အာဏာသိမ်းစစ်တပ်ပစ်ခတ်ခံရပြီး စစ်သားတစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံး | MAWKUN

  Рет қаралды 1,161

MawKun Magazine

MawKun Magazine

5 ай бұрын

ရေစကြိုမှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်ခံရပြီး စစ်သားတစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံး
ရေစကြို - ၂၀၂၄ ဖေဖော်ဝါရီ ၉ (မော်ကွန်း)
မကွေးတိုင်း၊ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာကနေ ဒီကနေ့ နံနက် ဆိုင်ကယ်တစ်စီး၊အိမ်စီးကားတစ်စီးနဲ့ ပခုက္ကူဘက်ကိုထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆိုင်ကယ်ပေါ်က စစ်သားတစ်ဦးနဲ့ ပျူစောထီးတစ်ဦး နေရာတင်သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂၊ သတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
"ဆင်ချောင်းပျူရွာကနေ ပခုက္ကူဘက်ကိုထွက်လာတဲ့စစ်သားတွေကို လက်ဦးမှုရယူပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ၊အိမ်စီးကားပေါ်မှာ ငါးယောက်ပါတယ်၊ဆိုင်ကယ်ပေါ်မှာနှစ်ယောက်၊ဆိုင်ကယ်ပေါ်က စစ်သားတစ်ဦးနဲ့ ပျူတစ်ဦးနေရာတင်သေတယ် "လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်စစ်သားတွေနဲ့ ပခုက္ကူရေစကြိုကားလမ်းတစ်နေရာမှာ နာရီဝက်ကြာ အပြန်အလှန်
ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးစစ်သားရဲ့ G3 သေနတ်တစ်လက်၊သေဆုံးပျူရဲ့ ကာဘိုင်သေနတ်တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂က သတင်းထုတ်ပြန်ထားပါတယ်။
"ကျွန်တော်တို့ ပစ်နေတဲ့အချိန်မှာကားပေါ်မှာပါတဲ့စစ်သား ငါးယောက်က ပြန်ပစ်တာရှိတယ်၊ တအားကြီးပြန်မပစ်နိုင်ဘဲ ပြန်ပစ်ပြီးချက်ချင်းပြန်လှည့်ပြန်သွားတယ်၊ အလောင်းကတော့သူတို့မရလိုက်ဘူး၊ ဆိုင်ကယ်လည်း ထားသွားတယ် "လို့ သတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
ကားပေါ်ပါ အာဏာသိမ်းစစ်တပ်စစ်သားတွေထိခိုက်သေဆုံးမှုကိုအတည်မပြုနိုင်သေးပါဘူး။
အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပ.က.ဖ ၊ Southern Yesagyo PDF နဲ့ ပခုက္ကူမြို့နယ် ပ.က.ဖ တပ်ခွဲ(၂) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။

Пікірлер
- А что в креме? - Это кАкАооо! #КондитерДети
00:24
Телеканал ПЯТНИЦА
Рет қаралды 7 МЛН
Clowns abuse children#Short #Officer Rabbit #angel
00:51
兔子警官
Рет қаралды 73 МЛН
Cat Corn?! 🙀 #cat #cute #catlover
00:54
Stocat
Рет қаралды 16 МЛН
Mapping the Trump Shooting
6:12
fern
Рет қаралды 13 МЛН
Family Guy Roasting Different Countries
17:29
BOB ROSS
Рет қаралды 13 МЛН
ကျော်မင်းခန့် စေတနာ is live!
ကျော်မင်းခန့် စေတနာ
Рет қаралды 1,4 М.
- А что в креме? - Это кАкАооо! #КондитерДети
00:24
Телеканал ПЯТНИЦА
Рет қаралды 7 МЛН