သူတို့နှစ်ယောက်နေပုံထိုင်ပုံ၊ပြောပုံဆိုပုံ၊စပုံနောက်ပုံ၊စိတ်ကောက်ပုံ၊ရီပုံပြုံးပုံ၊ဆက်ဆံပုံအားလုံးဘာပဲလုပ်လုပ်ဆွဲဆောင်မှုအပြည့်ရှိတယ်။ Together they seem to have some unique magnetic quality. We are somehow drawn to them. ရှေးရေစက်ကြောင့်soul mates တွေ ဖြစ်နေလို့နဲ့တူတယ်။ Vita ပထမကားမှာတခြားတစ်ယောက်နဲ့တွဲခဲ့ပေမဲ့ဆွဲဆောင်မှုမရှိခဲ့သလို Shine လဲအရင်က Normal နဲ့ BL ကားတွေမှာ မင်းသမီးတွေနဲ့ရောမင်းသားတွေနဲ့ရောအတွဲညီခဲ့ပေမဲ့ ထူးထူးခြားခြားမဖြစ်ခဲ့ဘူး၊ Vita နဲ့ BB မှာတွဲလိုက်မှပဲဆွဲဆောင်မှုအပြည့်ရှိခဲ့ပြီးမကြုံးဖူးအောင်BLfans တွေရဲ့တခဲနက်ချစ်ခင်အားပေးမှုကိုယနေ့အထိရနေတယ်။ ခါတော်မှီမှာသူတို့နှစ်ယောက်ရဲ့ထူးခြားတဲ့ chemistry ပို ပေါ်လွင်လာတယ်။ သရုပ်ဆောင်နေတာနဲ့မတူပဲ အပြင်မှာတကယ်ဖြစ်နေသလိုသရုပ်ဆောင်မှုတွေဟာအသက်ဝင်နေတယ်။ သူတို့နှစ်ယောက်ဟာတကယ့်ကိုထူးခြားတဲ့စုံတွဲလေးပါပဲ။ ခရစ်ယာန်တစ်ယောက်အနေနဲ့ပြောရရင်ကောင်းကင်ဘုံကဖန်တီးပေးလိုက်တဲ့အတွဲလေးလို့မြင်မိပါတယ်။ They are a match made in heaven. God bless them both.