Рет қаралды 1,589
မြန်မာ့အရေးလေ့လာသူ သုတေသီ ဦးတင်မောင်သန်း ( သင့်ဘဝ ) နှင့် တွေ့ဆုံမေးမြန်းခြင်း။
..........
NLD၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီသည် ၂၀၂၁ - ၂၀၂၆ ကာလအတွက် မည်သို့သော အစိုးရဖွဲ့စည်းမှုဖြင့် ပွဲထွက်လာမည်နည်း။
သမ္မတ အဖြစ် ရိုးရိုးအေးအေးပုဂ္ဂိုလ်ကိုပင် ခန့်မည် သို့မဟုတ် ထက်ထက်မြက်မြက်ပုဂ္ဂိုလ်ကိုပင် ခန့်အပ်မည်လော။
ဝန်ကြီးချုပ်များနေရာအတွက် တိုင်းရင်းသားပါတီများကို ကမ်းလှမ်းမည်လော၊ သို့မဟုတ်တိုင်းရင်းသားပုဂ္ဂိုလ်များကို တစ်ဦးချင်းကမ်းလှမ်းမည်လော။
ဝန်ကြီးချုပ်၊ မြို့တော်ဝန် အပေးအယူ အတွဲအစပ်မည်မျှ အရေးကြီးသနည်း။
လာမည့်ငါးနှစ်တာ အစိုးရဆီမှ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်များကို ပြည်သူများ ရူမြင်ရမည်လော။
အစရှိသည်တို့ကို ယခု တွေ့ဆုံမေးမြန်း ဆွေးနွေးခန်းအစီအစဉ်တွင် The Voice Journal အယ်ဒီတာ ရဲနိုင်ဦးက မြန်မာ့အရေးလေ့လာသူ သုတေသီ ဦးတင်မောင်သန်း ( သင့်ဘဝ ) နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။