Y CUBE - မြေကြီး ( Free verse )

  Рет қаралды 161,268

X6 Record Label

X6 Record Label

Күн бұрын

Title - MYAY GYI
Artist - Y CUBE
Produced by LIL SMOKE
MIXING & MATERING - PAI PAI
DIrected By Zwe
Record At X6 Record Label
Sample from Nyi Pu’s ( မြေကြီးကိုဒုက္ခပေးသူ )
Out Now on All streaming platforms : bfan.link/myay...
Facebook page : www.facebook.c...
Instagram : www.instagram....
Local Streaming Platform : open.flow.com....
Lyrics :
ငါ ငယ်စဥ်ကတည်းက အတွင်းဗီဇနဲ့ပတ်သတ်လာရင် ဘယ်လိုမှဆုံးမ၍မလွယ်သဖြင့်
အချိန်တန်လာတဲ့အခါ of course ဖြစ်လာတယ် မုချ အလုပ်ကတေးဖွဲ့ခြင်း ။
" ကျုပ်ကမ္ဘာလေးရဲ့အတွင်း
အတွေးတိုင်းဟာ မထုတ်ရသေးတဲ့သီချင်း"
[ မဖြစ်ချင်ဘူး စတုတ္ထနေ့ကြယ်ပွင့်တွေထဲကတစ်ပွင့်]
ဒါပေမယ့် ကာရန်တွေကို မုန်းမရမေ့မလွယ်ရင်း
ဘဝလမ်းကိုပုစ္ဆာအပြည့်နဲ့ခင်း ။
ရုန်းထပြေးမယ်လို့ စဥ်းစားတိုင်း နှလုံးသားက
မပေးခဲ့ဘူး လုံးဝရွေးချယ်ခွင့် ။
ရုပ်ဝတ္ထုနဲ့ ဥစ္စာသုံးစရာဖြုန်းစရာရှေ့လည်စင်းတဲ့ကမ္ဘာကြီးမှာ ငါ့ဖြစ်တည်မှုဟာ အသုံးမကျ သေးငယ်ရင်း ကိုယ့်သေတွင်းလေးကိုယ်တူးမိတာတောင် မြေကြီးကိုဒုက္ခပေးတယ်ဖြစ် ။
လွန်ခဲ့တဲ့၃နှစ်ကပြောဖူးတဲ့
ဘဝတူအဖော်သစ်ရွက်တွေကြား...
အခုတလှည့်ငါပြန်ရင်ဖွင့်...သူတို့နားတွေပါငြီးတဲ့အထိ ခေါ်ညှည်းပန်းနေရ ။
ငါ့မိဘတွေက မျှော်လင့်ချက်တွေထား
ဒါတွေကို ငါတကယ်လျော်ပစ်ရက်နေလား
ရင်ဖွင့်ရင်း အတော်အသင့်မျက်ရည်ကျ
လရောင်အောက် ကျွန်တော်ပင့်သက်တွေချ ။
ငါမသိခင်တည်းက rapတွေက ငါ့သွေးထဲမှာ ငုပ်ကာလျှိုး၍ လူကြီးတွေဘယ်လိုပဲပြောပါစေ စာသားတွေ တွေ့တဲ့စာအုပ်မှာခိုးရေး ။
တတ်သမျှလက်တည့်စမ်းကာရေးခဲ့သမျှ skillမဲ့စွာစုတ်ချာလို့နေ။
ငါမေ့ချင်ယောင်ဆောင် ရေခဲရိုက်ထားတဲ့ memory အေးခဲသား အပုပ်အပွအသိုးတွေ ...
စေးပိုင်တဲ့rapတွေကိုရွတ်နိုင်ဖို့ဖန်ဆင်းရှင်ပေးလှည့်ပါနှုတ်လျှာတန်ခိုးအပြည့် ။
rhymeဖွဲ့စည်းပုံတို့ဟာ အချို့သူတွေအတွက်
အသေးအဖွဲအကျဆုံးပါ သို့ပေမယ့် ငါအတွက်ကျလေ့ကျင့်ခဲ့ စတေးခဲ့သမျှ နေ့နဲ့ည မဆုံးပါ လက်ချိုးရေ ။
အပြင်မှာစကားပြောညံ့တဲ့ငါ rapထဲမှာလည်း ဖြည့်ထည့်စရာ စာလုံးရှာလို့မတွေ့ ။
But , Failလည်းငါ့အရှုံးငါရိုးနေ ခေါင်းကိုလေးတွဲစွာ ငုံ့ကာဒိုးမနေ အပြုံးဟာ မညိုးခွေ ။
ဆက်လက်ပြီးရွတ်ဆိုနေဆဲ ဆေးနဲ့အနာမုချမတိုးသရွေ့တော့ မတွေခဲ့ပါ ပုစ္ဆာအချို့အဖြေ ။
ငါ ပေါက်ကရလုပ်သမျှ နားထောင်တဲ့ အဒေါ်အပျိုကြီးတွေနဲ့ shout out to တောင်ခွေးရဲ တစ်ရွာလုံးကအမျိုးတွေ။
ငါရူးနေသမျှတွေကငါ့အဖေရဲ့ အတွေးထဲမှာ လုံးဝအပိုးမသေ
နေ့စဥ်ရက်ဆက် သူတို့ ဒီ ၄၉ဈေးထဲမှာရုန်းကာsupportနေတဲ့ ချွေးနည်းစာသုံးကာ အချိုးမပြေ။ အရေးထဲမှာ ရုပ်ကဆိုးသေး။
မွေးကတည်းကကျုပ်ကအကျိုးမပေး အမေ့ရဲ့သားဒုက္ခအိုးလေး ။
အမျိုးမျိုးညည်းပြမှလည်း ဒီလူတွေက လက်ခုပ်တီးနေစဥ်...
ငါ မြှားအစင်းစင်းစိုက်နေတဲ့ Dart Boardကြီးတွေအသွင် နာကျင်တာကို အဆန်းလုပ်ညည်းမနေသင့်။
ကာရန်တွေကို နမ်းရှုံ့ခရီးတွေနှင်...
ကိုယ့်ကိုဘယ်သူမှမသိ ဘယ်သူ့ကိုမှ ကိုယ်မသိတဲ့နေရာမှာသာ ဇာတ်မြှုပ်ပြီးနေချင် ။
တို့ အမိမြေကြီးနဲ့ ကောင်းကြီးမင်္ဂလာတစ်လမ်းစီတွေသွား ၊ အချို့တွေလည်း ရပ်တည်ခြေချဖို့ ခက်ပြီလေတအား ။
ဒီဇင်ဘာ ၂၀၂၃ မချမ်းမီနေ့များထဲမှာ
ဆီတန်းစီသူတွေဟာ မစီမတန်းနဲ့ တန်းစီနေကြ ။
ခရစ်စမတ်လက်ဆောင်အဖြစ် ဘဝအမောတွေကို ဖြန့်ချိဝေငှ ။
ခရစ်ယာန်မဟုတ်လည်းပဲ ခံစားကြပါစို့ christmas
ဝေလီဝေလင်းအလှဟာ Daisy အပြည့်ခင်းထားရာ လမ်းထက်က ဂျလေဘီလေညှင်းများစွာနဲ့နေခြည်တွေဝင်းပဖြာ ဗြဟ္မာကြီးတွေထပ်မြည်းစမ်းချင်လောက်တဲ့ မြေဆီမြေနှစ်အရသာ။
ခရစ်စမတ်မှာတော့ မဟုတ်ခဲ့ဘူးပျော်ရွှင်မှုရဲ့ အ​ဖြေသည် ငွေဒင်္ဂါးများ ။
ငါတို့ဘော်ဒါတွေငယ်စဥ်က ခရစ်စမတ်အကြောင်း ကို အခြေတည်၍အငြင်းပွားကြ ။
မေရှိယမွေးဖွားလာဖို့ Gabrielဆင်းကြွကာ
Maryရှေ့သတင်းစကားပါး ADတွေတစ်ခေတ်စလာ။ သူအောင်နိုင်လေပြီ သေခြင်းတရားအား။
ငွေရည်ငွေနှင်းတဖွားဖွားဟာ အပြစ်တရားကို သွေဖီနေခြင်းမျှသာ ...
သူဒီလိုလောကကို အသစ်ပြုပြင်ထားသမျှ...
ငါတို့မှာ အဖြူနဲ့အနက်နဲ့စစ်တုရင်ကစားသမားများကြောင့် မိုးပေါ်ကကျလာမယ့်အရာတွေကိုကြောက်ရွံ့တိုင်း မြေကြီးထဲသာ ကျင်းတူးဝင်ကြရ။
ခုတ်လှဲပြီး အလှဆင်မခံလိုက်ရတဲ့ထင်းရူးပင်များဘဝဟာကြာလာရင် ဝတ္ထုဖြစ်သွားမလား
ဒီလို အတွေးတွေဟာ လျောက်လေလွင့်
ငါ ​သဲမျိုတွင်းမှာ ခြေထောက်တွေနစ်။
အဆိပ်ခတ်ထားတဲ့ငါ့ ဦးနှောက်သောက်ရေတွင်းထဲကရေကို အားလုံးကိုခပ်တိုက်လိုက်မိတဲ့ငါဟာ ဘယ်လောက်သေသင့် ။
သေရင်လည်းငါ့ရဲ့ ခြောက်ပေကျင်း အထက်မှာ ကြဲပက်ပေးပါ ဆောင်းငွေနှင်းနဲ့ မြောက်လေညင်း ။
ငါ စွမ်းသလောက် မြေကြီးပေါ်ကအရာတွေကိုအံတုလို့ခံချခဲ့...
မြေကြီးရဲ့ကျောမှာ ငါ့ လက်သည်းရာ တတ်တူးအချို့ချန်ထားတယ် ။
အမှန်တရားနဲ့ အတ္တအနည်းငယ်လောက်ကိုသာ သံဆူးကြိုးခတ်ထားရဲ့
ပံသုကလာတဲ့ငါ ပျော်ပျော်ကြီး ပံသုသို့ပြန်သွားမယ်

Пікірлер: 206
@sawyannaung2135
@sawyannaung2135 Жыл бұрын
Lyricတွေက ကျစ်လစ်ပြီး သေသပ်လွန်းတယ် ပြောချင်တာတွေကို စိတ်တိုင်းကျ ချိတ်စပ်ပြီးပြောသွားတယ် အံသြဖို့ကောင်းလောက်အောင် စာဖတ်အားနဲ့ အရေးသားက ပါရမီရှင် မှန်းသိသာပါတယ် awesome bro👏👏👏
@mawkhoonthit5748
@mawkhoonthit5748 Жыл бұрын
rhyme တွေကလည်းတကယ်ပါဗျာသေလို့ရတယ် ရုတ်တရက်ဆိုမသိလောက်ဘူး တကယ်သေချာနားထောင်ရင်rhyme တွေကမြှုပ်ထားတာ
@fayfay1999
@fayfay1999 8 ай бұрын
တကယ်ဗျာ ဒီလောက်ပြစ်နစ်နေအောင်ဆက်တက်တာ မတွေ့ဖူးဘူး
@Jessssss_y8j
@Jessssss_y8j 26 күн бұрын
Jesus please save him . Jesus jesus jesus is be with you.
@homli-z2e
@homli-z2e Жыл бұрын
ဒီဘဲက Next Level ကိုရောက်နေပီ။ ❤
@neon1515
@neon1515 Жыл бұрын
Y cube ကတော့တစ်ချက်ကလေးမှ Skill မလျော့သွားဘူး စောက်ရမ်းကြမ်းတယ် On fire Y Cube
@LaingKhant-gv4uk
@LaingKhant-gv4uk 10 ай бұрын
ကောင်းလိုက်တဲ့ ကာရံ နဲ ့flow❤
@enzomexfu
@enzomexfu Жыл бұрын
Y-CUBE is one of the Burmese rappers who can make words and rap songs with many essences. I'm really in love with him and his music.❤
@CM99923
@CM99923 Жыл бұрын
ဒါကြီးက goatအဆင့်ဖြစ်နေပီကွာ..
@zen5916
@zen5916 Жыл бұрын
ဟုတ်ပါ့
@pai7207
@pai7207 Жыл бұрын
လုပ်ဂီး လား
@harrythet
@harrythet Жыл бұрын
ဆဲတဲ့ကောင်တွေမင်းမေလိုးလား
@pyaephyo7734
@pyaephyo7734 Жыл бұрын
@@Neonnofficialchannelမင်းလုပ်ထားတဲ့ rap တစ်ပုဒ်လောက် ပြကြည့်လေ 😂
@NightWalkers2023
@NightWalkers2023 Жыл бұрын
God လောက်ဆိုရင်တောင်လက်ခံလိုက်မယ်..goatဆိုတာတော့ မဖြစ်နိုင်သေးဘူး ...ဆက်ကြိုးစား နောက်သီချင်း‌ေတွမfailအောင်
@mawkhoonthit5748
@mawkhoonthit5748 Жыл бұрын
Y CUBE ရဲ့သီချင်းအသစ်ထွက်တိုင်းနားထောင်ဖြစ်တယ်အမြဲ ဒီဘဲသီချင်းက သုတရော ရသပါပေးတယ်
@k3nnt4
@k3nnt4 Жыл бұрын
နောက်ခါဆို စကေးလျော့သုံးကွာ မင်းစားသားတွေကငါတို့ညာဏ်မှီတာထက်ပိုမိုက်နေတယ်
@kopaing6996
@kopaing6996 Ай бұрын
ဒီflowဒီစာသားကိုဘယ်ကောင်မှမရေးနိုင်ဘူးး စာသားကပညာတွေရတယ်
@yehtet9990
@yehtet9990 2 ай бұрын
Lyrical Genius Y cube 🎉🎉🎉
@Flakkon-Kachin
@Flakkon-Kachin Жыл бұрын
Y-Cube is always Y -Cube .
@liammining
@liammining 3 ай бұрын
Y CUBE the GOAT ဉာဏ်ရည်မှီပြီး နားပါတဲ့လူတိုင်းသိပါတယ်ကွာ ဒါကြီးက သာမာန် level မဟုတ်ဘူးဆိုတာ
@liammining
@liammining Жыл бұрын
Best rapper in Myanmar right now
@ykim3920
@ykim3920 Жыл бұрын
The Best Rapper in this 21st century era of Burma rap
@MyoZaw-o3c
@MyoZaw-o3c Ай бұрын
Bro Y Cube အရင်တည်းကကြိုက် 3yr ago တည်းကို သောက်ရမ်းကြိုက်ခဲ့တာ❤
@KoKo-ll6jw
@KoKo-ll6jw 3 ай бұрын
Greatest of all time🎉❤❤❤
@ZawLinHtut-p4y
@ZawLinHtut-p4y 11 ай бұрын
ohh y tube ရယ် good လိုက်တာ 🎉❤❤
@kghtetkyaing1459
@kghtetkyaing1459 Жыл бұрын
Obviously one of the greatest lyricist of our generation ..... I Glad you're here doing your things ... Keep it going, Cube. BTW the sampling is straight fire ASF.
@Freeburmainfo
@Freeburmainfo Жыл бұрын
Y CUBE is one of the bestest lyrical rapper in Burma. Burma မီးတောက် 🇲🇲🔥
@nguwaraung-jb6mw
@nguwaraung-jb6mw 18 күн бұрын
ရေလည်မ်ုက်❤
@muttley4483
@muttley4483 2 ай бұрын
Khaing myal verse 😮
@CyanFinch-di8ym
@CyanFinch-di8ym Ай бұрын
Y-CuBe 🤝
@KaungHsuAungAung
@KaungHsuAungAung Жыл бұрын
ကြမ်း 🖤
@shinehtet5333
@shinehtet5333 10 ай бұрын
god level❤
@butterfly-r2x
@butterfly-r2x Жыл бұрын
သူ့သီချင်းတိုင်း အနှစ်ချည်းတွေ။ နားထောင်တဲ့လူတောင် တချို့စာသားအဓိပ္ပါယ်‌ မနည်းတွေးယူရတယ်။ သီချင်းရဲ့ရည်ရွယ်ချက်အောက်မှာ စနစ်တကျ ချိတ်ဆက်ထားတဲ့ ကာရံနဲ့ သူမတူတဲ့စာသားရွေးချယ်မှုတွေကတော့ ဩချရလောက်ပါ‌ပေတယ်
@HeinMyintThu-u5f
@HeinMyintThu-u5f 2 ай бұрын
မင်းဟာက သူများတွေ ၅ပုပ်စာရှိတယ်😅
@bunnybomb9388
@bunnybomb9388 Жыл бұрын
That's how full-bar raps looks like!!! Dope
@kopaing6996
@kopaing6996 Ай бұрын
ဘယ်စော်မှမကြိုက်တဲ့သီချင်းမျိုးပဲလုပ် idol ဒါကမှတကယ့်အနှစ်တွေ❤
@danielsanthit9697
@danielsanthit9697 Жыл бұрын
ဟ Holy Mother Fing On Fire bro အကျွမ့်ကြီး❤
@wovrinetheking8338
@wovrinetheking8338 Жыл бұрын
ဂေါ်တယ်ဟ မြန်မာသီချင်း ကြိုက်ဖူးပီ 😮
@KyawwZae
@KyawwZae Жыл бұрын
ညီပုလေး သီချင်းနဲ့Updaterဗျာ GG bro
@MSO2245
@MSO2245 Жыл бұрын
Y cube is something🔥
@sithumoe1456
@sithumoe1456 Жыл бұрын
ကြမ်းပြီး လွင့် ❤
@kaungkaung21
@kaungkaung21 Жыл бұрын
Y-Cube is always doing creative Epic Lyrics ❤ keep going,bro
@woojaychippewa8366
@woojaychippewa8366 Жыл бұрын
Lyrical genius 🫡 Keep going bro!
@officialbyetn6
@officialbyetn6 Жыл бұрын
That's how gods do Also shout out to Lil Smoke
@x6recordlabel641
@x6recordlabel641 Жыл бұрын
💨
@gistuuxay8152
@gistuuxay8152 Жыл бұрын
The best ofall time bro keep going
@Flash-sh6rq
@Flash-sh6rq 2 ай бұрын
ကောင်းတယ်ဗျာ။ bro အားပေးနေတယ် ကာရန်တွေ ချိတ်ဆတ်တာ။
@KaungHtetSan-h4b
@KaungHtetSan-h4b Жыл бұрын
ကျစ်လစ်နေရောပဲဗျာ ❤🎉
@yeminmaw3264
@yeminmaw3264 Жыл бұрын
အ​ရေးထဲမှာ ရုပ်ကဆိုး​သေး ​မွေးကတည်းက ကျုပ်က အကျိုးမ​ပေး အ​မေ့ရဲ့သား ဒုက္ခအိုး​လေး
@PhyoMoe-c1v
@PhyoMoe-c1v Жыл бұрын
ကြိုက်တယ် ဆိုတာထက်ကိုလေးစားပါတယ်လို့သာပြောချင်တော့တယ်ဗျာ.
@faizal9475
@faizal9475 Жыл бұрын
Y Cube!!!!!!!You're so dope every time....
@Kingkong-f6g
@Kingkong-f6g 2 ай бұрын
ဟုတ်တယ်ဟ ကြိုက်တယ်​ဗျာ❤
@ThomasCosmos-v3b
@ThomasCosmos-v3b Жыл бұрын
I don't have words for this song. This is epic
@thuereinaaung1317
@thuereinaaung1317 Жыл бұрын
ခေတ်သစ်ရဲ့ အမိုက်
@mgmyintmyat3389
@mgmyintmyat3389 Жыл бұрын
verry good gii ha
@MGOUStock
@MGOUStock 8 ай бұрын
Nyi pu - Myae Gyee Ko Doke Kha Pay Nay Thu 1yt ❤
@jokerjokerdog6003
@jokerjokerdog6003 Жыл бұрын
❤ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး စောက်ရမ်း Next levelဖြစ်တယ်ဗျာ
@EALIEM-ART
@EALIEM-ART Жыл бұрын
သီချင်းငတ်နေတာ ❤ အရမ်းမိုက်
@shinehtetthu-t6p
@shinehtetthu-t6p 2 ай бұрын
Y cube is Y cube ပါပဲ
@sawlinnaing9844
@sawlinnaing9844 Жыл бұрын
Perfect ❤
@linnpyae1533
@linnpyae1533 5 ай бұрын
Wow awesome rhyme and lyrics bro.
@HEINMAUNG-v7z
@HEINMAUNG-v7z Жыл бұрын
ကြိုက်တယ် 👊
@zinlynnmaung6285
@zinlynnmaung6285 10 ай бұрын
ရှယ်ပဲ ချိတ်ဆက်တဲ့နေရာ god ပါပဲ
@TinTinYee-nv1kn
@TinTinYee-nv1kn Жыл бұрын
စောက်ရမ်းမိုက်တယ်ဗျာ
@rabbitflowmajor8887
@rabbitflowmajor8887 Жыл бұрын
ရက်စက်ချက် အိစက်နေတာပဲ Y cube ရယ်
@sithuaungd8c515
@sithuaungd8c515 Жыл бұрын
တကယ်ကြီး ရှယ်ကြမ်းတာ ညီကိုရာ 💜😘
@gdragon-ep5qz
@gdragon-ep5qz Жыл бұрын
🎉အရမ်းမိုက်တယ် ycube
@aungnaylin9792
@aungnaylin9792 11 ай бұрын
အကျွံကြီး😮
@OoZawMinThein
@OoZawMinThein Жыл бұрын
ကိုယ့်သေတွင်းလေးတူးမိတာကို❤❤❤
@thetkochit
@thetkochit Жыл бұрын
လုံးဝအလွင့်ကြီး😢❤❤
@HtetPaingPhyo-q2x
@HtetPaingPhyo-q2x Жыл бұрын
ကျွတ်စင်ကြီး 🎉❤
@paingheim8095
@paingheim8095 Жыл бұрын
on fire!!!!!!!Keep going bro
@Starstone_lee_bl
@Starstone_lee_bl Жыл бұрын
Greatest poetic rapper Greatest lyrical rapper
@SithuHtut-n2l
@SithuHtut-n2l Жыл бұрын
အရမ်းမိုက်တယ်ဗျို့
@ThanThanHtay-w1n
@ThanThanHtay-w1n Жыл бұрын
lyrical? rhyme? flow? topical? verses? thoughts? beat? This one was pretty dope u deserved the rap star winner #Ycube
@shinewannaaung4574
@shinewannaaung4574 9 ай бұрын
great 👏👏👏
@tkaoksoe5290
@tkaoksoe5290 Жыл бұрын
falling in love with your work day by day
@nhywe
@nhywe Жыл бұрын
ကြမ်း🔥🔥
@nainglin4883
@nainglin4883 Жыл бұрын
ကြမ်းလွန်းတယ်
@htetyaminmyat2579
@htetyaminmyat2579 3 ай бұрын
God dang lyrics
@SuperValeofficial
@SuperValeofficial Жыл бұрын
So good! ❤️❤️
@myintmyatthway9200
@myintmyatthway9200 Жыл бұрын
ကြမ်း
@kaunghtet5942
@kaunghtet5942 Жыл бұрын
Good dl tr gyi ❤
@KANE99XXL
@KANE99XXL Жыл бұрын
Arrrr dammmm on fire Lyrises touch my heart in deep.
@sheingyi7798
@sheingyi7798 Жыл бұрын
Rap Super Star ပြိုင်ပွဲထဲက ကြိုက်ခဲ့သော ညီလေး
@chitkyi2591
@chitkyi2591 Жыл бұрын
အကြိုက်ဆုံးrapper
@VivoVivo-gy8oj
@VivoVivo-gy8oj Жыл бұрын
စာလုံးတွေက လိုက်တောင်မမီဘူး အတော်လေ့လာပုံရတယ် next gen မျက်နာမငယ်ရဘူးအဲ့လိုလူရှိတာ
@shinewannaaung4574
@shinewannaaung4574 6 ай бұрын
မိုက်တယ် အကို💗
@MinYanHein
@MinYanHein Жыл бұрын
‌ရူးပြီ ဘရိုရေ 🔥
@hanhtoosan4718
@hanhtoosan4718 Жыл бұрын
Still Y cube ❤️‍🔥
@waiphyoepaing1957
@waiphyoepaing1957 6 ай бұрын
Y cubeရဲ့မြေကြီးကရေးထားတာစောက်ရမ်းမိုက်တယ် စောက်တောသားတေကြားထဲမရောက်ပါစေနဲ့ပဲမျော်လင့်တယ်❤
@SiriusBlack-no2fn
@SiriusBlack-no2fn Жыл бұрын
Y CUBEEEEEEEEEEEEEEEEEEEEEEEEEEEEEEEEEEEE
@chanko6623
@chanko6623 Жыл бұрын
I have never listened to a song with such good meaning in my life This is Frist Time It's Y CUBE No counter So Fucking good
@shinelinnaung1746
@shinelinnaung1746 Жыл бұрын
ထွက်သမျှ ကြမ်းပြီးရင်း ကြမ်းလာတဲ့ လူသား❤️‍🔥
@khantkoko9698
@khantkoko9698 11 ай бұрын
လုံးဝမိုက်
@htzl1230
@htzl1230 8 ай бұрын
Nice best song
@minheinkyaw6577
@minheinkyaw6577 2 ай бұрын
WTF! Nothing to say bro.Your the one of the best rapper in Myanmar 🤟🔥
@soeverygoodnhlaing44
@soeverygoodnhlaing44 Жыл бұрын
u got power brother
@shannlay2602
@shannlay2602 Жыл бұрын
စောက်ရမ်းမိုက်တဲ့ Y cube ....
@NyeinChanThu-rb4mf
@NyeinChanThu-rb4mf 7 ай бұрын
အားပေးရတာတန်တယ်✌
@moeyan2034
@moeyan2034 Жыл бұрын
holy shit man! u always bring a masterpiece to your audience.....
@thanzinhtut6169
@thanzinhtut6169 Жыл бұрын
ဂျွတ်တယ်
@eyefunny28
@eyefunny28 11 ай бұрын
❤❤❤
@sobimax1998
@sobimax1998 10 ай бұрын
မမှီလိုက်ဘူး 😢
@MMH2703
@MMH2703 9 ай бұрын
Good lyrics
@mgaungkyaw-j9e
@mgaungkyaw-j9e 5 ай бұрын
အေး Y cube ရေ ဆက်လုပ်ကွာ ဖြစ်နိုင်ရင် Eng title လေးပါ ထိုးပေး။
@lattlotegin6343
@lattlotegin6343 Жыл бұрын
ycube lyric တွေကအနှစ်တွေ
@fayfay1999
@fayfay1999 7 ай бұрын
ဒီလိုကောင်းတာတွေရော ဒိီထက်ကောင်းတာတွေရော မျှော်နေတယ်broရေ
ဒီလောက်ပဲလား - Y Cube
4:14
So Pyay
Рет қаралды 168 М.
To Brawl AND BEYOND!
00:51
Brawl Stars
Рет қаралды 17 МЛН
Quando A Diferença De Altura É Muito Grande 😲😂
00:12
Mari Maria
Рет қаралды 45 МЛН
Lil'Z  - Fall in Love (Official Video)
4:09
Lil’Z
Рет қаралды 6 МЛН
Y Cube - 3 Years Ago Today (Official Lyric Video)
6:47
Y CUBE
Рет қаралды 384 М.
Lanbar vs Frenzo ?  Knockout  - Reaction Video
14:10
Shinelayz
Рет қаралды 254 М.
Khaing Myal Kyaw Swar - ကျော်စွာ ၁၀၀ (The 100) [Official Video]
4:26
"Knockout' Official Music Video
6:59
Iamhiphop mm
Рет қаралды 632 М.
To Brawl AND BEYOND!
00:51
Brawl Stars
Рет қаралды 17 МЛН