Рет қаралды 20,302
Theinngu 32 Sayadaw Ashin Sandimar
ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးအား အမေရိကန်ပြည်ထောင်စုနှင့် ပြည်တွင်း၊ပြည်ပရှိ ယောဂီများမှ တရားကျင့်စဉ်နှင့် ပတ်သက်၍ မေးလျှောက်ထားခြင်းအား ZOOM ONLINE မှတဆင့် ဆရာတော်ဘုရားကြီးမှ ပြန်လည်မိန့်ကြားခြင်း - (၆)ကြိမ်မြောက် မှတ်တမ်း (26.12.2020) စနေနေ့
မေးခွန်း(၁)
ယခုအခါ ဆရာတော်ကြီး၏ စောဒနာ သောဓနာ အပေါ် ဝိနိစ္ဆယစစ်ဆေးနေပြီဟု သိရပါတယ်ဘုရား။
အဲဒီဝိနိစ္ဆယ အပေါ်မှာ ဆရာတော်ကြီး အနေနဲ့ ဒါယကာ/ဒါယကာမတို့အား မစိုးရိမ်ပါနဲ့ ဟု မိန့်ထားဘူးပါတယ် ဘုရား။ ဘယ်အကြောင်းထောက်ပြီး မစိုးရိမ်ပါနဲ့လို့ မိန့်ရပါသလဲ ဘုရား။
ပထမအကြိမ် "မဟန "တိုင်ကြားမှုတုံးက ဘယ်လို အဖြေထွက်ပြီး ပြီးဆုံးသွားပါသလဲ ဆိုတာ သိချင်ပါတယ် ဘုရား။
ရိုသေစွာ ဦးခိုက်ပါတယ် ဘုရား
မေးလျှောက်သူ - David Wong ( Arizona, USA)
မေးခွန်း (၂)
ဆရာတော်ကြီး ဘုရား လွှဆွဲသလို ရှူးရှဲ ရှူးရှဲ အာနာပါနကျင့်စဉ်ကို ဘုရားဟောနဲ့ မညီဘူး၊ ဘုရားဟောနဲ့ မညီလို့ ကျင့်လည်း ကောင်းကျိုးမရှိနိုင်ဘူးဆိုပြီး ဝေဖန် သုံးသပ်ကြသူတွေ များစွာ ရှိနေပါသည်ဘုရား၊
ပြီးတော့ မဟာပလ္လင် ကျင့်စဉ်ကိုလည်း အတ္တကိလမထ အစွန်းရောက် ကျင့်စဉ်ဆိုပြီး ဝေဖန် အပြစ်တင် နေကြသူတွေလည်း များစွာ ရှိနေပါသည်ဘုရား။
အဲဒီကျင့်စဉ် ၂ ခုနဲ့ ပတ်သက်ပြီး ဘုရားဟောဒေသနာနဲ့ ညီညွတ်မှု ရှိ-မရှိ ရှင်းပြပေးတော်မူပါ ဘုရား။
ရိုသေစွာ ကန်တော့ပါတယ် ဘုရား။
မေးလျှောက်သူ - သန္တာ (USA)
မေးခွန်း(၃)
အရိယာပုဂ္ဂိုလ်တို့၏ အရိယာမဂ် ဖိုလ် ဆိုက်-မဆိုက်ကိစ္စကို ဘုရားတပည့်တော်တို့ ပုထုဇဉ်များအနေဖြင့် မည်ကဲ့သို့ မှန်းဆ သုံးသပ်နိုင်ပါသလဲဘုရား။
ပုထုဇဉ်တို့၏ အလေ့အထနှင့် အရိယာပုဂ္ဂိုလ်တို့၏ အလေ့အထ မည်ကဲ့သို့ ကွာခြားပါသလဲဘုရား။
ရိုသေစွာ ဦးခိုက် ကန်တော့ပါ၏ ဘုရား။
မေးလျှောက်သူ - ဦးအောင်ချမ်းငြိမ်း (အောင်လံ)
မေးခွန်း (၄)
တပည့်တော်မသည် တိုက်ခွဲ ၃၂ တရားစခန်းများကို တခါမှ မဝင်ဘူးပါ ဘုရား။ အမ သူသူနဲ့ Zoom Online က တဆင့် တရားထိုင်နေသည်မှာ တနှစ်လောက် ရှိပါပြီ ဘုရား။
ဆရာတော်ဘုရားကြီးအနေဖြင့် ဘုရားတပည့်တော်တို့ တရား ကျင့်ကြံ အားထုတ်နေကြသည့် ယောဂီများနှင့် ဝိပဿနာလောကအတွက် ရှင်းလင်းစွာ နားမလည်ပဲ ဝေဝါး ထွေပြားနေကြသည့် အဓိကလိုအပ်ချက် ဟာကွက်ကို ထောက်ပြ ပြုပြင်ပေးတော်မူပါဘုရား။
လက်တွေ့ တရားကျင့်နေတဲ့ ယောဂီများအတွက် အဓိက အရေးကြီးတဲ့ လိုအပ်ချက်တွေက ဘာတွေပါလဲ အရှင်ဘုရား။
ရိုသေစွာ ဦးခိုက်ပါ၏ ဘုရား။
မေးလျှောက်သူ - သီရိဦး (USA)
Credit: / 773303849926087