အဆစ်အမြစ်ရောင်ဂေါက်ရောဂါအကြောင်းသိကောင်းစရာ (ကျန်းမာရေးပညာပေး အသံလွှင့်ဆောင်းပါး)

  Рет қаралды 556

Ayeyarwaddy Times

Ayeyarwaddy Times

15 күн бұрын

အဆစ်အမြစ်ရောင်ဂေါက်ရောဂါအကြောင်းသိကောင်းစရာ (ကျန်းမာရေးပညာပေး အသံလွှင့်ဆောင်းပါး)
ဆောင်းပါးရှင် - ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဇွန် ၂၆ ရက်)
ဧရာဝတီတိုင်းမ် သတင်းဌာနက အပတ်စဉ် တင်ဆက်နေတဲ့ "ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း" (ကျန်းမာရေးအသိပညာပေးကဏ္ဍ) ကနေ ကြိုဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ဆောင်းပါးရှင်ဒေါက်တာမိုးသစ်နေရဲ့ "အဆစ်အမြစ်ရောင် ဂေါက်ရောဂါအကြောင်းသိကောင်းစရာ" ကျန်းမာရေးဆောင်းပါးကို အသံလွှင့် တင်ဆက်ထားပါတယ်။
အဆစ်အမြစ်ရောင်ရမ်း‌ ဂေါက်ရောဂါက မြန်မာတွေမှာအတွေ့ရများပြီး အသက် ၃၀ ကနေ ၅၀ ကြားရှိတဲ့ အမျိုးသားတွေမှာ ဂေါက်ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားကာ ရုတ်တရက် အဆစ်အမြစ်တစ်ခု ရောင်ရမ်း၍ နီရဲခြင်းနှင့်အတူ ဆိုးရွားရွားနာကျင်ခြင်းကို ခံစားရတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
အဆစ်အမြစ်ရောင်ရမ်း‌ဂေါက်ရောဂါဟာ သွေးအတွင်းမှာယူရစ်အက်စစ် ပမာဏ များပြားလာတဲ့အခါ အဆစ်အတွင်းမှာရှိတဲ့ အရည်ထဲမှာအပ်ချောင်းပုံသဏ္ဍာန်ရှိတဲ့ ယူရိတ်အမှုန်လေးတွေအဖြစ် အနည်ကျပြီး အဆစ်အတွင်းသားအလွှာကို ထိုးဆွ ရောင်ရမ်းစေတာလို့ ဒေါက်တာမိုးသစ်နေက ဆိုပါတယ်။
ဂေါက်ရောဂါနှင့် နောက်ဆက်တွဲပြဿနာတွေအဖြစ် အရေပြားအဖုထခြင်း၊ ဆီးကျောက် တည်ခြင်းတို့လို နောက်ဆက်တွဲပြဿနာတွေမဖြစ်စေဖို့အတွက် အစားအသောက်ဆင်ခြင် ဖို့လိုအပ်ပါတယ်လို့ ဆောင်းပါးရှင်က တိုက်တွန်းထားပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အဆစ်အမြစ်ရောင်ဂေါက်ရောဂါ #ကျန်းမာရေးအသံလွှင့်ဆောင်းပါး #Ayeyarwaddy_Times

Пікірлер
Вечный ДВИГАТЕЛЬ!⚙️ #shorts
00:27
Гараж 54
Рет қаралды 14 МЛН
🤔Какой Орган самый длинный ? #shorts
00:42