမေရိကမှာ ကျောင်းသားတွေအတွက် အခန်းရှာတာနဲ့ပတ်သတ်ပြီး သိသလောက်လေး ပြောပြပေးထားပါတယ် စိတ်ကူးပေါက်ပြီး လက်တန်းပြောတာမလို့ နည်းနည်းလေးရှည်သွားတယ်ပေါ့နော် လိုက်တင်သိပ်မကောင်းတော့ ဗီဒီယိုအရည်အသွေးသိပ်မကောင်းဘူးဖြစ်သွားတယ်။ ကြည့်ရတာ နားထောင်ရတာအဆင်မပြေဖြစ်သွားရင် ခွင့်လွှတ်ပါရှင့်။ ဒီထဲမှာ ထည့်မပြောထားတာကတော့ host family ရှာပြီးတူတူနေတာပေါ့နော်။ အဲ့တာကအရမ်းကိုသက်သာပါတယ်။ သူကဘယ်လိုလဲဆိုတော့ ဒီကအမေရိကန်မိသားစုတွေကနေပြီးတော့ ပေးနေတာပေါ့နော် အလကားတော့မဟုတ်ပါဘူး ပိုက်ဆံပေးရပါတယ် ဒါပေမဲ့ သက်သာပါတယ် အိမ်ငှားပြီးနေတာထက်ပေါ့နော်။ တစ်ခုရှိတာကတော့ သူတို့ရဲ့စည်းမျဥ်းအတိုင်းနေရတာမျိုးတို့ဘာတို့တော့ရှိတတ်ပါတယ်။ တစ်ခါတစ်လေ သူတို့နဲ့အရမ်းအဆင်ပြေသွားပြန်ရင်လည်း အလကားတောင်နေလို့ရသွားနိုင်တာမျိုးရှိတတ်ပါတယ်။ ဆိုတော့အဲ့တာကလည်း ထည့်စဥ်းစားလို့ရတဲ့ ရွေးချယ်စရာလေးဖြစ်ပါတယ်။
ကျေးဇူးပါရှင်။
ကျောင်းဝက်ဘ်ဆိုက်ကနေတော့ အရင်ဆုံးစရှာတာကောင်းပါတယ် သူတို့ဝက်ဘ်ဆိုက်ထဲကြတော့ resources တွေများတတ်လို့ပါ။ အောက်ကတော့ ကိုယ်သွားနေမဲ့မြို့အလိုက် ရွေးပြီးရှာလို့ရပါတယ်။ ပြောထားတဲ့အတိုင်း အလိမ်တွေလည်းအရမ်းများတာမို့ သတိထားစေချင်ပါတယ်။
craigslist - www.craigslist...
👍 If You Enjoy This Video, Consider Hitting The Like Button!
🥁 Subscribe To Stay Notified For New Videos: tinyurl.com/kh...
Music by Isaac Solo - kitchen light - thmatc.co/?l=9...
Music by Abby Cole - Blood & Water - thmatc.co/?l=E...
#burmese #internationalstudent #us #usa #housing #apartment #bedroom #f1 #f1student